Wednesday, July 29, 2015

မေ့တတ်တဲ့လူတွေကို သတိပေးမဲ့ Trakkies




trakkies လူတိုင်းမှာ သတိမေ့တတ်ခြင်းဆိုတာ အနည်းနဲ့အများတော့ ဖြစ်တတ်ကြပါတယ်။ အလုပ်အရမ်းများလို့ပဲ ဖြစ်ဖြစ် ၊ သတိမထားမိလို့ပဲဖြစ်ဖြစ် မိမိအပြင်သွားတဲ့အခါ မိမိရဲ့ အသုံးဆောင်ပစ္စည်းအချို့ ရံဖန်ရံခါမှာ မေ့ကျန်နေတတ်ကြပါတယ်။ ဒါတွေအားလုံးအတွက် Bluetooth Device လေးတစ်ခုက သင့်ကို ကူညီပါလိမ့်မယ်။ အရွယ်အစားသေးငယ်ပြီး သင့်ရဲ့ ပိုက်ဆံအိတ် သို့မဟုတ် ကျောပိုးအိတ်တို့မှာ သော့ချိတ်အနေဖြင့် ချိတ်ဆက်သယ်ဆောင်သွားနိုင်ပါတယ်။ Trakkies Bluetooth Devices လေးဟာ  ဒင်္ဂါးပြား အရွယ်အစားသာရှိပေမဲ့ မိမိ ကျန်ရစ်ခဲ့တဲ့ ပိုက်ဆံအိတ် ၊ သော့ ၊ စာအုပ် ၊ ကင်မရာ ၊ မိုဘိုင်းဖုန်း အစရှိတဲ့ ပစ္စည်းတွေ မိမိနဲ့ ဝေးရာမှာ ကျန်ရစ်ခဲ့ရင် သတိပေးနိုင်မဲ့ Bluetooth Device လေးဖြစ်ပါတယ်။
Trakkies ကို အမျိုးအစားနှစ်မျိုးဖြစ်တဲ့ TRAKKIE.MICRO နဲ့ TRAKKIE.TAG ဆိုပြီး ထုတ်လုပ်ထားပါတယ်။ Trakkie.micro ကတော့ ပေ ၅၉၀ ကွာဝေးသွားခဲ့ရင် အချက် ပေးမှာဖြစ်ပြီး 13 LED နှင့်သာမက အသံနှင့်ပါ အချက်ပေးမှာဖြစ်ပါတယ်။ Trakkie.micro ရဲ့ ဘက်ထရီသက်တမ်းဟာ ၁၈ လ သက်တမ်းရှိပြီး ရေဆိုခံနိုင်စွမ်းလည်း ရှိပါတယ်။ နောက်ထပ် Trakkie.tag ကတော့ ပေ ၂၃၀ ကွာဝေးသွားတဲ့အခါ အချက်ပေးမှာဖြစ်ပြီး 5 LED တစ်မျိုးတည်းဖြင့်သာ အချက်ပေးမျာဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းအနေနဲ့ ၈ လ သက်တမ်းရှိပြီး ရေဆိုခံနိုင်စွမ်းရှိပါတယ်။
Trakkeis နှစ်မျိုးစလုံးကို မိမိရဲ့ Smart Phone တွင် Trakkies ရဲ့ application ကို install ပြုလုပ်ကာ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပါတယ်။  မိမိလိုအပ်တဲ့ ပစ္စည်းအမည်များကိုလည်း Trakkeis application ထဲတွင် မိမိစိတ်ကြိုက် ထည့်သွင်းထားနိုင်ပြီး သတ်မှတ်ထားသည့် အကွာအဝေးအတိုင်း  Trakkeis Bluetooth Device နှင့် ဝေးကွာသွားပါက မိမိအား အချက်ပေးမှာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ရောင်းဈေးကတော့ ခန့်မှန်းခြေ ၃၉ ဒေါ်လာနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။
Ref : Daily Mail
Aung Ko Htet (MMAS)
#akh_mmas

No comments:

Post a Comment