Facebook က Live Video ထုတ်လွှင့်နေသူများက အခြား ဧည့်သည်တစ်ဦးအား Live Video တွင် ပူးပေါင်းထုတ်လွှင့်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ ဇွန်လမှာ ကျင်းပခဲ့တဲ့ VidCon မှာ Facebook က အဲဒီ စွမ်းဆောင်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ အဲဒီ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာ နာမည်ကျော်များကသာ အသုံးပြုနိုင်မှာ ဖြစ်ပြီး Facebook Mentions App (iOS) ကနေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Live Video ထုတ်လွှင့်သူ (၂) ဦးစလုံးဟာ Verified ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။

အမေရိကန်ရှိ Verified Users မဟုတ်သူများက စက်တင်ဘာလမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာ တစ်ကမ္ဘာလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Facebook မှ ပြောရေးဆိုခွင့်ရှိသူက “ ဇွန်လမှာ Live Video မှာ အခြား လူတစ်ယောက် ပါဝင်နိုင်တဲ့ စွမ်းဆောင်ချက်ကို ကြေညာခဲ့ပါတယ်။ စကရင်ကို မျှဝေ သုံးပြီး အတူတကွ Live Video များ ထုတ်လွှင့်နိုင်မှာ ဖြစ်ပါတယ်။ အခုတော့ ဒီ စွမ်းဆောင်ချက်ကို ဖြန့်ချီပေးတော့မှာ ဖြစ်ပါတယ်။

အစောပိုင်းမှာ နာမည်ကျော်များနဲ့ Pages အနည်းငယ်က စတင် အသုံးပြုနိုင်မှာပါ။ လာမယ့် လများအတွင်းမှာ နာမည်ကျော်များ၊ Pages များသာမကဘဲ သာမာန် Users များလည်း အသုံးပြုနိုင်အောင် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် Live Video များ ထုတ်လွှင့်ရတာ ပိုမို ပျော်စရာကောင်းလာမှာပါ။ “ လို့ ပြောပါတယ်။