
iOS 9.3.3 တင်ထားတဲ့ iPhone/Pad/Pod touch ကိုကွန်ပျူတာတောင်မလိုတော့ဘဲ
Jailbreak ပြုလုပ်နိုင်ပါပြီ။ iPhone/Pad ထဲမှာပါတဲ့ Safari Browser
ကနေတဆင့်လုပ်ရတဲ့နည်းပါ။ သာမန် User
တစ်ယောက်အနေနဲ့တောင်အလွယ်တကူလုပ်နိုင်အောင်စီစဉ်ပေးထားတာပါ ။ ကဲ..
Jailbreak လုပ်ကြည့်ရအောင်။
1) Jailbreak မလုပ်ခင်သင့်ရဲ့ iPhone/Pad ကို iOS 9.3.3 သို့ Update ပြုလုပ်ထားပါ။
2) Passcode နဲ့ Find My iPhone တို့ကို Disable လုပ်ထားပါ။
3) သင့်ရဲ့ iPhone/Pad/Pod touch ထဲက Safari Browser
ထဲကိုဝင်ပါ။ အောက်မှာပေးထားတဲ့ link ကို Safari Browser ရဲ့ Address
bar မှာရိုက်ထည့်ပြီးဝင်လိုက်ပါ။

4) Website တစ်ခုထဲရောက်သွားပြီဆိုရင် အပေါ်ပုံမှာပြထားတဲ့အတိုင်း Install ခလုတ်လေးကိုနှိပ်ပါ။
5) Jailbreak Tool ကိုသွင်းမှာလားလို့မေးပါလိမ့်မယ်။ Install ကိုနှိပ်ပါ။

6) Home Screen ပေါ်မှာ PP Jailbreak Tool ကိုစသွင်းပါလိမ့်မယ်။ သွင်းပြီးရင်တော့ Home Screen ပေါ်မှာအောက်ပုံထဲကအတိုင်းမြင်တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီ app ထဲကိုမ၀င်ပါနဲ့ဦး။

7) iOS ရဲ့ Setting>General > Device Management ထဲကိုဝင်ပါ။ အောက်ပုံထဲကအတိုင်းအဆင့်ဆင့်ပြုလုပ်သွားပါ။

8) ပြီးလျှင် Home Screen သို့ပြန်ထွက်ပြီး Pangu/PP app ထဲကိုဝင်ပါ။ push notifications နဲ့ပတ်သက်တဲ့ Request တောင်းလာလျှင် OK ကိုပဲနှိပ်ပါ။

9) app ရဲ့အလယ်က စက်ဝိုင်းပုံခလုတ်ကိုနှိပ်ပါ။ ပြီးတာနဲ့
ဖုန်းကို Lock/Power Button ကိုတစ်ချက်နှိပ်ပြီး Screen ကိုပိတ်/Lock
ချထားပါ။ ပြန်မဖွင့်ပါနဲ့ဦး။

10) အောက်ပုံထဲကအတိုင်း Lock Screen မှာ PP jailbreak app ရဲ့ Notification တက်လာပြီဆိုရင်တော့ Lock Screen ကိုပြန်ဖွင့်လို့ရပါပြီ။

11) သင့်ရဲ့ iPhone/Pad ဟာ auto reboot ကျသွားပါမယ်။ ပြန်တက်လာရင် Home Screen မှာ Cydia ကိုတွေ့မြင်ရပါပြီ။

12) Cydia ထဲကိုဝင်ပြီး သင်သိထားတဲ့ Jailbreak Tweak တွေ ၊ Tweak Source တွေကိုသွင်းနိုင်ပါပြီ။

ဂုဏ်ယူပါတယ်။ iOS 9.3.3 တင်ထားတဲ့ သင့်ရဲ့ iPhone/Pad/Pod touch ကိုကွန်ပျူတာတောင်မလိုဘဲအောင်မြင်စွာ Jailbreak ပြုလုပ်ပြီးပါပြီ။
(ဒီနည်းလမ်းနဲ့ Jailbreak လုပ်ခြင်းဟာ သင့်ရဲ့ iPhone/Pad ကို reboot
ချလိုက်မယ် ၊ Power ပိတ်ပြီးပြန်ဖွင့်တာမျိုးလုပ်မယ်ဆိုရင်တော့ Jailbreak
လုပ်ထားတာပျက်ပြယ်သွားမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ အပေါ်ကနည်းလမ်းအတိုင်းပဲ
အစအဆုံးတစ်ခါပြန်ပြီး Jailbreak လုပ်ရပါမယ်။ )
သက်နိုင်စိုး (Myanmar Mobile App)
No comments:
Post a Comment