Thursday, September 1, 2016

Android အတွက် Google Search မှာ Info နဲ့ App တွေကို Offline အနေနဲ့ ရှာဖွေနိုင်တော့မည်



ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက Android အသုံးပြုသူတွေဟာမိမိတို့ရဲ့ ဖုန်းတွေထဲမှာ သိမ်းဆည်းထားတဲ့ App တွေကို ရှာဖွေဖို့အတွက် Google Search ကိုအသုံးပြုနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ယခုတော့ ဒီလုပ်ဆောင်ချက်ဟာ ထပ်မံအဆင့်မြင့်တင်လာခဲ့ပြီ ဖြစ်ပါတယ်။ Google ဟာ ဒီအပတ်အတွင်းမှာပဲ “In Apps” ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်ခဲ့ပြီး ကိုယ့်ရဲ့ Section Search Bar မှာ ဖုန်းထဲမှာ Install လုပ်ထားတဲ့ App တွေ၊ Contact Info တွေ၊ ခွဲခြမ်းစိတ်ဖြာတဲ့ Message တွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေနဲ့ Notes တွေကို ရှာဖွေဖော်ပြပေးနိုင်တော့မှာ ဖြစ်ပါတယ်။
Google အနေနဲ့ ဒီလိုရှာဖွေနိုင်မှုကို ဆန်းသစ်လိုက်တာကတော့ ကိုယ့်ဖုန်းထဲမှာရှိတဲ့ အရာတွေကို ရှာဖွေတဲ့အခါမှာ Offline အနေနဲ့ ရှာဖွေနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပုံစံတူလုပ်ဆောင်ချက်ကို Apple ကလည်း ပြီးခဲ့တဲ့ ဇွန်လတုန်းက ကျင်းပခဲ့တဲ့ Apple Event ဖြစ်တဲ့ WWDC 2016 ပွဲမှာ ထုတ်ဖော်ခဲ့ဖူးပြီး အဲ့ဒီမှာတော့ အသုံးပြုသူရဲ့ Privacy ကိုကာကွယ်ဖို့အတွက် Deep Learning နည်းပညာနဲ့ အသုံးပြုသူကိုယ်တိုင် ဘယ် App ကို ရှာဖွေရာမှာ ပြသစေချင်တယ်ဆိုတာကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
LG ရဲ့ နောက်ထွက်မယ့် V20 စမတ်ဖုန်းမှာ ဒီလုပ်ဆောင်ချက်ကို Home Screen နဲ့ ဒုတိယScreen မှာပါဝင်တဲ့ Search စနစ်ကနေ စတင်ထောက်ပံ့ထားမှာဖြစ်ပါတယ်။ အဲ့ဒီအပြင် Nougat ဗားရှင်းကို Update လုပ်လိုက်တာနဲ့ ရှာဖွေတဲ့အခါမှာ Gmail, Spotify, YouTube, Facebook Messenger, LinkedIn, Evernote, Glide, Todoist နဲ့ Google Keep တွေက ရလဒ်တွေကို ရှာဖွေပေးနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: Digitaltimes.com.mm

No comments:

Post a Comment