Saturday, July 18, 2015

MPT ၏ တစ်မိနစ်လျှင် ၂၃ ကျပ်အား ခြောက်စက္ကန့် အခြေခံနှုန်းထားနှင့် ကောက်ခံခြင်းဖြစ် ဟုဆို

 
 
 
 
 
MPT ၏ တစ်မိနစ်လျှင် ၂၃ ကျပ်အား ခြောက်စက္ကန့် အခြေခံနှုန်းထားနှင့် ကောက်ခံခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။


အခြေခံ ခြောက်စက္ကန့် နှုန်းထားဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း၊ ဥပမာအားဖြင့် တစ်မိနစ်ပြောပြီး တစ်စက္ကန့်စွန်းသွားမည်ဆိုပါက ၄.၆ ကျပ် မပေးရကြောင်း၊ တစ်မိနစ်နှင့် ငါးစက္ကန့်ရောက်ပါက ခြောက်စက္ကန့် အခြေခံနှုန်းထားဖြင့်တွက်သော် ၂၃ ကျပ် (တစ်မိနစ်)+ ခြောက်စက္ကန့် (၂.၃) ကျပ် ကျသင့်မည်ဖြစ်ကြောင်း MPT ဖေ့စ်ဘုတ်မှတစ်ဆင့် ကြေညာထားသည်။


ဇူလိုင်လ ၈ ရက်မှစ၍ MPT၏ ဆွေသဟာ အစီအစဉ်ကို သုံးစွဲသူများအတွက် ဖုန်းခေါ်ဆိုခြင်းများကို မူလ တစ်မိနစ်လျှင် ၃၅ ကျပ်မှ ယခု တစ်မိနစ်လျှင် ၂၃ ကျပ်သို့ ပြောင်းလဲကောက်ခံပြီး CDMA 450/800 ကို သုံးစွဲသူများအတွက်လည်း ဖုန်းခေါ်ဆိုခ ယခင် တစ်မိနစ်လျှင် ၅၀ ကျပ်မှ တစ်မိနစ် ၂၃ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ် သည်။


ထိုဈေးနှုန်းသစ် သတ်မှတ်ချက်သည် MPT ၏ ဆွေသဟာ အစီအစဉ်နှင့် CDMA 450/800 ကို သုံးစွဲသူများ အားလုံးအတွက် အလိုအလျောက် အကျုံး ဝင်သွားမည်ဖြစ်သည်။



Credit to==>internetjournal

No comments:

Post a Comment