Saturday, July 30, 2016

“Global ROM ဖြင့် တရားဝင်တင်သွင်းနေသည့် Mi Max ဟန်းဆက်များတွင် မြန်မာဇော်ဂျီဖောင့် အသုံးပြုနိုင်ပြီ” ♫


Strong Source ကုမ္ပဏီမှ တရားဝင်တင်သွင်းနေသည့် Mi Max (Global ROM) ဟန်းဆက်များတွင် မြန်မာဇော်ဂျီဖောင့် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။Xiaomi ၏ MIUI Official Team မှ ထပ်မံပေးအပ်လိုက်သော Global Developer ROM, MIUI Version: 6.7.21 (MIUI8) တွင် မြန်မာနိုင်ငံမှ MIUI သုံးစွဲသူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ZawgyiX1 ဖြင့် Zaw Gyi Font အသုံးပြုလာနိုင်ခြင်းဖြစ်သည်။

လှည်းတန်းမှတ်တိုင် အနီး Smart Talk (Mi Corner) မှ တာဝန်ရှိသူတစ်ဦးက “ဒီနေ့မနက်ကပဲ Global ROM, MIUI Version 8 Stable ထပ်ရပြီလို့ကြားတယ်။ အဲဒါကိုတော့ စမ်းကြည့် ရဦးမယ်။ အဲဒီမှာသာ မြန်မာစာ အဆင်ပြေရင် အရင် Beta ဗားရှင်းသုံးနေတဲ့ Offical Mi Max အလုံးတွေကို အကုန်ပြန်တင်ပေးမှာပါ။ Warranty ရှိတဲ့ဖုန်း တွေအကုန်လုပ်ပေးပါတယ်။ လက်ရှိဆိုင်မှာတော့ Mi Max က 32 GB ရွှေရောင်တစ်မျိုးပဲရှိတယ်။ ဈေး ကတော့ ကျပ် ၂၇၅၀၀၀ ပါ။ 64 GB တို့ဘာတို့ကတော့ ကြာလိမ့်ဦးမယ်” ဟု ပြောသည်။

Xiaomi Global ROM ပါရှိသည့် ဟန်းဆက်များအား မြန်မာနိုင်ငံအတွက် တရားဝင် ဖြန့်ချိရေး ကိုယ်စားလှယ် အဖြစ် Strong Source Company Limited မှ တာဝန်ယူထားပြီး Xiaomi Global Official Smart Phone များအား မြန်မာတစ်ပြည်လုံးသို့ ဖြန့်ချိပေးနေခြင်းဖြစ်သည်။ထို့ပြင် လူမှုကွန်ရက် Social Media တစ်ခုဖြစ်သော Facebook စာမျက်နှာအဖြစ် Mi Myanmar နှင့် Mi Myanmar Fans Page များ ဖွင့်လှစ်ထားပြီး Mi Fans များအတွက် လိုအပ် သော ၀န်ဆောင်မှုများ ပေးအပ်လျှက်ရှိ ပါသည်။ Mi Myanmar ၏ ဘေးတွင် @xiaomiofficialmyanmar ဟူသော စာတန်းပါဝင်သည့် Mi Myanmar Facebook Page နှင့် Mi Myanmar Fans ၏ ဘေးတွင် @mimyanmarfansclub ဟူသော စာတန်းပါဝင်သော Mi Myanmar Fans Facebook Page များသည်သာ ကုမ္ပဏီ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာ များဖြစ်ကြောင်းလည်း ကုမ္ပဏီ မှ ထုတ်ပြန်ထားပါသည်။

Mi Fans များထဲမှ ကံစမ်းမဲ ပေါက်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည့် Mi Max Launching ပွဲကိုလည်း ဇူလိုင်လ ၁၆ ရက် (စနေနေ့) တွင် အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့ပြီး အဆိုတော် လေးဖြူအား Xiaomi ၏ Brand Ambassador အဖြစ် ခန့်အပ်ခဲ့ပါသည်။Strong Source ကုမ္ပဏီမှ တာဝန်ရှိသူကလည်း လက်ရှိ ဈေးကွက်တွင် ကုမ္ပဏီမှ တရားဝင် တင်သွင်းနေ သည့် Global ROM ရှောင်မီဟန်းဆက်များနှင့် China ROM ရှောင်မီဟန်းဆက်များဟူ၍ ဖြစ်နေ ကြောင်း၊ ကုမ္ပဏီ အနေဖြင့် တရားဝင် Global အလုံးများအပြင် China ROM ရှောင်မီဟန်းဆက်များကိုပါ Strong Source ၏ 1 Year Warranty ဖြင့် တင်သွင်းပေးသွားရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment