Saturday, July 23, 2016

♪ Android အတွက် Prisma ရပြီ ♫


Prisma-App

နာမည်ကြီးနေတဲ့ Prisma App ကို Android အတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီ App ကို iOS အတွက် လွန်ခဲ့တဲ့ ၅ ပတ်အကြာက အရင် ဖြန့်ချီပေးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၄၀ ကျော်မှာ လူသုံးအများဆုံး အဖြစ် ရပ်တည်နေပြီး Download ပြုလုပ်မှု အကြိမ် ၇.၅ သန်းကျော်ရှိနေပါပြီ။
 နေ့စဉ် အသုံးပြုသူ ၁.၅ သန်း ရှိပါတယ်။ Developer က Prisma Video , 360-Degree Prisma Images , Styles အသစ်များ အပါအ၀င် စွမ်းဆောင်ချက်အသစ်များစွာကို ထည့်သွင်းပေးဖို့ ရှိတယ်လို့ ပြောပါတယ်။ Prisma က သင့်ရဲ့ ဓါတ်ပုံများကို Digital Art များအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ iOS Device များအတွက် ဖြန့်ချီပေးပြီးနောက်မှာ Android Users များစွာရဲ့ တောင်းဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။
Android Users များအတွက် Google Play Store မှာ မရရှိသေးပေမယ့်လည်း Beta Version ကို http://prisma-ai.com ကနေ Signup လုပ်ပြီး တောင်းဆိုနိုင်ပါတယ်။

No comments:

Post a Comment