Wednesday, July 22, 2015

Android ဖုန်းများနှင့် Sensor Errorတစ်ခု



ဖုန်းခေါ်ပြီးနားနားကပ်လိုက်တာနဲ့ သင့်ဖုန်းက screenမီးလေးမှိတ်သွားပါတယ်။ဖုန်းချဖို့ နားမှပြန်ခွာလိုက်တာနဲ့ မီးလေးပြန်လင်းလာပါတယ်။ဒါကပုံမှန်အနေအထားSensor အလုပ်လုပ်ပုံပါ။ဒါပေမယ့် ဖုန်းခေါ်ဆိုလိုက်ပြီး ဖုန်းစပြောတာနဲ့ ဖုန်းပြောပြီးသွားတဲ့အထိ Screen က မီးပြန်မလင်းတော့ဘဲ တစ်ဖက်က ဖုန်းချလိုက်မှသာ screen မီးပြန်လင်းလာတာမျိုး ကြုံဖူးကြလားမသိဘူး။တချို့ ဖုန်းတွေမှာဆိုscreen မီးပိတ်လိုက်တာနဲ့ ဖုန်းက ပါဝါကျသွားတတ်တာမျိုးကောဖြစ်တတ်ပါတယ်။ဒီလိုမျိုးဖြစ်ပြီဆိုရင် ဖုန်းရဲ့ Sensor ပိုင်းကိုစစ်ဖို့လိုပြီလို့ ယျေဘူယျအားဖြင့်ဆိုနိုင်ပါတယ်။sensor အလင်းမလုံတဲ့အခါ၊ရှော့ကျတဲ့အခါမျိုးတွေမှာဖြစ်တတ်ပါတယ်။
အလင်းမလုံတဲ့ Sensor ဆို ရင်လုံအောင်ကြံဖန်ပြီးလုပ်ပေးနိုင်ပါတယ်။ဥပမာ- Sensor ကို တိပ်နဲ့အုပ်ပြီး အပေါက်နှစ်ပေါက်ပြန်ဖောက်ပေးတာမျိုးပါ။ရှော့ကျတဲ့ Sensor ဆိုရင်တော့ hotgunနဲ့ဖြုတ်ချပစ်တတ်ကြပါတယ်။ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပြီး Huawei ဖုန်းတွေမှာအဖြစ်များတာတွေ့ရပါတယ်။Sensor ဖြုတ်ချလိုက်ရင်တော့ သင့်ဖုန်းဟာ နားနားကပ်ဖုန်းပြောနေစဉ်မှာလည်း Screen မီးပိတ်တော့မှာမဟုတ်တော့ဘဲ လင်းမြဲလင်းနေမှဖြစ်ပါတယ်။
အမှားပါရင် တောင်းပန်ပါကြောင်း
ပို့စ်ရေးသူ-
Hanwailinn
https://www.facebook.com/hanwailinn.hanwailinn

1 comment:

  1. ဖုန်းကသုံး​နေ၇င်းpowerကျကျသွားလို့အဲ့ဒါဘာerrorလဲဘယ်ြှေင်း၇မဲဆ၇ာအလင်းပြပါ:-)

    ReplyDelete