Wednesday, September 7, 2016

Phone Contacts တွေကို Export, Import လုပ်နည်း ဖုန်းနံပါတ်တွေကို Export လုပ်ပြီးသိမ်းထားမယ်, ဖုန်းပျောက်သော်လည်း အရေးကြီးနံပါတ်များမပျက်စီးအောင် ဒီလိုသိမ်းထားပါ


ဖုန်းခေတ် ထလာသည်နှင့်အမျှ ဖုန်းပျောက်ဆုံးမှုတွေ ခေတ်စားလာပါတယ်။ အဲ့မှာလုပ်ငန်းကြီးလုပ်ကိုင်နေ သူများအတွက် ဖုန်းပျောက်ရင် အတော်ဒုက္ခရောက်တဲ့ အချက်တစ်ခုကတော့ ဆက်သွယ်ရေးအတွက် မှတ်သား ထားတဲ့ Contacts တွေပါသွားလို့ မည်သူမည်ဝါ ဖုန်းမှန်းမသိအောင် ဖြစ်တတ်ပါတယ်။ တစ်ကယ့်ကို ဒုက္ခ လှလှတွေ့နိုင်တဲ့အနေအထားပါ။ ဖုန်းပျောက်ပြီဆိုမှတော့ သွားပြီပေါ့..ခုနည်းက ဖုန်းပျောက်သော်လည်း ဖုန်းနှင့် ဆင်းကဒ်သာ ဆုံးရှုံးမယ် မိမိမှတ်သားထားတဲ့ နံပါတ်တွေကို သိမ်းထားမယ်ဆိုရင် ကိုယ့်အဆက်အသွယ်တွေ အားလုံး အလွယ်တစ်ကူ ပြန်လုပ်လို့ရတဲ့နည်းပါ။ ဖုန်းမပျောက်သော်လည်း အသစ်တစ်လုံးဝယ်မယ်ဆို ဖုန်းထဲမှာ မှတ်သားထားတာတွေကို လိုက်ကူးချနေရမယ်ဆိုရင်လည်း အချိန်ကြာမြင့်လှပါတယ်။ ဒီနည်းကို သုံးသောအားဖြင့် လျှင်မြန်လွယ်ကူတာကို ကိုယ့်ညီများ ကိုယ့်နှမများ သိလာပါလိမ့်မယ်..။ ဒီလိုသိထားတော့ ပိုပြီးတော့ အကျိုးကျေးဇူးများတာပေါ့ဗျာ..။ ကျုပ်ပြောပြမယ့်နည်းလမ်းအတိုင်း လုပ်ပြီးရင် ကိုယ့် Contacts တွေကို အင်တာနက်ပေါ်မှာ သိမ်းထားမလား ကွန်ပျူတာထဲဘဲ ထည့်ထားမလား တစ်ခြားဖုန်းတစ်လုံးမှာလည်း သိမ်းထားဦးမလား ဒီလိုလုပ်ထားခြင်းဖြင့် မိမိဖုန်း Contacts တွေကို မှတ်သားထားမယ်ဆိုရင် ကံမကောင်းလို့ ဖုန်းပျောက်ခဲ့တောင်မှ ဒီနံပါတ်တွေကို အလွယ်တစ်ကူ ရယူနိုင်တဲ့အတွက် သိပ်ကြီး ဆုံးရှုံးမှု မများလှပါဘူး။ အချို့သတင်းစာတွေမှာ တွေ့ဖူးပါတယ်..။ ဖုန်းတော့ရချင်ရင်ယူပါ နံပါတ်လေးတော့ ပြန်ကူးပြီး ပို့ပေးပါ ကျေးဇူး ဆပ်ပါမည်ဆိုတဲ့ သတင်းမျိုး ဖတ်ဖူးကြတယ်မဟုတ်လား..။ ခုကတော့ အဲ့ဒီဒုက္ခက ကင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြသွားမှာပါ..။
ကဲ စလိုက်ကြစို့ဟေး..ပထမဆုံး ဖုန်း Call ကိုဖွင့်ပြီး Contacts အထိသွားလိုက်ပါ။ ပြီးရင် ပုံမှာ ပြသထားသလို..
လုပ်ပါ..။မြှားပြထားတဲ့ Menu နေရာလေးကိုနှိပ်ပါ..။ Import/Export >> Export to Storage >> အစဉ် အတိုင်း နှိပ်သွားပါ..။
 ကဲ ဒုတိယပုံမှာကတော့ Export ကို နှိပ်ပါ..။ နှိပ်လိုက်ရင် Phone ထဲမှာ မှတ်သားထားတာကို Export လုပ်မှာ လား SIM Card ထဲက Contacts ကိုလုပ်မှာလား မေးတဲ့အခါ ကိုယ်မှတ်ထားတာက SIM ထဲမှာဆိုရင် SIM Card ကိုရွေးပါ။ Phone ထဲမှာဆိုရင်တော့ Phone ကို ရွေးပေးပါ အမှန်ခြစ်လေး ခြစ်ပေးလိုက်ပြီး OK ပေါ့.။
အဲ့ဒါဆိုရင်တော့ Export ထုတ်လိုက်ပါပြီး သူ့ကိုတော့ Phone Storeage ထဲမှာ ရှာကြည့်ပါ အောက်ဆုံးမှာ..။
တွေ့ပါလိမ့်မယ်..။ ကဲ အဲဒါတွေ ခဏထား..ရှေ့ဆက်မယ်..

 ကဲ Export ထုတ်ပြီးပြီဆိုတော့ မူလလာခဲ့သည့် လမ်းကြောင်းအတိုင်း လာခဲ့ပေါ့..။ ဖုန်းအသစ်ဝယ်ရင်လည်း
ဒီနည်းအတိုင်းလေးဘဲ လုပ်ရမှာဘဲ..နော်.ဒီလောက်တော့ အားလုံးသိပြီးသားလို့ထင်ပါတယ်..။ ကဲ Import From Storage ကို နှိပ်ပြီးတော့ မိမိက ဖုန်းထဲကို ထည့်သွင်းမှာဖြစ်တဲ့အတွက် Phone ကို ရွေးပေးလိုက်ပါ..။

 ကဲ ဒီအဆင့်မှာတော့ဖြင့် ဖုန်း Storage ထဲမှာ ရောက်နေတဲ့ ဖိုင်လေးကို ရွေးပေးပါ။ ကျုပ်က မနေ့က စမ်းသပ်
ထားတာမို့ နှစ်ခုဖြစ်နေပါတယ်.။ ရက်လနှစ်ကြည့်လိုက်ပါ..ခုလုပ်လိုက်တဲ့ 00002.vcf ဖိုင်လေးကို ရွေးပေးလိုက်
ရုံဘဲပေါ့..။ မိမိက တစ်ခါမှ မလုပ်ရသေးရင်တော့..။ 00001.vcf ဖိုင်ကို ရွေးပေးရုံပါဘဲ...။ နောက်ပုံကတော့
ကျုပ် Export လုပ်ထားတဲ့ဖိုင် နှစ်ခု ဘယ်နေရာကို ရောက်နေတဲ့အကြောင်းပြပုံလေးပါ..။ Internal Storage ထဲ
ရောက်နေတယ်ဆိုတဲ့အကြောင်းပေါ့ဗျာ.. ကဲ ပြီးပါပြီ...
ကဲ ဒီနေရာမှာတော့ အချုပ်အားဖြင့် ပြောရသော် ခုန Internal Storage ထဲက ဖိုင်လေးကို ကွန်ပျူတာမှာဘဲ သိမ်း
ထား သိမ်းထား သို့မဟုတ် အခြားဖုန်းတစ်လုံးထဲမှာဘဲ ထားထား SD Card ထဲမှာဘဲ ထားထား မိမိသိမ်းထားချင်သလို ထားလို့ရပါပြီ ဖိုင်မပျောက်ပျက်ဖို့သာ အဓိကကျပါသည်။ အင်တာနက်ပေါ် တင်မယ်ဆိုလည်း တင်ထားပေါ့ဗျာ...။ ကဲ ဒါဆိုရင်တော့ ပြောပြခဲ့တဲ့ အဆိုးအကောင်းတွေကို သဘောသဘာဝ
တွေကို အဆုံးအရှုံး နဲနဲကျော်ဖြတ်နိုင်ကြလိမ့်မယ်ထင်ပါတယ်....။ ကြိုက်တယ်ဆိုရင်တော့ အားပေးစကားလေး
ကွန်မန့်ဘောက်မှာ ပြောထားခဲ့ကြပါဦး တိတ်တိတ်လေး ထွက်မသွားကြေးနော်.....။
Thak You....
 
 
 
 
 

No comments:

Post a Comment