Friday, September 9, 2016

မိုဘိုင်းဖုန်း Device များတွင် Screenshot ရိုက်နည်းများ



သင့်ရဲ့ မိုဘိုင်းဖုန်း မျက်နှာပြင်မှ စိတ်ဝင်စားစရာတစ်ခုခုကို တစ်စုံတစ်ယောက်ထံပို့ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ 
မိုဘိုင်းဖုန်ုး၊ တက်ဘလက်များမှာ Screenshot ဘယ်လို ရိုက်ရလဲ ဆိုတာ မသိရင်တော့ သင်ခေတ်နောက်ကျနေပါပြီ။

* iOS Device (iPhones and iPads) iPhone နဲ့ iPad တွေကို အသုံးပြုနေသူတွေဆိုရင်တော့ Screenshot ရိုက်ရတာ လွယ်ကူပြီး ရိုက်နည်းကလည်း အတူတူပါပဲ။
Apple က Software နဲ့ Hardware နှစ်ခုစလုံးကို ကိုယ်တိုင် ထိန်းချုပ်ထားလို့ အခြား စမတ်ဖုန်ုး ထုတ်လုပ်သူတွေရဲ့ မတူညီတဲ့ Screenshot ရိုက်နည်းတွေကို iOS Device တွေမှာ သင်လေ့လာစရာမလိုပါဘူး။
iOS Device တွေမှာ Screenshot ရိုက်နည်း တစ်ခုပဲ ရှိပါတယ်။
iOS Device မှာ Screenshot ရိုက်ဖို့ Power Button ကိုဖိထားပြီး Home Button ကိုနှိပ်ပါ။ စကရင်ဟာ Flash ဖြစ်သွားပြီး Screenshot ကို Device ရဲ့ Internal Storage မှာ သိမ်းဆည်းပေးမှာပါ။
Photo Apps တွေကနေ Screenshot ကို ကြည့်နိုင်၊ ပြုပြင်နိုင်ပါတယ်။ * Android Devices Android Device တွေကတော့ ဖုန်းထုတ်လုပ်သူအပေါ်မူတည်ပြီး Screenshot ရိုက်နည်းတွေ ကွဲပြားပါတယ်။
Android Version 4 နဲ့ သူ့အထက်မှာ မောင်းနှင်နေတဲ့ Android Device အသစ်တော်တော်များများမှာ Power + Volume Down ခလုတ်အတွဲကို နှိပ်ပြီး Screenshot ရိုက်နိုင်ပါတယ်။
တစ်ခါတစ်လေမှာလည်း ထုတ်လုပ်သူတွေက Power Menu မှာ Screenshot Option ကိုထည့်သွင်းပေးထားပါတယ်။ Power Menu ကို ဖွင့်ဖို့ Power Button ကို ဖိထားရမှာပါ။
ရိုက်ကူးထားတဲ့ Screenshot တွေကို Device Internal Storage မှာ သိမ်းဆည်းပေးမှာ ဖြစ်ပြီး Photos , Gallery Apps များကနေ ကြည့်နိုင်ပါတယ်။ Android Version အဟောင်းတွေမှာ ဆိုရင်တော့ App တစ်ခုကို အသုံးပြုပြီး Screenshot ရိုက်နိုင်ပါတယ်။
Google Play Store မှာ Screenshot လို့ ရှာကြည့်ရင် အခမဲ့ ရတဲ့ Apps များစွာကို တွေ့မြင်နိုင်ပါတယ်။ အဲဒီထဲက သင့်ဖုန်းရဲ့ Android Version နဲ့ ကိုက်ညီတာကို ရွေးချယ်နိုင်ပါတယ်။ အခြား စမတ်ဖုန်း ထုတ်လုပ်သူတွေကတော့ မတူညီတဲ့ နည်းလမ်းတွေကို အသုံးပြုပါတယ်။ ဥပမာ အားဖြင့် Samsung က သူ့ရဲ့ Galaxy အမျိုးအစားတွေမှာ Screenshot ရိုက်ဖို့ Power + Home ခလုတ်အတွဲကို အသုံးပြုပါတယ်။
Android Device ပိုင်ရှင်တွေအတွက် Screenshot ရိုက်နည်းတွေက မတူညီတဲ့အတွက် အလွယ်တကူ မှတ်သားချင်ရင် အကောင်းဆုံးနည်းက Samsung Device မဟုတ်ဘူးဆိုရင် Power + Volume Down နည်းကို အရင်စမ်းကြည့်ပါ။
အဲဒီနည်းက အလုပ်မဖြစ်ဘူးဆိုရင် ဖုန်း ဒါမှမဟုတ် တက်ဘလက်ရဲ့ မော်ဒယ်နဲ့ ထုတ်လုပ်သူ နာမည်အလိုက် Google ကနေ ရှာကြည့်တာ အလွယ်ကူဆုံးပါ။
လူသုံးနည်းနေသေးတဲ့ Windows Phone 8.1 Device တွေမှာ ဆိုရင်တော့ Power + Volume Up ခလုတ်အတွဲကို နှိပ်ပြီး Screenshot ရိုက်နိုင်ပါတယ်။
 
 
Ref:Digital Life Journal
 
 

No comments:

Post a Comment