သင့်ရဲ့ Timeline ထဲကို သူငယ်ချင်းများနဲ့ အခြားလူများ ၀င်ကြည့်ရင် သင် Like လုပ်ထားတဲ့ Facebook Pages များကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ သင် Like လုပ်ထားတာတွေကို သင်ကလွဲပြီး အခြားလူများ မမြင်စေချင်ရင် ဖွက်ထားလို့ရပါတယ်။ ဒီလိုဖွက်ဖို့အတွက် Facebook Mobile App မှာ ပြုလုပ်လို့ မရပါဘူး။ Desktop , Laptop များကနေသာ ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် Mobile Phone ကနေ ပြုလုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။

သင့်ဖုန်းမှာ နဂိုပါတဲ့ Browser သို့မဟုတ် အခြား Browser တစ်ခုကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီမှာတော့ Google Chrome Browser ကို အသုံးပြု ပြသထားပါတယ်။ Chrome ကို ဖွင့်ပြီး www.facebook.com ကိုသွားပါ။ သင့်အကောင့်နဲ့ Login ၀င်ပါ။ ညာဘက်အပေါ်ထိပ်မှ ဒေါင်လိုက် အစက် သုံးစက်ကို နှိပ်ပါ။ Request desktop site မှာ အမှန်ခြစ်ပေးပါ။

1
Desktop Site ပေါ်လာရင် ဘယ်ဘက်အပေါ်ထောင့်မှ Edit Profile ကို နှိပ်ပါ။ Edit Profile Link ဟာ အရမ်းသေးနေရင် လက်နှစ်ချောင်းနဲ့ စကရင်ကို ပွတ်ဆွဲပြီး အကြီးချဲ့နိုင်ပါတယ်။
2

အောက်ဘက်ကို ဆင်းပြီး Likes ကဏ္ဍကို သွားပါ။ ညာဘက်ထောင့်မှ ခဲတံပုံ ခလုတ်ကို နှိပ်ပါ။ Edit privacy ကို နှိပ်ပါ။

3

နောက်အဆင့်မှာ သင် Like ထားတဲ့ Page တွေကို Movies, Television, Music စသဖြင့် ကဏ္ဍများဖြင့် ခွဲခြားပြသပေးထားပါတယ်။ တစ်ခုချင်းစီရဲ့ ညာဘက်မှ ကမ္ဘာလုံးခလုတ်ကို နှိပ်ပြီး Only Me ပြောင်းပေးပါ။ ဒါဆိုရင် သင့် Timeline ထဲကို ၀င်ကြည့်ရင် သင် Like ထားတဲ့ Page များကို သင်က လွဲပြီး အခြားလူများ မမြင်ရတော့ပါဘူး။
4