Sunday, July 24, 2016

♪ “ကိုယ်ရေးလုံခြုံမှုအတွက်VPN” ♫


ယခုအချိန်တွင်အင်တာနက်ဆင်ဆာမလုပ်သလောက်နီးနီး ဖြစ်သည့်အတွက် မိမိကြည့်လိုရာကိုအွန်လိုင်းပေါ်တွင်လွတ်လွတ်လပ်လပ်ကြည့်နိုင်သည့်အခြေအနေရှိလာပါသည်။ မိမိပို့လို သည့်သတင်း၊လွှင့်တင်လိုသည့်post တို့ကိုလည်း လွတ်လပ်စွာ ပြုလုပ်နိုင်လာပါသည်။ထိုအခြေအနေမျိုးတွင်VPN (Virtual Private Network) လိုပါဦးမည်လောဟုမေးစရာရှိပါသည်။လိုပါသည်။ အဘယ်ကြောင့်ဆိုသော်အင်တာနက်သည်အန္တရာယ်ရှိသောနေရာဖြစ်နေ၍ ဖြစ်ပါသည်။အင်တာနက်သုံးစွဲ သူတို့ကမိမိအားစောင့်ကြည့်နေသူမရှိဟု ထင်ကြပါသည်။ထိုသို့မဟုတ်ပါ။ငွေကြေးရယူမှုအတွက်လည်းကောင်း၊အရေး ကြီးသတင်းအချက်အလက်နှိုက်ယူမှုအတွက်လည်းကောင်း၊လုံခြုံမှုအားနည်း သောdevice များကိုအွန်လိုင်းပေါ်တွင်စောင့်ကြည့်နေသည့်မသမာသူအများ အပြား ရှိပါသည်။ထို့ကြောင့်အထိအရှမခံသည့်အခြေအနေမျိုးတွင်VPN ကို သုံးဖို့လိုအပ်ပါသည်။VPNသည်ကွန်ရက်သုံးစွဲသူ၏လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ပါသည်။VPN ကကွန်ရက်သုံးစွဲသူ၏ကိုယ်ရေးအချက်အလက်များ ISP သို့မဟုတ်Website သို့ပေါက်ကြားခြင်းကိုရပ်တန့်စေသည်။သို့သော်မိမိက ပေးပို့သောdata၊မိမိထံလွှဲယူသောdata တို့သည်VPN လမ်းကြောင်းမှတစ်ဆင့် ဖြတ်သန်းနေရပါသည်။ထို့ကြောင့်လုံးလုံးလျားလျားဖုံးကွယ်နေသည်လည်း မဟုတ်ပါ။ကိုယ်ရေးလုံခြုံမှုတံတိုင်းကိုရည်ရွယ်ချက်ဖြင့်ဖောက်ထွင်းကြည့်လိုသူတစ်ဦးဦးကတစ်နည်းနည်းဖြင့် ရယူနိုင်စွမ်းရှိနေပါသေးသည်။
လုံးဝအပေါက်အကြားမရှိလုံခြုံသောကိုယ်ရေးလုံခြုံမှုစနစ်ကိုအလိုရှိပါလျှင်၊ အွန်လိုင်းပေါ်ရှိမိမိ၏လှုပ်ရှားမှုများကိုတစ်စုံတစ်ယောက်ကချောင်းမြောင်း ကြည့်ခြင်းမခံလိုပါလျှင်VPN နှစ်မျိုးသုံးဖို့ပင်လိုနိုင်ပါသည်။VPN နှစ်မျိုးရှိ သည့်အခါမိမိကပို့လွှတ်သည့်data သို့မဟုတ်မိမိထံရောက်ရှိလာမည့်data သည်VPN နှစ်ခုကိုထက်ဝက်စီခွဲပြီး ဖြတ်သန်းပါမည်။စမှတ်မှဆုံးမှတ်သို့ ဖြတ်သန်းသည့်data သည်link နှစ်ခုမှတစ်ဆင့် ဖြတ်သန်းမည်ဖြစ်ရာကြားဖြတ် ရယူသူသည်သတင်းအပြည့်အစုံရရန်မဖြစ်နိုင်တော့ပါ။ကံမကောင်းသည်မှာ VPN account နှစ်ခုကိုset up လုပ်ခြင်းသည်ထင်သလောက်ရိုးရှင်း လွယ်ကူ မှုမရှိခြင်း ဖြစ်ပါသည်။အလွယ်ကူဆုံးနည်းလမ်းမှာမိမိ၏ကွန်ပျူတာကိုVirtual PC အဖြစ်ပထမဆုံးဖန်တီးရပါမည်။ယင်းVirtual PC ပေါ်မှနေ၍VPN ကို သုံးမည်ဆိုလျှင်VPN နှစ်ထပ်ခံသည့်သဘောဖြစ်၍ပေါက်ကြားမှုမရှိသောVPN ကိုရရှိပါမည်။မိမိ၏ကွန်ပျူတာကိုvirtual PC အဖြစ်ဖန်တီးရန်Virtual Box Software လိုပါသည်။Software ရောင်းသောဆိုင်များတွင်ရှာဖွေ မေးမြန်းပြီး ၀ယ်ယူနိုင်ပါသည်။နောက်ဆုံးထုတ်version ကိုသုံးလိုလျှင် www. virtualbox.org မှdownload ချပြီးအသုံးပြုနိုင်ပါသည်။Network access လုပ်ရန်လိုအပ်ပါသည်။Network reset လုပ်မည်လားဟုမေးသည့် အခါyes ကိုရွေးရပါမည်။ယင်းနောက်တွင်Virtual Box ၏default setting များအတိုင်း ကွန်ပျူတာကိုသုံးစွဲနိုင်ပါသည်။Virtual PCအဖြစ်သုံးသည့်အခါ မိမိ၏OS ကို Virtual Box အတွင်းမှနေ၍run ရပါမည်။Windows အထဲမှ နေ၍ Virtual Box ကိုဖွင့်ပြီးသုံးသွားနိုင်သည်။မူလWindows နှင့်ရောယှက် ရှုပ်ထွေးမှု မရှိစေရန် အခြားOS ကိုသုံးခြင်းကပိုကောင်းပါသည်။
ထိုကိစ္စအတွက်သင့်တော်သည်မှာLinux Mint ဖြစ်ပါသည်။ အခမဲ့ရရှိနိုင် သောOS ဖြစ်ပြီးwww.linuxmint.com မှနေ၍download ချပြီးသုံးနိုင်ပါ သည်။Linux နှင့်မရင်းနှီးသူများအနေဖြင့်အွန်လိုင်းမချိတ်ဘဲVirtual Box ထဲမှLinux Mint သုံးခြင်းကိုကြိုတင်လေ့လာထားသင့်ပါသည်။OS တို့၏ သဘာဝမှာဖိုင်အရွယ်ကြီးပါသည်။ထို့ကြောင့်Transmission Software ကိုသုံးပြီးtorrent ဖိုင်အဖြစ်download ချကအလွန်မြန်ပါမည်။Torrent နှင့်မရင်းနှီးပါကဤအတိုင်းdownload ချနိုင်ပါသည်။Virtual Boxကို စတင် အသုံးပြုရန်application ကိုဖွင့်ပါ။Menu Bar ပေါ်မှNew တွင်ကလစ်နှိပ်ပါ။ ပေါ်လာသောအကွက်တွင်မိမိ၏Virtual Machine အတွက်အမည်ပေးပါ။Type တွင်Linux ကိုရွေးပါ။Version တွင်Other Linux ကိုရွေးပါ။Hardware ပိုင်း တောင့်တင်းလျှင်64 bit version ကိုရွေးပါ။Virtual hard drive size မှ လွဲပြီးကျန်သည့်အရာများကိုdefault အတိုင်းထားနိုင်သည်။Linux Mint အတွက်Virtual drive size ကို10 GB ထားပေးရပါမည်။ယင်းထက်လျှော့၍ ရသော်လည်း10 GB ထားလျှင် မြန်မြန်ဆန်ဆန်အလုပ်လုပ်နိုင်စွမ်းရှိပါသည်။ ယင်းနောက်တွင်New OS ကိုဆက်၍ရွေးချယ်ရပါမည်။ပြီးလျှင်start ကိုနှိပ်ရ ပါမည်။Start up disk အားရွေးချယ်ရန်Virtual Box ကပြောပါမည်။Download ချထားသောLinux mint ISO ဖိုင်ကိုညွှန်ပြပေးရပါမည်။ပြီးလျှင်start linux mint ကိုရွေးပြီးကလစ်နှိပ်ရပါမည်။ထိုအဆင့်မှစပြီးVirtual Machine ၏boot menu ကိုဖန်တီးပါမည်။ပြီးလျှင်OS ဖိုင်အားဆွဲတင်လာသည်ကိုခေတ္တစောင့် ရပါမည်။OS ကိုinstall လုပ်လိုပါကVirtual Box ထဲရှိdesktop icon ကို ဘယ်ကလစ်နှစ်ချက်နှိပ်ရပါမည်။
ပြီးလျှင်host လုပ်ပေးထားသောPC (Windows PC) သို့ထွက်VPN account သစ်အတွက်sign up လုပ်ပေးရပါမည်။အခမဲ့သုံးအတွက်သင့်တော်သည် မှာTotal VPN ဖြစ်ပါသည်။www.totalvpn.com မှတစ်ဆင့်ဝင်ပြီးအခမဲ့ account ပြုလုပ်ရပါမည်။Account အတွက်အမည်၊အီးမေးလိပ်စာနှင့် password တို့ကို ဖြည့်စွက်ပေးရပါမည်။ယင်းနောက်တွင်Windows version အတွက်Software ကိုdownload ချနိုင်ပါသည်။ပြီးလျှင်install လုပ်ပါမည်။ အင်တာနက်ချိတ်ကာအဆိုပါVPN Software ထဲမှတစ်ဆင့်Signin ၀င်ပါမည်။ VPN ထဲမှတစ်ဆင့်သွားကြပါမည်။အခမဲ့သုံးစွဲခွင့်ပြုသောTotal VPN တွင် မိမိ ၏မူရင်းနိုင်ငံအဖြစ်နိုင်ငံသုံးခုကိုသာရွေးချယ်ခွင့်ပြုပါသည်။နိုင်ငံတစ်ခုခုကိုရွေးချယ်ပြီးယင်းလမ်းကြောင်း အတိုင်းသွားရပါမည်။အခမဲ့version ဖြစ်သည့် အတွက် option အတော်များများအရောင်မှိန်ထားသည်ကိုတွေ့ရပါမည်။ ရွေးချယ်ခွင့်ပြုထားသောနိုင်ငံသုံးခုထဲမှတစ်ခု ကိုရွေးပါ။ယင်းနောက်connect button နေရာတွင်ကလစ်နှိပ်ပါ။စင်ကာပူနိုင်ငံကိုရွေးချယ်ခြင်းသည် စိတ်အချ ရဆုံးဖြစ်ကြောင်းတွေ့ရပါသည်။ပြီးလျှင်Virtual Machine ထဲသို့ ပြန်ဝင်ပါ။ Browser ကိုဖွင့်ပါ။Linux Mint ထဲတွင်Firefox ကိုကြိုတင်ထည့်သွင်းပေးထား ပါသည်။ပြီးလျှင်Virtual Box ထဲ၌VPN တစ်ခုကိုထပ်သုံးကြပါမည်။ထိုကိစ္စ အတွက်www.privatetunnel.com သို့ဝင်ပြီးPrivate Tunnel account အသစ် တစ်ခု ပြုလုပ်ရပါမည်။ထိုVPN မှနေ၍တစ်လလျှင်data 2GB သာအခမဲ့ သုံးခွင့် ရပါမည်။သာမန်အသုံးအတွက်ယင်းပမာဏမှာလုံလောက်ပါသည်။Account လုပ်ပြီးလျှင်log in ၀င်ရပါမည်။ယင်းနောက်setting ကိုရှာပြီးကလစ်နှိပ်ရ ပါမည်။ပြီးdownload profile button တွင်ကလစ်နှိပ်ရပါမည်။ပြီးလျှင်browser ၌ပေါ်စေလိုသောနိုင်ငံနှင့်မြို့အမည်ရွေးရပါမည်။မရွေးမီpassword ထည့်ပေး ရန်လိုပါသည်။
ယင်းနောက်Private tunnal application ကိုdownload ချပြီးသိမ်းဆည်းရန် ရွေးချယ်ပေးရပါမည်။ပြီးလျှင်Virtual Box ထဲမှLinux Mint ထဲဝင်ပြီးTerminal ဖွင့်ရပါမည်။ပြီးလျှင်ပေါ်လာသောအကွက်ထဲ၌Openvpn--config "Downloads/Zurich.ovp" ဟူသောစာသားကိုရိုက်ထည့်ပေးပါမည်။ တည်နေရာ ကိုဇူးရစ်မြို့ဟုပြရန်ဖြစ်ပါသည်။ဤသည်မှာနမူနာမျှသာဖြစ်ပြီး မိမိပြစေလိုသောနေရာနှင့်download ဖိုင်အမည်ပေါ်မူတည်၍မျက်တောင် အဖွင့်အပိတ်အတွင်းမှစာသားများကိုပြောင်းလဲနိုင်ပါသည်။အကယ်၍ download ချထားသောဖိုင်ကိုHome folder သို့ရွှေ့မည်ဆိုပါက "filename.ovpn"ကို စာရိုက်ထည့်ဖို့လိုပါသည်။သို့သော်Mint password ထည့်ပေးရပါမည်။Mint ၏terminal တွင်networking ဝေါဟာရများ၊ အဆက် အသွယ်များနှင့် ပြည့်နေပါမည်။အွန်လိုင်းပေါ်၌မိမိလုပ်လိုသမျှ အလုပ်တို့ကို Mint အတွင်းမှနေ၍လုပ်မည်ဆိုပါကVPN တစ်ခုတည်းသုံးသည်ထက်ပို၍ လုံခြုံလာပါမည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 

No comments:

Post a Comment