Tuesday, July 21, 2015

မိုဘိုင်းဖုန်း Screen နည်းပညာများအကြောင်း


 
 
 
 
 
 
မိုဘိုင်းဖုန်းများတွင် ရုပ်ထွက်အရည်အသွေးပိုင်း ပိုမိုကောင်းမွန် လာစေရန်အတွက် Display နည်းပညာမျိုးစုံကို အသုံးပြုထုတ်လုပ်လျက်ရှိပြီး တစ်မျိုးထက် တစ်မျိုးဆန်းသစ်ပြီး မြင့်မားသည့် နည်းပညာများ အသုံးပြုလာကြသည်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုပေါ့ပါးသည့် ဖုန်းအမျိုးအစားများ၊ မြင်ကွင်းအရွယ်အစား ကြီးမားသည့် ဖုန်းအမျိုးအစားများ၊ မြင်ကွင်းပုံစံ ဆန်းပြားသည့် ဖုန်းအမျိုးအစားများ များစွာထွက်ပေါ်လာသည်။ ဖုန်းမြင်ကွင်း အကြီးအသေး ဆိုဒ်မျိုးစုံအလိုက် မြင်ကွင်းများ၏ ထောက်ပံ့လုပ်ဆောင်နိုင်စွမ်း ရုပ်ထွက်အရည်အသွေး (resolution) မျိုးစုံရှိမည်ဖြစ်သည်။ မြင်ကွင်းကြီးမားတိုင်းလည်း ရုပ်ထွက်ပိုင်း ကောင်းမွန်သည် မဟုတ်ပေ။ အချို့မြင်ကွင်း ကြီးမားပြီး ရုပ်ထွက်ပိုင်း မကောင်းမွန်ကြသလို မြင်ကွင်းသေးသေးနှင့် ရုပ်ထွက်ပိုင်း မြင့်မားကောင်းမွန် လှသည်များလည်း ရှိလေသည်။ မြင်ကွင်း၏ ရုပ်ထွက်ပိုင်းကို pixel နှင့်ဖော်ပြလေ့ရှိပြီး အလျားနှင့် အနံပေါင်းခြင်းတွင်ရှိသည့် pixel ပမာဏပေါ်မူတည်၍ အဆိုပါ မြင်ကွင်း၏ ရုပ်ထွက်ပိုင်းကောင်း မကောင်းကို သိရှိနိုင်မည်ဖြစ်သည်။ ဥပမာ- WXGA Display (1280x800) ရှိမည်ဖြစ်ပြီး ကွင်းအတွင်းမှ ကိန်းကဏန်းပမာဏသည် အလျားနှင့်ဒေါင်းလိုက် မြှောက်ခြင်းဖြင့် ရရှိနိုင်မည့် pixel ပမာဏဖြစ်သည်။


Android OS စနစ်သုံး စမတ်ဖုန်းများတွင် အသုံးပြုသည့် မြင်ကွင်း resolution ဆိုင်ရာများကို လေ့လာကြည့်မည်ဆိုလျှင် QVGA (240x320) ၊ HVGA (320x480)၊ WVGA (480x800) ၊ qHD (540x960) ၊ HD (1280x720)၊ FHD (1920x1080) ၊ QHD (1440x2560) ၊ WXGA (1280x800) ၊ WQXGA (2560x1600) ဟူ၍ အခြေခံအားဖြင့် သိရှိနိုင်မည်ဖြစ်ပြီး လက်ရှိ Android စမတ်ဖုန်းများတွင် အသုံးများသည့် မြင်ကွင်းဆိုင်ရာ ရုပ်ထွက်အရည်အသွေး pixel ပမာဏများ ဖြစ်သည်။ ယနေ့ခေတ်၌ ၅ လက်မအ ရွယ်အစားရှိသည့် မိုဘိုင်းဖုန်းတစ်လုံးကို ကြည့်မည်ဆိုလျှင် 720p (pixel) ရှိသည် HD ရုပ်ထွက် အရည်အသွေးကနေ 1080p HD အရည်အသွေးရှိ Display ကို အသုံးပြုထားသည့်ကို အကြမ်းမျဉ်းအားဖြင့် တွေ့ရှိရမည်ဖြစ်ပြီး နောက်ဆုံးထွက်ရှိထားသည့် မော်ဒယ်မြင့် စမတ်ဖုန်းများ၌ ထို့ ထက်ကောင်းမွန်သည့် အရည်အသွေးများကို ပိုင်ဆိုင်ထားမည် ဖြစ်သည်။



Mobile Phone များတွင် အသုံးများသော Screen များ



VGA/ HVGA/ WVGA

လွန်ခဲ့သည့်နှစ်များက Android စနစ်သုံး မိုဘိုင်းဖုန်းများတွင် အသုံးပြုသည့် Video Graphics Array (VGA) Display အမျိုးအစား ဖြစ်သည်။ ပုံမှန် resolution ပမာဏ 640x480 pixels နှင့် 480x640 pixels  ပမာဏ၀န်းကျင် ရှိမည်ဖြစ်ပြီး  HVGA အမျိုးအစား၌ 320x480 pixels ရှိမည်ဖြစ်သည်။ HVGA သည် ပုံမှန် VGA အရွယ်အစား၏ တစ်ဝက်ရှိမည် ဖြစ်သည်။ H သည် Half ကို ကိုယ်စားပြုသည်။ VGA စနစ်တွင် HVGA အပြင် QVGA၊ WVGA၊ FWVGA ဟူ၍ မျိုးခွဲများ စွာရှိသေးသည်။
WVGA Display အမျိုးအစားကို HTC Desire၊ Nexus One၊ Samsung Galaxy S၊ Motorola Droid X စသည့် ဖုန်းများ၌ စတင်အသုံးပြုခဲ့သည်။


XGA






Extended Graphics Array (XGA) Display များသည် ရုပ်ထွက် resolution 1024x768 pixels ထိထောက်ပံ့ နိုင်ကြမည်ဖြစ်သည်။ WXGA သည် XGA ကို အဆင့်မြှင့်လိုက်သည့် Display အမျိုးအစား ဖြစ်ပြီး W သည် ကျယ်ပြန်ခြင်း (Wide) ကို ကိုယ်စားပြုသည်။ ယခုနောက်ပိုင်းတွင် XGA သည် WQXGA ထိ တိုးတက်မြင့်မားလာပြီး ရုပ်ထွက် resolution အား 2560x1600 ထိ ထောက်ပံ့ပေး နိုင်သည်။ WQXGA ၏ W သည် ပိုမိုကျယ်ပြန့်ခြင်း (Wider) နှင့် Q သည် လေးဆ (Quad) ကို ကိုယ်စားပြုသည်။
WXGA Display အမျိုး အစားကို Nexus 4၊ LG Optimus G စသည့် ဖုန်းများ၌ စတင်အသုံးပြုခဲ့ပြီး WQXGA ကို Nexus 10 တွင် အသုံးပြုခဲ့သည်။



WQXGA


Wide Quad Extended Graphics Array (WQXGA) Display သည် ရုပ်ထွက်အရည် အသွေး resolution ကို  2560x1600 pixels ထိ ထောက်ပံ့ ပေးနိုင်မည်ဖြစ်သည်။ WQXGA Display ကို ၂၀၁၂ ခုနှစ် Samsung မှ ထုတ်လုပ်သည့် Nexus 10 တွင် စတင်အသုံးပြုခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ထွက်ရှိခဲ့သည့် Samsung Galaxy Tab S ၊ Galaxy Tab 10.1 (2014 edition) တို့၌ အသုံးပြုခဲ့ သည်။
qHD/ HD/ FHD

၂၀၁၁ ခုနှစ်ထုတ် high-end အမျိုးအစား စမတ်ဖုန်းများတွင် အသုံးပြုလာသည့် Display နည်းပညာတစ်ခုဖြစ်ပြီး qHD ၏ q သည် HD ၏ လေးပုံပုံတစ်ပုံ (one-quarter) ကို ကိုယ်စားပြုသည်။  qHD သည် resolution 540x960 ထိ ထောက်ပံ့ပေးနိုင်ပြီး HD သည် ရုပ်ထွက် resolution 1280x720 pixels ရှိမည်ဖြစ်သည်။


၂၀၁၂ ခုနှစ် ထုတ် စမတ်ဖုန်းများတွင် resolution 1280x720 ထိ ထောက်ပံ့ပေးနိုင်သည့်  HD Display အား အသုံးပြုထားပြီး မြင်ကွင်းအရွယ်အစား ၄ လက်မ နှင့်အထက် စမတ်ဖုန်းများတွင် HD Display များကို ပုံမှန်အသုံးပြု လာကြသည်။ FHD Display (Full HD) အမျိုးအစား မြင်ကွင်းများကို ၂၀၁၃ ခုနှစ်ထုတ်ဖုန်းများတွင် အသုံးပြုလာပြီး resolution 1920x1080 pixels ထိထောက် ပံ့ပေးနိုင်မည် ဖြစ်သည်။ resolution 1080p pixels အမျိုးအစားအား True HD ဟု ခေါ်တွင်ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် 1080p Display အသုံးပြုထားသည့် ဖုန်းများကို ထွက်ပေါ်လာသည်။


qHD Display အမျိုးအစားကို HTC Sensation၊ LG Optimus G စသည့်မိုဘိုင်း ဖုန်းများနှင့် FHD Display များအား Samsung Galaxy S4၊ Nexus 5 နှင့် LG G2 စသည့် ဖုန်းများ၌ စတင်အသုံးပြု ခဲ့သည်။



Quad HD





ပုံမှန် 720p အရည်အသွေး၏ ၂ ဆ သို့မဟုတ် ၄ ဆ ပိုမိုကောင်းမွန်သည့် resolution ပမာ ဏဖြစ်သည့် Quad HD သည် resolution 1440x2560 pixel အရည်အသွေးရှိ ရုပ်ထွက်ကို ရရှိနိုင်မည်ဖြစ်သည်။ Quad HD မြင်ကွင်းအမျိုးအစားကို OPPO မှ ၎င်း၏ Find 7 ဖုန်းတွင် စတင်အသုံးပြုခဲ့ပြီး LG ကလည်း  G3 မော်ဒယ်စမတ်ဖုန်းတွင် စတင်အသုံးပြုခဲ့သည်။ ထို့ပြင် Nexus 6 နှင့် Samsung Galaxy Note 4 တို့၌ Quad HD Display ကို အသုံးပြုထားသည်။


IPS-NEO




IPS-NEO ဆိုတာကတော့ Huawei ကနေ နောက်ဆုံး  P8 မော်ဒယ်စမတ်ဖုန်းမှာ အသုံးပြုထားတဲ့ Display နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနည်းပညာက IPS Display နည်းပညာကို အဆင့်မြှင့်တင်ထားတဲ့ နည်းပညာ တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီ Display နည်းပညာကို Japan Display Inc. (JDI) ကနေ မိုဘိုင်း ထုတ်ကုန်တွေအတွက် တီထွင်ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။

IPS-NEO Display တွေက မြင့်မားတဲ့ Contrast နဲ့ မြင့်မားတဲ့ ပုံရိပ် အရည်အသွေးတွေကိုဖော် ဆောင်ပေးနိုင်ပါတယ်။ IPS Display တွေက မြင့်မားတဲ့ ပုံထွက်အရည်အသွေးနဲ့ ကျယ်ပြန်တဲ့ရှုထောင့် (View Angle) ကိုကောင်းစွာ ထောက်ပံ့ပေးနိုင်ပါတယ်။ IPS နည်းပညာနဲ့ တွဲဖက်ဖန်တီးထားတဲ့ IPS-NEO Display တွေကတော့  ပုံရိပ်တွေကို မြင့်မားကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးအပြင် အနက်စစ်လို မြင့်မားတဲ့ကာလာ အရည်အသွေးကို မည့်သည့်ရှုထောင်ကမဆို ပြောင်းလဲခြင်းမရှိဘဲ ခံစားကြည့်ရှုနိုင်စေမှာ ဖြစ်ပါတယ်။ IPS-NEO Display တွေက IPS Display တွေ ထုတ်လုပ်သလိုမျိုး ထုတ်လုပ်မှုအဆင့် မများအောင် ဖန်တီးထားတာဖြစ်ပြီး သူ့မှာ TLC (transmissive liquid crystal) လို့ခေါ်တဲ့ လျှပ်စစ်ကူး ပြောင်းမှုနှုန်းပုံမှန်ထက် ၁၀ ရာခိုင်နှုန်း ပိုမိုလျော့နည်းတဲ့ နည်း ပညာကို အသုံးပြု ထုတ်လုပ်ထားပါသေးတယ်။ Tablet PC နဲ့ Notebook ဈေးကွက်အတွက် JDI ကအခုနောက်ပိုင်းမှာ အရွယ်အစားအသေး၊ အလတ်ဆိုဒ်ရှိတဲ့ Display တွေကို ထုတ် လုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ Monitor နဲ့ All-in-One PC တွေမှာ ဒီ Display နည်းပညာတွေကို စတင်အသုံးပြုခဲ့ပါတယ်။ မိုဘိုင်းဖုန်းတွေမှာတော့ IPS-NEO နည်းပညာ အသုံးပြုထုတ်လုပ်ထားတဲ့ Display တွေက ပုံမှန် IPS နည်းပညာသုံး Display တွေထက် ပါဝါသုံးစွဲမှု လျော့နည်းပြီး ပုံရိပ်တွေကို သဘာဝကျတဲ့ ကာလာအရည်အသွေးနဲ့ ပုံဖော်ပေးနိုင်တဲ့အပြင် မည်သည့်ရှုထောင့်ကမဆို ကြည့်ရှုခြင်းအတွက် ပြောင်းလဲမှုမရှိတဲ့ ရုပ်ထွက်ကာလာကို ခံစားရမှာလည်း ဖြစ်ပါတယ်။
 

 Retina Display




Apple မှ ထုတ်လုပ်သည့် iPhone၊ iPod Touch၊ iPad၊ MacBook Pro၊ iPad Mini၊ iPad Air ၊ iMac စသည်တို့တွင် အသုံးပြုထားပြီး ရုပ်ထွက်အရည်အသွေး pixel ကို အနိမ့်ဆုံး 218 PPI မှ အမြင့်ဆုံး 401 PPI ထိ ထောက်ပံ့ပေးနိုင်သည်။ iPhone 6 Plus သည် resolution 401 PPI ထိ ထောက်ပံ့ပေးနိုင်သည်။
 
 
LTPS LCD
 
 
 
LTPS LCD ဆိုတာကတော့ ခုနောက်ပိုင်းမှာ ပေါ်ပြူလာဖြစ်လာတဲ့ Display နည်းပညာတစ်ခုပါ။ LTPS ရဲ့အရှည်ကတော့ Low temperature polysilicon ဖြစ်ပါတယ်။ ဒီနည်းပညာကို a-Si TFT LCD လို့လဲ ခေါ်ဝေါ်သုံးနှုန်း ပါသေးတယ်။ ဒီ LTPS LCD Display တွေက pixels တွေကို ပိုမိုနီးကပ် စွာနဲ့ပုံဖော ပေးနိုင်တဲ့အပြင် pixels ရဲ့ သိပ်သည်းဆကို 200dpi နဲ့အထက်ထိကို လက်ခံဆောင်ရွက်နိုင် စွမ်းရှိပါတယ်။ အဲဒီလိုလုပ်ဆောင် နိုင်တဲ့အတွက် ပုံရိပ်တွေကို အလွန် လျင်မြန်စွာ ပုံဖော်ပေးနိုင်မှာဖြစ်တဲ့အပြင် ကြီးမားကျယ်ပြန်တဲ့ မြင်ကွင်းတွေပေါ်မှာ TFT လို့ခေါ် တဲ့ Thin film Transistors ကိုလည်း ထည့်သွင်းအသုံးပြုနိုင်အောင် ထောက်ပံ့ပေးနိုင် ပါသေးတယ်။ ဒါ့အပြင် AMOLED နည်းပညာအတွက် များစွာထောက်ပံ့ လုပ်ဆောင်ပေးနိုင် ပါသေးတယ်။ AMOLED Display တွေမှာ လိုအပ်တဲ့ မြင့်မားတဲ့ စွမ်းအင်လို အပ်ချက်ကို အပြည့်အဝ ရရှိအသုံး ပြုနိုင်ဖို့အတွက် အဓိကထောက်ပံ့ ပေးတာဖြစ်ပါတယ်။ LTPS နည်းပညာရဲ့ လျှပ်စစ်ကူးပြောင်းနှုန်း က ပုံမှန်စီလီကွန်တစ်ခုကနေ ကူးပြောင်းပေးနိုင်တဲ့ လျှပ်စစ်ကူးနှုန်းထက် အဆပေါင်း ၁၀၀ ကျော် ပိုမိုပေါ့ပါးမြန်ဆန်မှု ရှိလို့လဲဖြစ်ပါတယ်။ မိုဘိုင်း Display တော်တော်များများအတွက် လုံလောက်တဲ့ စွမ်းအင်ပိုင်းဆိုင်ရာကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့အပြင် စွမ်းအင်သုံးစွဲမှုကိုလည်း လျော့ချ ပေးနိုင်ပါတယ်။


စမတ်ဖုန်းတွေရဲ့ ရုပ်ထွက်အရည်အသွေး 1080p ရဲ့ အထက်ကို ရရှိဖို့အတွက်ဆိုရင်တော့ Display တွေမှာ ဒီ LTPS LCD နည်းပညာကို အဓိကနည်းပညာ တစ်ခုအနေနဲ့ ထည့်သွင်းအသုံးပြု ရမှာဖြစ်ပါတယ်။ LTPS ကို LCD Display နဲ့ AMOLED panels တွေမှာ နောက်ခံ backplane နည်းပညာ တစ်ခုအနေနဲ့ တွဲဖက် အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ 1080p အ တွက် LCD အခြေခံ ထုတ်လုပ်ထားတဲ့ Display တွေက a-Si TFT LCD  အခြေခံထုတ်လုပ်တဲ့ Display တွေထက် ၁၄ ရာခိုင်နှုန်း ထုတ် လုပ်မှုစရိတ်ပိုမို များပြားတာ ကြောင့်ဖြစ်ပါတယ်။ အနာဂတ်ရဲ့ မြင့်မားတဲ့ resolution Display အတွက် စွမ်းဆောင်ရည်မြင့် နည်းပညာ တစ်ခုဖြစ်တဲ့ LTPS LCD နည်းပညာကို Gionee က Elife E7 စမတ်ဖုန်းမှာ မြင်နိုင်ပါတယ်။
 
 
Super LCD Display
AMOLED သည် Super AMOLED ၏ ရှေ့ပြေးဖြစ်ပြီး LCD သည်လည်း Super LCD ၏ ရှေ့ ပြေးဖြစ်သည်။ ပုံမှန် LCD Display သည် LCD နှင့် အပြင်ဘက်မှန် ကြား၌ လေဟာနယ်ကြားခံရှိပြီး Super LCD Display သည် ၄င်းလေဟာနယ်ကို ဖယ်ထုတ်ထားသည်။ ယင်းသို့ဖယ်ထုတ် ထားသည့်အတွက် Super AMOLED Display များကဲ့သို့ တောက်ပသည့် မြင်ကွင်းနှင့် စိုပြေကောင်းမွန်သော ရုပ်ထွက်ကို ပြင်ပအလင်းရောင် အောက်တွင် မြင်နိုင်သည့်အပြင် သာမန် LCD ထက် ပိုမိုပါးလွှာကာ စွမ်းအင်ပါဝါ သုံးစွဲမှုလည်း လျော့နည်းမည်ဖြစ်သည်။ Super LCD Display သည် ယခုအခါတွင် Super LCD 2 ၊ Super LCD 3 ဟူ၍ မျိုးဆက်သစ်များ ထွက်ပေါ်လာပြီး Super LCD 3 သည် Super LCD 2 ထက် ပိုမိုတောက်ပသည့် မြင်ကွင်း၊ ပိုမိုကောင်းမွန်သည့် ရှုထောင့် (viewing angles) နှင့် ဗီဒီယိုကြည့်ရှုချိန်၌ ချောမွေ့ ကောင်းမွန်သည့် ရုပ်ထွက်ကို ရရှိနိုင်မည်ဖြစ်သည်။

Super AMOLED Display



OLED ၏ မျိုးဆက်သစ် မြင်ကွင်းဆိုင်ရာ နည်းပညာဖြစ်သည်။ AMOLED Display များသည် OLED Diaplay ထက် ပိုမိုမြင့်မား များပြားသည့် pixels ပမာဏကို ထောက်ပံ့ပေးနိုင်ပြီး LCD ထက် အဆပေါင်း ၁၀၀၀ ပိုမိုမြန်ဆန်စွာ ပုံရိပ်ဖော်နိုင်မည် ဖြစ်သည်။ Super AMOLED display သည် resolution 720x1280 pixels ထိ ထောက်ပံ့ ပေးနိုင်သည့် အမျိုးအစားနှင့် resolution 1080x1920 pixels ထိ ထောက်ပံ့ပေးနိုင်သည့် Full HD Super AMOLED ဟူ၍ ရှိမည် ဖြစ်သည်။ Samsung Galaxy စီးရီးအမျိုးအစား ထုတ်ကုန်အများ စုသည် AMOLED Di splay အမျိုးအစားများ ဖြစ်သည်။
Multi-touch display (MTD)
Multi-touch display (MTD) ကို capacitive touchscreens လို့ခေါ်တဲ့ အီလက်ထရွန်းနစ် ထုတ်ကုန်ပစ္စည်းတွေကို တို့ထိခိုင်းစေ အသုံးပြုနိုင်တဲ့ Display နည်းပညာသုံး မိုဘိုင်းဖုန်း မြင်ကွင်းတွေမှာ တွဲဖက်ထည့်သွင်း အသုံးပြုလာတဲ့ အာရုံခံ Display နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ MTD နည်းပညာကို capacitive touch-screens Display တွေနဲ့သာမဘဲ တခြားသော Display အမျိုးအစား တွေနဲ့ပါတွဲဖက် အသုံးပြုလာတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီနည်းပညာက လက်ချောင်း နှစ်ချောင်း (သို့မဟုတ်)  နှစ်ချောင်းထက်ပိုတဲ့ လက်ချောင်းထိပ်တွေနဲ့ မြင်ကွင်းပေါ် ထိတွေ့မှုတွေကို သိရှိအာရုံခံပေးတဲ့ Display နည်းပညာဆိုရင်လည်း မမှားပါဘူး။ မြင်ကွင်းပေါ် ထိတွေ့လာတဲ့ လက်ချောင်း ထိပ်လေးတွေရဲ့ တည်နေရာနဲ့ သူနဲ့ဆက်စပ်နေတဲ့ အနေအထားတွေအပြင် ပြောင်းလဲသွားတဲ့ လက်ချောင်းထိပ်များရဲ့ တို့ထိမှုတွေကိုပါ MTD နည်းပညာက သိရှိအာရုံခံပေး နိုင်ပါတယ်။ ဒါ့အပြင် မြေပုံ၊ ဓာတ်ပုံတွေကို ချဲ့ကြည့်ခြင်း၊ ပြန်ချုံ့ခြင်းစတဲ့ လက်နှစ်ချောင်း တစ်ပြိုင်နက် အသုံးပြုခြင်း တွေကိုလည်း ပြုလုပ်နိုင်အောင် ဒီ Diaplsy နည်းပညာက ထောက်ပံ့ ပေးပါသေးတယ်။

ဒီ MTD နည်းပညာကို အများဆုံး အသုံးပြုတာကတော့ Apple ပါ။ Apple က သူ့ရဲ့ ထုတ်ကုန် ပစ္စည်းတွေဖြစ်တဲ့ iPhone ၊ iPod တိုင်းတွေမှာကတည်းက ဒီနည်း ပညာကို အပြည့်အ၀ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ Apple တင် မဟုတ်ပါဘူး Microsoft, HP, 3M နဲ့ ကုမ္ပဏီများစွာက ဒီနည်းပညာ ကို ၎င်းတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြု ခဲ့ကြပါတယ်။


Multi-touch နည်းပညာက ကြီးမားကျယ်ပြန့်တဲ့ မြင်ကွင်းအ ရွယ်အစားမျိုးစုံရှိတဲ့ မျက်နှာပြင် တွေပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ထိသိအသုံးပြု နိုင်ပါတယ်။ အခုဆိုရင်တော့ လက်ဖ၀ါး အပြည့်ထိတွေ့ သုံးစွဲမှုမှုတွေနဲ့ ရှုပ်ထွေးတဲ့ gestures စနစ်တွေ အတွက်လည်း ဒီနည်းပညာက ထောက်ပံ့လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။


OLED / AMOLED / POLED

POLED ဆိုတာကတော့ Screen နည်းပညာတစ်ခုရဲ့ ခေါ်ဝေါ်သုံးစွဲမှု စကားစုတစ်ခုဖြစ်ပြီး ဒီစနစ်ကိုတော့ LG ကနေပြီး စတင်ခဲ့တာ ဖြစ်ပါတယ်။ POLED ဆိုတာကတော့ Plastic OLED ရဲ့အတိုကောက် အသုံးနှုန်းတစ်ခုဖြစ်ပြီး OLED လို့ခေါ်တဲ့ Screen နည်းပညာကနေ ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်မျက်နှာပြင် နည်းပညာတစ်ခုဖြစ်တဲ့ OLED (Organic light-emitting diode)  နည်းပညာမှာတော့ PMOLED (Passive-matrix OLED) နဲ့ AMOLED (Active-matrix OLEDs) ဆိုပြီး နှစ်မျိုးရှိပါတယ်။ OLED Display တွေက နောက်ခံအလင်း backlight မလိုဘဲ အသုံးပြုနိုင်တဲ့ Screen နည်းပညာတစ်ခုဖြစ်ပြီး အဆိုပါ OLED Display များဟာ LCD (Liquic Crystal Display) များထက် ပိုမိုပေါ့ပါး ပါးလွှာသည့်အပြင် နက်ရှိုင်းကောင်းမွန်သည့် အနက်ရောင်အစစ်ကို ပုံဖော်ပေးနိုင်ပါတယ်။ အလင်းအားနည်းနေတဲ့ အခြေအနေမျိုးတွေမှာတောင် OLED Display တွေဟာ မြင့်မားတဲ့ ကြည်လင်ပြတ်သားမှု (contrast ratio) ကို LCD တွေထက်ပိုမို ကောင်းမွန်အောင် ဖော်ဆောင်ပေးနိုင်ပါတယ်။

ဒါကတော့ OLED Screen တွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ပိုင်းပါ။ POLED ဆို တာကတော့ OLED Screen နည်း ပညာပေါ်မှာ ထပ်မံပေါင်းစပ် ဖြည့်စွက်ထားတဲ့ နည်းပညာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ OLED တွေ မှာ AMOLED နဲ့ PMOLED ဆိုတဲ့ စနစ်တွေဟာ ဖန်သားမျက်နှာပြင်တွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး POLED ကတော့ ပလပ်စတစ်မျက်နှာပြင်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ 

ဖန်သားပြင်ထက် ၆၀ ရာခိုင်နှုန်း ပိုမိုပေါ့ပါးတဲ့အပြင် မတော်တဆ ပြုတ်ကျခြင်း၊ လွတ်ကျခြင်းတွေအတွက် အလွယ်တကူ မကွဲအက်နိုင်တဲ့ မျက်နှာပြင် နည်းပညာ တစ်ခုလည်း ဖြစ်ပါတယ်။ POLED နည်းပညာဟာ ပလပ်စတစ် အခြေပြုထုတ်လုပ် ထားတာဖြစ်တဲ့အတွက် မျက်နှာပြင်ကို  ခေါက်ခြင်း၊ လိပ်ခြင်းနှင့် ကွေးခြင်းများကို ကောင်းစွာပြုလုပ်နိုင်ပါတယ်။

POLED Display တွေဟာ မြင့်မားတဲ့ အပူခံနိုင်ခြင်းနဲ့ ချောမွေ့တဲ့ မျက်နှာပြင် တစ်ခုအဖြစ် ကောင်းစွာအသုံးပြု နိုင်တယ်လို့ ဆိုပါတယ်။ ဒီ Screen နည်းပညာကိုတော့ မိုဘိုင်းဖုန်းတွေ ပေါ်မှာဆိုရင်တော့ ကွေးညွှတ်ထားတဲ့ မျက်နှာပြင်နဲ့ ထုတ်လုပ်ခဲ့တဲ့ LG G Flex ဖုန်းရဲ့ မျက်နှာပြင်မှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။



Credit to internetjournal 
Thiha Htike(THT)
   

No comments:

Post a Comment