Wednesday, July 20, 2016

6.0.1 Mrrshmallow များကို Root လုပ်ပြီး မြန်မာစာထည့်နည်း


Samsung Galaxy J5(2016) Edition All Models ဖုန်းများအတွက် ဗားရှင်း
6.0.1 Mrrshmallow များကို Root လုပ်ပြီး မြန်မာစာထည့်နည်းကို တောင်းဆို
ထားကြတဲ့ ညီအကိုများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီ Galaxy J5(2016) Edition များကို Root လုပ်မယ်ဆိုရင်တော့ 
Stable အကျဆုံး နည်းလမ်းကတော့ Custom Recovery ထည့်သွင်းပြီး 
SuperSu.zip ဖိုင်ဖြင့် Root လုပ်ယူနည်းဖြစ်ပါတယ်။

Galaxy J5(2016) Edition တွင် Models များကတော့
 J510H / J510FN / J510F / J510GN ) ဖြစ်ကြပါတယ်

ယခုပိုစ့်တွင် TWRP Recovery File သည် အဆိုပါ 
Models များကို Support လုပ်ပေးမှာပဲဖြစ်ပါတယ်။

သိတဲ့အတိုင်းပဲ Galaxy J5(2016) ဖုန်းတွေရဲ့ ဗားရှင်းတော့ 
6.0.1 Mrrshmallow တွေကြီးဖြစ်ပါတယ်

Root process ကိုတော့ SM-J50GN ဖုန်းကို 
စမ်းပြထားတာပဲဖြစ်ပါတယ်၊ လုံးဝအဆင်ပြေပါတယ်။
ဒီဖုန်းများအတွက် Root လုပ်နည်းကိုတော့ ကိုယ်တိုင် စမ်းသပ်အောင်မြင်ပြီးမှ 
Share လိုက်တာတော့မဟုတ်ပါ တောင်းဆိုမှုကြောင့် xda ရဲ့ Source အတိုင်း
 ပြန်လည် တစ်ဆင့် မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်
  မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Galaxy J5(2016) Edition များအတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ
=========
1. Samsung USB Driver

2. Odin Flash Tool

3. TWRP Recovery.file

4. UPDATE-SuperSU-v2.76.zip
 Custom Recovery ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

၃။ ဒေါင်းလော့ရလာတဲ့ TWRP Recovery.zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ TWRP Recovery.zip ဖိုင်ကိုထည့်လိုက်ပါ။

၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
 volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းမှာ Volume Up + Home + power များကို တွဲနှိပ်ပေးပြီး
Recovery Mode သို့ဝင်ကြည့်လိုက်ပါ Team win twrp recovery screen ဖြင့်
တက်လာခဲ့ရင်တော့ သင့်ဖုန်းမှာ Custom Recovery ထည့်သွင်းပြီးပါပြီ။



 SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Up + Home + power ကိုတွဲနှိပ်ပေးပြီး
Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။


မြန်မာစာ အမှန်ထည့်သွင်းနည်း
=================
ဖုန်းမှာ Root Access ရရှိပြီးရင်တော့ 2016 ဖုန်းတွေနဲ့ ဗားရှင်းအမြင့်ဖုန်းတွေမှာ
မြန်မာစာကို System တစ်ခုလုံးမှန်အောင် ထည့်သွင်းမယ်ဆိုရင်တော့ လက်ရှိ
ကျနော် စမ်းသပ်အောင်မြင်ထားတာ နည်းလမ်း နှစ်ခုရှိပါတယ်။

၁။ Zawgyi Flashble.zip ဖိုင်များကို ထည့်သွင်းပေးခြင်း
 
၂။ MM Aio Font Changer များဖြင့် ထည့်သွင်းပေးခြင်း


အဆိုပါ နည်းလမ်းနှစ်ခုဖြင့် ဗားရှင်းအမြင်ဖုန်းတွေနဲ့ 2016 Series များကို အဆင်ပြေပါတယ်
တစ်ခြား Developer များ၏ .bat များနဲ့ Auto Installer များကိုတော့ မစမ်းအားသေးပါ


၁။ ကီးဘုတ်အတွက် Frozen Keyboard 2 Update version ကို
Play Store ဒေါင်းလော့ပြီး ထည့်သွင်းပေးလိုက်ပါ။

၂။ ဖောင့်အတွက် MM Aio Font Changer Pro_Beta 2.1.apk ကို
ဒေါင်းလော့လင့်တွင် ဒေါင်းလော့ရယူပြီး ထည့်သွင်းပေးလိုက်ပါ။

ဖုန်းမှာ Restart ကျပြီးလို့ ပြန်တက်လာတဲ့အခါ Browser တွင်မြန်မာစာ
100% နှုန်း အဆင်ပြေပြေ မြင်နေရပါလိမ့်မယ်၊ Social App တွေတော့
အထူးပြောစရာမလိုတော့ဘူးပေါ့ဗျာ


ဇူးနစ်(နည်းပညာ)

www.zunite.org
 
 
 

5 comments:

  1. အကိုရေ root မလုပ်ပဲမြန်မာစာထည့်လို့လား

    ReplyDelete
  2. sm j510gn root ok ပါတယ်

    ReplyDelete
  3. j510Gn မှာလုံးဝအိုကေပါတယ် ကျေးဇူးပါဗျာ

    ReplyDelete
  4. Root မလုပ်​ဘဲမြန်​မာစာ​ပေါ်​အောင်​လုပ်​လို့မရဘူးလားအကို

    ReplyDelete