Thursday, September 8, 2016

PicSafe နဲ့ ပုံ​တွေ ဗီဒီယို​တွေဖျောက်ထားနိုင်မည့်နည်းလမ်း



မိမိရဲ့ Android ဖုန်းလေးထဲမှာ မိမိက တပါးသူတွေကို မသိစေချင်၊ မမြင်စေချင်တဲ့ photo တွေ၊ video တွေကို သော့ခတ်ကာ ဖျောက်ထားနိုင်မဲ့ PicSafe ဆိုတဲ့ အရမ်းကောင်မွန်တဲ့ File Hide ဆော့ဝဲလေးတခု မျှဝေလိုက်ပါတယ်။ မိမိဖုန်းရဲ့ မျက်နှာပြင်မှာ လုံးဝပေါ်မနေပဲ လုံးဝပျောက်နေမှာမို့ ဒီဆော့ဝဲရှိမှန်းတောင် မသိနိုင်တော့ပါဘူး။ ဒီဆော့ဝဲထဲဝင်ချင်တဲ့ အခါမှ မိမိဖုန်း Keypad ကနေ လှို့ဝှက် ပတ်ဝ ရိုက်ထည့်ကာ call မှ PicSafe ဆော့ဝဲထဲရောက်သွားမှာဖြစ်ပါတယ်။ အသုံးပြုဖို့ ဒေါင်းယူ install လုပ်ပါ။ open လုပ်လိုက်ပါ။ ထိုအခါ ပတ်ဝပြောင်းဖို့ ပေါ်လာပါမယ်။ ပင်ကိုပတ်ဝ #000# ပါ။ မိမိပြောင်းလိုတဲ့ ပတ်ဝ ၅ လုံးထိ ထည့်နိုင်ပြီး change နှိပ်ကာ back နဲ့ ထွတ်လိုက်ရင် ပျောက်နေပါပြီဗျာ။ ပတ်ဝကို ဥပမာ 12345 ဟူ၍ ပြောင်းထားလျှင် keypad မှာ #12345# လို့ရိုက်ပြီး call ပါ။ ပတ်ဝကို setting ကနေလည်းသွားရောက်ကာ ပြန်ပြောင်းနိုင်ပါသေးတယ်။ အောက်မှာ ပုံလေးတွေနဲ့လည်းပြထားတယ်နော်။ Android os version 2.3 နဲ့အထက် ထည့်သွင်းအသုံးပြုနိုင်ပြီး ဆော့ဝဲ size 2.2 Mb ရှိပါတယ်။
ဆော့ဝဲအားဒေါင်းယူရန်
Download Apk File


Ref: Nannlaydreamworld

No comments:

Post a Comment