Tuesday, July 26, 2016

Viber မှာ အချက်ပေးသံကို ပြောင်းလဲအသုံးပြုနည်း



Viber အသုံးပြုသူတွေ အသုံးမများသေးတဲ့ လုပ်ဆောင်ချက်က Notification အချက်ပေးသံဘဲဖြစ်ပါတယ်။
ဒီလို မိမိဆီဝင်လာသမျှ မက်ဆေ့နှင့် ဖုန်း Call တွေမှာ မိမိနှစ်သက်ရာ အချက်ပေးစနစ်ကို ပြောင်းသုံးခွင့်ပေးထားပါတယ်။
အသုံးပြုသူအနေဖြင့် Viber ထဲမှ တစ်ဆင့် Setting ထဲကို ၀င်ပေးရမှာဖြစ်ပါတယ်.။

Setting ထဲမှ တစ်ဆင့် Notification ဆိုတဲ့ထဲကို ၀င်ပေးရမှာဖြစ်ပါတယ်။

နောက်ထပ် စာမျက်နှာအသစ်ကို ရောက်လာရင် မိမိအနေနဲ့  Use system sounds နေရာကို အမှန်ခြစ်လေးခြစ်ပေးလိုက်ရင် Call Ringtone အချက်ပေးသံ နှင့် Notification အချက်ပေးသံတို့ကို ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။  Use system sounds နေရာကို အမှတ်မခြစ်ထားရင်တော့ ထိုနှစ်ချက်က အသုံးဝင်မှာမဟုတ်ပါဘူး။

Call Ringtone နေရာကို နှိပ်ပေးလိုက်ရင်တော့ Viber တွက် Call Ringtone အချက်ပေးသံကို မိမိဖုန်းအတွင်းမှာရှိတဲ့ Ringtone သံနှင့် သီချင်းကို ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Notification Sounds နေရာကိုမှာလည်း Viber တွက် မက်ဆေ့အချက်ပေးသံကို မိမိဖုန်းအတွင်းမှာ ရှိနေတဲ့ သီချင်းနဲ့  Ringtone သံကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
အဆင်ပြေပါစေ

No comments:

Post a Comment