Wednesday, July 6, 2016

♪ မျက်လုံးနဲ့ unlock လုပ်လို့ရတဲ့ တန်ဖိုးနည်းစမတ်ဖုန်း TCL 560 ကိုစတင်ရောင်းချ ♫


တန်ဖိုးနည်းတီဗီတွေကြောင့် အီလက်ထရောနစ်ပစ္စည်းဈေးကွက်မှာ လူသိများတဲ့ တရုတ်ကုမ္ပဏီ TCL  ဟာ အခုဆိုရင် အမိုက်စားစမတ်ဖုန်းတစ်လုံးနဲ့ အိန္ဒိယမိုဘိုင်းဖုန်းဈေးကွက်ကို စတင်ထိုးဖောက်လိုက်ပါပြီ

TCL 560 လို့ အမည်ပေးထားတဲ့စမတ်ဖုန်းဟာ တန်ဖိုးအားဖြင့် ရူပီးငွေ ၇၉၉၉ (မြန်မာငွေ ၁ သိန်း ၃ သောင်းခန့်) သာရှိပြီး၊ တန်ဖိုးနည်းဖုန်းတွေမှာ မြင်တွေ့ရလေ့ မရှိတဲ့ နည်းပညာသစ်တစ်မျိုးကို ယခုဖုန်းမှာ အသုံးပြုထားတာကို တွေ့ရပါတယ်။

TCL 560 စမတ်ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ Eye Verify နည်းပညာပါဝင်တာဖြစ်ပြီး၊ user အနေနဲ့ ဖုန်းရဲ့ ရှေ့ကင်မရာကိုအသုံးပြုကာ ဖုန်းကို unlock ဖွင့်နိုင်တယ်လို့ သိရပါတယ်။ ပိုင်ရှင်ဖြစ်သူရဲ့မျက်လုံးနဲ့မှ unlock လုပ်ပေးမှာဖြစ်တာကြောင့်၊ ဖုန်းတွင်းကပုဂ္ဂိုလ်ရေးအချက်အလက်တွေကို တခြားလူတွေ ကြည့်ရှုနိုင်ဖို့ မဖြစ်နိုင်တော့ဘဲ၊ လုံခြုံရေးပိုင်းစိတ်ချရတဲ့ဖုန်းတစ်လုံးဖြစ်ကြောင်း TCL ကော်ပိုရေးရှင်းရဲ့ ဒုဥက္ကဌဖြစ်သူ Nicolas Zibell က မိတ်ဆက်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

TCL 560 ဖုန်းရဲ့ တခြားအချက်အလက်တွေကတော့ ၅.၅ လက်မအကျယ်ရှိတဲ့ HD (720x1280pixels) IPS မျက်နှာပြင်၊ 1.1GHz quad-core Snapdragon 210 ပရိုဆက်ဆာ တို့ပါဝင်ပြီး၊ RAM 2GB နဲ့ ဖုန်းတွင်း storage 16GB ပါဝင်ပါတယ်။ microSD ကတ်အနေနဲ့လည်း 32GB အထိ ထပ်စိုက်နိုင်ပါတယ်။
Android 6.0 Marshmallow စနစ်နဲ့လည်ပတ်ထားတဲ့ ယခုဖုန်းမှာ 8-megapixel ဆုံချက်အလိုအလျောက်ရှာ ကင်မရာ၊ LED ဖလက်ရှ်မီးနဲ့ 5-megapixel ရှေ့ကင်မရာတို့ ပါဝင်ပါတယ်။ SIM နှစ်ကတ်အသုံးပြုနိုင်တဲ့ဖုန်း ဖြစ်ပြီး၊ 4G နဲ့ VoLTE တို့ သုံးစွဲနိုင်ပါတယ်။ micro-USB အပေါက်နဲ့ဖြစ်ပြီး၊ ဘက်ထရီကတော့ 2500mAh ဘက်ထရီအရှင်ဖြစ်ပါတယ်။

မြန်မာငွေ ၁ သိန်း ၃ သောင်းခန့်သာရှိတဲ့ TCL 560 စမတ်ဖုန်းကို Amazon India ကနေတဆင့်၊ အင်္ဂါနေ့မနက် မှာ စတင်ရောင်းချသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။

TCL

Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

No comments:

Post a Comment