Sunday, September 11, 2016

♪ Apple App Store ပေါ်က နေ အချိန်အကန့်အသတ်အတွင်း Free ရနိုင်တဲ့ အသုံးဝင်တဲ့ App (၃) ခု ♫


App Store ရဲ့ ထုံးစံအတိုင်းပါပဲ အခကြေးငွေပေးဝယ်ရတဲ့ App အချို့ ကို အချိန်အကန့်အသတ်နဲ့ အခမဲ့ပေးလိုက်ပြန်ပါပြီ ။

အချိန်အတိုင်းအတာကို မကြေညာ ထားတဲ့အတွက် ဘယ်အချိန်မှာ အခကြေးငွေပြန်ပေးရမလဲ ဆိုတာကတော့ App Developer တွေသာ သိနိုင်ပါတယ် ။ အချိန်အကန့်အသတ်ပြည့်တဲ့အခါ အခကြေးငွေပြန်ပေးပြီး Download ပြုလုပ်ရမှာဖြစ်လို့ အချိန်မီ ရယူထားဖို့လိုအပ်ပါတယ် ။ အဲဒီ App တွေထဲကမှ အသုံးတည့်စေမယ့် App (၃) ခုကို ဖော်ပြပေးလိုက်ပါတယ် ။


Visual Ruler
visualruler


အရင်က 1.99$ နဲ့ ရောင်းချခဲ့ပြီး 7.9 MB သာရှိတဲ့ ဒီ App ဟာ မျက်စိရှေ့ က အရာဝတ္ထုတွေရဲ့  အတိုင်းအတာ ကို ပေတံမလိုဘဲ တိုင်းတာနိုင်စေမယ့် App တစ်ခုဖြစ်ပါတယ် ။ အသုံးပြုပုံကတော့ရိုးရှင်းပါတယ် ။ တိုင်းတာ ချင်တဲ့ အရာဝတ္ထုကို Visual Ruler ထဲကနေ ဓာတ်ပုံရိုက်ရပါမယ် ။ ဓာတ်ပုံထဲမှာ စတုဂံပုံစံအကွက်ကလေး ပါလာပါလိမ့်မယ် ။ အဲ့အကွက်လေးရဲ့ ထောင့်စွန်းတွေကို ကိုတိုင်းချင်တဲ့နေရာ ကို ရွေ့ ပြီး လိုက်တာနဲ့ အတိုင်းအတာကို စင်တီမီတာနဲ့ဖော်ပြပေးမှာဖြစ်ပါတယ် ။ Social Network တွေပေါ်ကို တိုက်ရိုက် Share နိုင်ပါတယ် ။

AmpliTube

amplitube



19.99 $ နဲ့ ရောင်းချခဲ့ပြီး 689 MB ရှိတဲ့ ဒီ App ကို အခမဲ့ ရနိုင်တော့မယ် ဆိုတာကတော့ Music သမားတွေ အတွက် အလွန်ထူးခြားတဲ့ အခွင့်အရေးပါပဲ ။ Guitar နဲ့ Bass သမားတွေ အများဆုံး သုံးတဲ့ App ဖြစ်ပါတယ် ။ iRig 2 , iRig HD လိုမျိုး Device တွေနဲ့ ချိတ်ဆက်ပြီး Guitar တွေ Bass တွေနဲ့ တွဲဖက်တီးခတ်နိုင်တယ်အပြင် Record လည်းပြုလုပ်ထားနိုင်တာပါတယ် ။ Guitar Effect 11 ခု ၊ Amp 5 ခု ၊ Speaker Cabinet 7 ခုနဲ့ mic နှစ်ခု Built in ပါဝင် ပြီး ထပ်မံဝယ်ယူလို့ရပါသေးတယ် ။ အစမ်းလေ့ကျင့်တဲ့အခါ ဒါမှမဟုတ် Recording တီးခတ်တဲ့အခါမျိုးမှာ နောက်ခံ Drum သံ ကို ပုံဖော်နိုင်ဖို့  Loop Drummer System လည်းပါဝင်ပါတယ် ။ ပွဲ တီးတဲ့ အခါမျိုးမှာပါ အသုံးပြုနိုင်တဲ့ အကောင်းဆုံး အသံအရည်အသွေး ကိုပေးစွမ်းနိုင်တဲ့ App တစ်ခုဖြစ်ပါတယ် ။

Stay Awake Pro
stay-awake-pro


0.99$ နဲ့ ရောင်းချခဲ့ပြီး 9.2 MB သာရှိတဲ့ ဒီ App ကတော့ ကားမောင်းတဲ့ သူတွေအတွက် အန္တရာယ်ကင်း စေဖို့ ဖန်တီး ထားတာဖြစ်ပါတယ် ။ ပင်ပန်းနေတဲ့ အချိန် အိမ်ကို ကားမောင်းပြန်တဲ့ အခါ ဒါမှမဟုတ် ညဘက်ခရီးထွက်တဲ့အခါ မျိုးမှာ ကားမောင်းသူတွေ အနေနဲ့ အိပ်ငိုက်တတ်ပါတယ် ။ ဘေးမှာ စကားပြော ဖော်ပါလာရင် ကိစ္စမရှိပေမယ့် တစ်ယောက်တည်း ကားမောင်းတဲ့ အခါမျိုးမှာ တော့ အန္တရာယ်ရှိပါတယ် ။ အဲဒီ အတွက် ဒီ App လေးက သင့်ကို Mode နှစ်မျိုးနဲ့ ကူညီပေးပါလိမ့်မယ် ။ ပထမတစ်မျိုးက Talk to Me ဖြစ်ပြီး သင်နဲ့ အပြန်အလှန်စကားပြော     နေမှာဖြစ်ပါတယ် ။ သင့်ဘက်က ပြန်ပြောတာ ကြာနေရင်တော့ အသံနဲ့ရော Flash နဲ့ပါ အသိပေးမှာဖြစ်ပါတယ် ။ နောက်တစ်မျိုးကတော့ Keep Moving ဖြစ်ပါတယ် ။ Screen ကို ထိပေးနေဖို့ သတိပေးမှာပါ ။ သင့်ဘက်က ကြန့်ကြာတာနဲ့ ပထမတစ်မျိုးနည်းတူ သတိပေးမှာဖြစ်ပါတယ် ။ တစ်လမ်းလုံး သတိရှိရှိနဲ့ လိုရာခရီးကိုရောက်နိုင်ဖို့ အကောင်းဆုံး အထောက်အကူပေးမယ့် App တစ်ခုဖြစ်ပါတယ် ။

Credit to ==> Digital Times

No comments:

Post a Comment