Monday, July 27, 2015

♪ ဖုန်းစွဲနေသူများအတွက် အကူအညီ ♫


Untitled
ဒီနေ့ခေတ်လူပေါင်းများစွာလိုပဲ Susan Butterက သူ့ရဲ့စမတ် ဖုန်းကို အချိန်ကြာမြင့်စွာ ကြည့်နေလေ့ရှိ ပါတယ်။ လူအများစုနဲ့ မတူတာက သူဟာဒီပြဿနာအ တွက် ကိုင်တွယ်ဖြေရှင်းဖို့ကြိုးစားတယ်။ ဖုန်းကို လူနဲ့ ဝေးရာမှာထားပြီး စိတ်အေးချမ်းသာမှုရစေမယ်လို့ ကတိ ပြုထားတဲ့ Ringly ကုမ်္ပဏီက ၁၉၅ ဒေါ်လာတန် လက်စွပ်ကို ၀ယ်ယူခဲ့ခြင်းပဲဖြစ်ပါတယ်။ Ringly က ဒီကိစ္စအတွက် သူ့ရဲ့လက်စွပ်တွေကို စမတ်ဖုန်း filter နဲ့ ချိတ်ဆက်ထားခြင်းအားဖြင့် ပြုလုပ်ပါတယ်။ ကလေးထိန်း ဆီက text messages တွေလို အရေးကြီးတဲ့ သတိပေး မှုတွေကိုခွင့်ပြုပြီး လက်စွပ်ကို မီးလင်း၊ တုန်ခါစေတဲ့အခါ Gmail နဲ့ Facebook Notification တွေကို အသံတိတ်ပေးပါတယ်။ “ဒါကကျွန်မ ရဲ့ဖုန်းနဲ့ ကျွန်မရဲ့လက်ကို အ နည်းငယ်အလှမ်းဝေးအောင် ထိန်းသိမ်းပေးထားမယ်လို့ မျှော်လင့်ရပါတယ်”” လို့ လုပ် ငန်းငယ်လေးတွေအတွက် နည်းပ ညာ အတိုင်ပင်ခံ Butter က ပြောပါတယ်။

လက်ကိုင်ဖုန်းတွေက လူတွေရဲ့ဘ၀ကို ယခုလိုလျှင်မြန်စွာနဲ့ ကြီး စိုးသိမ်းပိုက်သွားတဲ့အခါ ဒီနည်းပညာကနှိုင်းရသဘောအားဖြင့် အသစ် ဖြစ်နေသေးတယ်ဆိုတာ အလွယ်တကူမေ့လျော့သွားနိုင်ပါတယ်။ ပထမဆုံး iPhone က လွန်ခဲ့တဲ့ ရှစ်နှစ်ကမှ ထွက်ရှိခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အမေရိကန်လူဦးရေရဲ့ တစ်ဝက်ကျော်ကျော်က စမတ်ဖုန်းတစ်လုံးပိုင်ဆိုင်နေကြပါပြီ။ ဒါပေမယ့် လူတွေက မိုဘိုင်းလ်screen ကို ကြည့်ရှုရင်းအချိန်ကုန်ဆုံးစေတဲ့ အတိုင်းအတာ တစ်နေ့ကို သုံးနာရီနီးနီးရောက်နှင့်ပြီးနေပါပြီ။ ဒါက သူတို့ဖုန်းပေါ်မှာ အမှန်တ ကယ်စကားပြောတဲ့အချိန်မပါသေးပါဘူး။

မကြာသေးခင်က Bank of Ameraica ကပြုလုပ်ခဲ့တဲ့ လေ့လာချက် စစ်တမ်းအရ ဖြေကြားသူတွေရဲ့ သုံးပုံတစ်ပုံဟာ သူတို့ရဲ့စမတ်ဖုန်းတွေ အမြဲမပြတ်စစ်ဆေးနေကြတယ်လို့ ပြောပါတယ်။ သုံးပုံနှစ်ပုံကျော် ကျော်က သူတို့ရဲ့အိပ်ရာဘေးကို စမတ်ဖုန်းယူဆောင်အိပ်စက်တယ်လို့ ဖြေကြားပါတယ်။ ဒီလိုမျိုးအကျင့်ဆိုးတွေကို လျှော့ချပယ်ဖျောက်နိုင် ဖို့ လူတွေကိုကူညီခြင်းအားဖြင့် ရလာနိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အခွင့်အရေးတွေကို ကုမ်္ပဏီအသစ်တွေက မြင်လာကြပါတယ်။

“နည်းပညာရဲ့ ဆင့်ကဲတိုးတက်ဖွံ့ဖြိုးမှုနှုန်းက အရမ်းကိုလျင်မြန် တာကြောင့် ထိန်းချုပ်လိုမရနိုင်အောင် ဖြစ်လာတယ်။ ဒါက လူတွေရဲ့ ဘ၀တွေအပေါ် ဘယ်လိုရိုက်ခတ်လာမလဲဆိုတာ မစဉ်းစားဘဲ မနေ နိုင်အောင်ဖြစ်လာကြတယ်”လို့ ဗြိတိသျှက Kovert ကို ထူထောင်သူ Kate Unsworth ကပြောပါတယ်။ ဒီကုမ်္ပဏီကလည်း အရေးအကြီး ဆုံး ကိစ်္စတွေကလွဲလို့ ကျန်တာအားလုံးစစ်ချဖယ်ထုတ်ပေးတဲ့ အဆင့် မြင့်နည်းပညာသုံး လက်ဝတ်ရတနာတွေပြုလုပ်ပါတယ်။

ဒီစိတ်အာရုံအနှောက်အယှက်တွေကို လျှော့ချပေးတဲ့ ထုတ်ကုန် ပစ္စည်းများစွာဟာ ကြီးထွားလာနေတဲ့ “၀တ်ဆင်နိုင်တဲ့ နည်းပညာ” နယ်ပယ်အထဲမှာ ရှိပါတယ်။ Apple Watch လို Smartwatches တွေက ဖုန်းကိုစစ်ဆေးကြည့်ရှုတာထက် တစ်ချက်စောင်းငဲ့ကြည့်ဖို့ ရာကို အားပေးဖို့ ဒီဇိုင်းဆင်ထားတယ်။ ပြီးခဲ့တဲ့လကတော့ Google ရဲ့ နာမည်ကျော်ဂျင်းအ၀တ်အထည် ကုမ္ပဏီ Levi တို့ကလူတွေ အနေနဲ့ ဂျက်ကက်အင်္ကျီလက်ကောက်ဝတ်ကို ယမ်းလိုက်တာနဲ့မြည် နေတဲ့ဖုန်းကိုပိတ်ပေးမယ့် အဆင့်မြင့်နည်းပညာသုံး အ၀တ်အထည် တွေအတွက် အစီအမံကိုကြေညာခဲ့တယ်။

“ကျွန်တော်တို့ နှစ်သက်မြတ်နိုးပြီးသား အ၀တ်အထည်တွေက ဒီနေ့ခေတ် ဒစ်ဂျစ်တယ်ကမ်္ဘာကြီးမှာ အကောင်းဆုံးနဲ့ အလိုအပ်ဆုံး အရာတွေထောက်ပံ့ပေးနိုင်ဖို့ အခွင့်အလမ်းရှိလာမယ်ဆိုရင် ကျွန်တော် တို့နဲ့ ညစာအတူစားနေတဲ့သူတွေနဲ့ မျက်လုံးချင်းဆုံတွေ့မှုကို ဆက် ထိန်းထားနိုင်မယ်ဆိုရင် ဒါက တကယ့်စစ်မှန်တဲ့ တန်ဖိုးဖြစ်လာမှာပါ” လို့ Levi ရဲ့ ကမ္ဘာလုံးဆိုင်ရာထုတ်ကုန် ဆန်းသစ်တီထွင်မှု ဌာနအကြီး အကဲ Paul Dillinger က ပြောပါတယ်။

Offtime လို့ခေါ်တဲ့ application က သုံးစွဲသူအနေနဲ့ သူတို့ အလွန်အကျွံအသုံးပြုတဲ့ app တွေရယူသုံးစွဲမှုကို ကန့်သတ်ပြီး သူတို့ ရဲ့ဖုန်းအပေါ်အချိန်ဘယ်လောက်ကြာကြာ သုံးစွဲတယ်ဆိုတာ အချိန် ဇယား chart ဆွဲပေးပါတယ်။ Moment လို့ခေါ်တဲ့ အခြား app ကတော့ ဖုန်းသုံးစွဲမှုနှုန်းကို မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝေမျှပြီး ဘယ်သူကဖုန်းကို အချိန်အနည်းဆုံးသုံးသလဲဆိုတဲ့ ကစားပွဲကိုယှဉ် ပြိုင်ဖို့ အားပေးပါတယ်။ ပြီးတော့ မကြာသေးခင်က နယူးယောက်မြို့ က ဒီဇိုင်နာက Light Phone လို့ခေါ်တဲ့ ပရောဂျက်ပြုလုပ်ဖို့ အများ ပြည်သူရန်ပုံငွေစုဆောင်းမှု အောင်မြင်ပြီးစီးခဲ့တယ်။ ဒီအကြွေးဝယ် ကတ်အရွယ်ဖုန်းက ဖုန်းလက်ခံတာနဲ့ခေါ်ဆိုတာကလွဲလို့ ကျန်တဲ့ဘာမှ မလုပ်ဘဲ ဖြစ်နိုင်သမျှအနည်းဆုံးသာ သုံးစွဲဖို့ ဒီဇိုင်းဆင်ထားပါတယ်။

အထူးခြားဆုံးဖြစ်ကောင်းဖြစ်နိုင်တာက NoPhone ပါ။ ၁၂ ဒေါ် လာတန်ပလပ်စတစ်တုံးက စမတ်ဖုန်းတစ်လုံးနဲ့တူပေမယ့် ဘာဆိုဘာမှ ကိုပြုလုပ်မပေးပါဘူး။ ဒီပစ္စည်းကို ဖန်တီးတဲ့ နယူယောက်ကြော်ငြာ အေဂျင်စီက art director Van Gould က NoPhone ကို လုံးရေ ၃,၂၀၀ နီးနီး ရောင်းရပြီးပြီလို့ ဆိုပါတယ်။ သူက ဒါကိုဖုန်းစွဲလမ်းမှု ကို ပယ်ဖျောက်ချင်ပေမယ့် လက်ထဲတစ်ခုခုကိုင်မထားရဘဲ အိမ်က ထွက်ခွာလာရမှာကို ကြောက်လန့်နေသူတွေအတွက် အသုံးဝင်မယ့် ပစ္စည်းအဖြစ် ဈေးကွက်တင်ခဲ့ပါတယ်။ များစွာသောသူတွေကတော့ ဒီလိုမျိုး ပစ္စည်းကိုထုတ်လုပ်သူတွေကိုရော ၀ယ်ယူသူတွေကိုပါ ရယ်စ ရာအဖြစ်ရှုမြင်ကြမှာ မလွဲပါဘူး။ ဒါပေမယ့် “လူအများစုကတော့ ဖုန်းစွဲလမ်းမှုဟာ တကယ်ရှိတဲ့အရာလို့မထင်ကြဘူး။ နောက်တော့ မိတ်ဆွေအပေါင်းအသင်းတွေအပေါ် အလေးထားမှုတွေ ပျက်ယွင်းမှာ စိုးလို့ ပလပ်စတစ်စတွေ ၀ယ်ယူလာရတဲ့အထိ မျက်ကလူးဆန်ပြာဖြစ် လာမယ်လို့ Gould က ပြောပါတယ်။

ဆန်ဖရန်စစ္စကိုမြို့ University of California က အာရုံကြော ပညာရှင်နဲ့ ပါမောက္ခဖြစ်သူ Adam Gazzaley က “လူတွေက ဒီနည်း ပညာကို နှစ်သက်မြတ်နိုးပါတယ်။ ဒါပေမယ့် ပေးဆပ်ရမှုတွေရှိနေသလိုပဲ။ သမီးရည်းစား၊ လင်မယားဆက်ဆံရေးပဲဖြစ်ဖြစ်၊ အလုပ်အတွက် ပဲဖြစ်ဖြစ်၊ ကားမောင်းရင်းစာရိုက်လို့ ဘေးကင်းလုံခြုံရေးအတွက်ပဲဖြစ် ဖြစ် ထိခိုက်မှုတွေဖြစ်လာနိုင်တယ်လို့ စပြီးပြောလာတဲ့သူတွေများလာ တယ်”” လို့ ပြောပါတယ်။

Apple မတိုင်ခင်နေ့ရက်တွေတုန်းက လူတွေဟာ သူတို့လိုချင် တာကို အွန်လိုင်းအပေါ်ကရှာပါတယ်။ ပြီးတော့ ဒီလောက်နဲ့တင် ပြီးသွားပါတယ်။ ဒါပေမယ့်အခုတော့ အင်တာနက်က ရွှေ့ပြောင်းနိုင် တဲ့ မိုဘိုင်းလ်ကိရိယာပုံစံပိုဖြစ်လာတဲ့အခါ ကုမ်္ပဏီတွေက အသုံးပြု သူတွေရဲ့ နောက်ကြောင်းရာဇ၀င်နဲ့ ကြိုက်နှစ်သက်မှုတွေ ခြေရာခံ လိုက်ဖို့ပိုပြီး အဆင့်မြင့်စွမ်းဆောင်နိုင်လာတယ်။ ဒီအခါမှာ နည်းပညာက Google ရှာဖွေမှုကနေ လူတွေဘက်က “ဆွဲယူ” မှုပုံစံမျိုးဆက်ဖြစ် မနေတော့ပါဘူး။ အဲဒီအစား လူတွေဘက် “တွန်းပို့” တဲ့ပုံစံပိုဖြစ်လာ ပါတယ်။ စမတ်ဖုန်း notification တွေဟာ ဖုန်းတွေကို မီးလင်းပြီး အသံမြည်စေတဲ့အတွက် သတိမထားမိဘဲ နေနိုင်မှာမဟုတ်လို့ပါပဲ။

အချို့သောထုတ်ကုန်တွေက မျှခြေတစ်ခုကိုရှာတွေ့ဖို့ကြိုးစား နေပါတယ်။ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်တစ်မျိုးဖြစ်တဲ့ Google Now လိုမျိုးဖြစ်ပါတယ်။ ဒီ app က တည်နေရာLocation, Gamil နဲ့ ရှာဖွေကြည့်ရှုမှု activity တွေအသုံးပြုပြီး user က နောက်ဆက်ပြီးဘာကို လိုချင်မလဲဆိုတာ ခန့်မှန်းချက်ထုတ်ပါတယ်။ ဒီစိတ်ကူးအိုင်ဒီယာက လိုအပ်တဲ့အချိန်ကျမှ ကြားဝင်နှောက်ယှက်ဖို့ ဖြစ်ပါတယ်။ “ကျွန်တော်က ကျွန်တော့်ကလေးရဲ့မွေးနေ့ကို မေ့တော့ မလိုဖြစ်နေပြီး အဲဒီအတွက် တစ်ခုခုမလုပ်ဘဲနေတဲ့အခါ ဖုန်းက သတိ ပြုမိလောက်အောင် အသည်းအသန်သတိပေးတာမျိုး ကျွန်တော်လို ချင်ပါတယ်” လို့ Google ရဲ့ Senior vice president of product ဖြစ်သူ Sundar Pichai က ပြောပါတယ်။

ဒါက စီးပွားရေးလုပ်ငန်းအပိုင်းအရ အဓိပ္ပါယ်ရှိပါတယ်။ အသုံး ပြုသူတွေရဲ့ဘ၀အထဲ Google က မွှေနှောက်ရှာဖွေတာကို လူတွေက ပိုပြီးယုံကြည်လာလေလေ သူတို့က Google Calendar နဲ့ Gmail app တွေပိုတိုးပြီး သုံးလာလေလေပါပဲ။ ပြီးတော့ Google ကသူ့ရဲ့ user တွေအကြောင်းကို ပိုပြီးနားလည်လာတဲ့အခါ သူ့ရဲ့ ကြော်ငြာတင်ဆက်မှု advertising engine ကို ပိုပြီးအနုစိတ်ချိန်ညှိလာနိုင်မှာဖြစ် ပါတယ်။

Pichai ရဲ့ တွေးခေါ်စဉ်းစားပုံက လူတွေကို ရွေးချယ်စရာတွေ အများကြီးပေးထားပြီး သူတို့ဘာသာသူတို့ တွက်ချက်ရွေးထုတ်နိုင်ဖို့ ပါပဲ။ “ကျွန်တော်တို့က user တွေကို အမှန်တကယ်ဗဟိုပြုတဲ့ ထုတ်ကုန်ပစ္စည်းတွေ ဒီဇိုင်းဆင်ဖို့လိုပါတယ်။ ပြီးတော့ user တွေအနေနဲ့ သူတို့ရဲ့ ဘ၀တွေကိုသူတို့ဘာသာ ရွေးချယ်ရှင်သန်ဖို့ ခြားထားတဲ့ မျဉ်းလိုင်းတစ်ခုရှိနေပါတယ်။ ဒါက သူတို့ရဲ့ရွေးချယ်မှုအရာသာဖြစ်ပြီး ဆုံးဖြတ်ချက်တွေချမှတ်ညွှန်ကြားတဲ့ ပုံစံမျိုးမဖြစ်ဘဲ ဂရုစိုက်ချင်ပါ တယ်’’ လို့ Pichai က ပြောတယ်။

ဒါပေမယ့် စမတ်ဖုန်းတွေဟာ လူသားတွေရဲ့အခြေခံအကျဆုံး လှုံ့ဆော်မှုတွန်းအားနှစ်ခုအတွက် အကြီးအကျယ်ဖြေသိမ့်ပေးတဲ့ နည်းလမ်းဖြစ်တယ်လို့ University of Kansas က စိတ်ပညာ ပါမောက္ခ Paul Atchley က ပြောပါတယ်။ စိတ်အာရုံပျံ့ လွင့်နစ်မျော စရာ အသစ်အဆန်းနဲ့ စိတ်ဝင်စားစရာတွေ ရှာတွေ့ဖို့ရှာပုံတော် ခရီးနဲ့ လုပ်ငန်းတာဝန်တွေ အပြီးသတ်ဖို့ စစ်ဆေးပြီးကြောင်း သေချာစေချင် တဲ့ စိတ်ဆန္ဒတွေဖြစ်ပါတယ်။

“ဒီကိရိယာတွေနဲ့အတူ ကျွန်တော်တို့ကဖြစ်မြောက်ပြီးစီးမှုရဲ့ စိတ်ကျေနပ်မှုသဘောကို တစ်မိနစ်အတွင်း အကြိမ်များစွာခံစားရနိုင်ပါတယ်။ ဦးနှောက်က ဒါကိုပဲပြုလုပ်ဖို့အသားကျသွားအောင် အမှန်တ ကယ်ပြုပြင်ခံရသလိုဖြစ်သွားပါတယ်။ ဆန်းသစ်ထူးခြားမှုတွေအဆက် မပြတ်ရှာဖွေနေရင်းက ဖုန်းကိုအောက်သို့ချထားဖို့ရာ ခက်ခဲအောင် လုပ်နေတယ်” လို့ သူကပြောတယ်။

ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ Butter ဟာ အခြားများစွာ သော သူတွေမှာလည်းဖြစ်နေတဲ့ ဆရာဝန်ရဲ့တွေ့ဆုံအပြီး ထွက်လာ တဲ့အခါ လူမှုမီဒီယာတွေက နောက်ဆုံးအခြေအနေ update တွေ အသားငမ်းငမ်းဖြစ်နေကြောင်း တွေ့လာရတယ်။ သူဟာ ၀က်ဘ်ဆိုက် တစ်ခုကိုဖွင့်၊ ပြန်ပိတ်၊ ပြီးတော့ အသစ်တစ်ခုခုပေါ်လာမလား မျှော်လင့်ချက်နဲ့ ချက်ချင်းပြန်ဖွင့်အောင် တစာစာလုပ်နေတဲ့အကျင့်လည်း ရှိနေပါသေးတယ်။ စွဲနေတာဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီအခြေအနေနဲ့တင် သူ့အနေနဲ့ Ringly ဆီက အကူအညီကိုရှာဖွေ ဖို့ လုံလောက်တဲ့တွန်းအားရှိသွားပါတယ်။

စိတ်ပညာ ပါမောက္ခ Atchley ကတော့ သံသယရှိနေပါတယ်။ “စွဲလမ်းမှုဆိုတာ ပြင်းထန်တဲ့တစ်ကိုယ်ရေကိစ္စဖြစ်ပါတယ်။ အောင်မြင်တဲ့ ကုသဖြေရှင်းမှုဆိုတာ ကျွန်တော်တို့ရဲ့ အတွင်းစိတ်မကောင်းဆိုး ၀ါးကို ထိန်းချုပ်နိုင်ဖို့အတွက်နဲ့ပဲ သက်ဆိုင်ပါတယ်။ Message ကို စစ်ချဖို့ ပြင်ပနည်းလမ်းတွေအားကိုးလို့မရဘူးလို့ သူက ပြောပါတယ်။ ဘ၀နေနည်းအပေါ် နည်းပညာနဲ့ကြီးစိုးကျွန်ပြုမှုကို တွန်းလှန်ဖို့က ခိုင်မာတဲ့စိတ်ဓာတ်ခွန်အားနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။
Written by Kyaw Zeya(MIT)

Credit to ==> Myanmar DigitalLife Journal

No comments:

Post a Comment