Monday, September 12, 2016

ဖုန်းထဲကဖိုင်တွေကို လင့်လုပ်နည်း (အစအဆုံး)



မိမိဖုန်းထဲက သီချင်း ဆော့ဝဲ ဂိမ်းတွေနဲ့ ဖိုင်မျိုးစုံကို လင့်လုပ်နည်းပါ။
မိမိ Upload လုပ်ပြီး ရလာတဲ့လင့်ကိုတော့ သူငယ်ချင်းတွေကိုကြွားတဲ့အနေနဲ့  Facebook တို့ Viber တို့ မှာပြန်ပြီးမျှဝေနိုင်တာပေါ့။
နည်းပညာလေ့လာနေသူတွေလည်းအကြိုးရှိစေပါတယ်။ လင့်လုပ်နိုင်တဲ့ဆိုက်က www.mysavefile.com ဘဲဖြစ်ပါတယ်။
အဲ့ဒီဆိုက်က ဖိုင်တွေကို ကြိုက်သလောက်တင်ခွင့်ပေးထားပြီး ဒေါင်းလုတ်ဆွဲရတာလည်းလွယ်ကူစေပါတယ်။
အကောင့်အသစ်တွက် Register လုပ်ပြီး Email Reply စောင့်စရာမလိုဘဲ Login တန်းဝင်လို့ ရပါတယ်။
မိမိအကောင့်မှာ Folder ဆိုတဲ့ဖိုင်အသစ်လုပ်တဲ့ခါ တစ်ခုသတိထားရပါမယ်။
ဒါကတော့ Private နဲ့ Public ဆိုပြီးနှစ်မျိုးအသုံးပြုခွင့်ပေးထားပါတယ်။
၁။ Private ကိုရွေးချယ်ပြီး Folder အသစ်လုပ်ရင်တော့ မိမိဖိုင်တွေက မိမိတစ်ယောက်ကလွဲလို့ အခြားသူတွေမမြင်နိုင် မဒေါင်းနိုင်တော့ပါဘူး။
၂။ Public ကိုရွေးချယ်ပြီး Folder လုပ်မယ်ဆိုရင်တော့ မိမိတင်လိုက်တဲ့ဖိုင်တွေကို လူတိုင်းကဒေါင်းယူလို့ ရပါတယ်။
၃။ Folder ကို Password လည်းခံထားနိုင်ပါတယ်။
အသုံးဝင်ပြီးအရမ်းရိုးရှင်းတဲ့ ဆိုက်လေးတစ်ခုဖြစ်လို့  လင့်လုပ်နည်းစဆုံးကို ScreenShot ပုံလေးတွေနဲ့ လက်တွေ့ ရှင်းပြပေးလိုက်ပါတယ်။
လင့်လုပ်နိုင်တဲ့ဆိုက်က www.mysavefile.com ဘဲဖြစ်ပါတယ်။
ဖိုင်တွေ ပုံတွေ ဆော့ဝဲတွေ ဂိမ်းတွေကို တစ်ခါ Upload လုပ်တိုင်း 1GB ထိတင်နိုင်ပါတယ်။
Facebook နဲ့  Viber တို့ မှာသူငယ်ချင်းတွေနဲ့ အတူ ဖုန်းထဲကဖိုင်တွေကို မျှဝေနိုင်ကြပါစေ။




















No comments:

Post a Comment