Monday, July 18, 2016

Android ဖုန်း ဘက်ထရီ သက်တမ်း ကြာရှည် အသုံးခံဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၁၉) ချက်


စမတ်ဖုန်းတွေမှာ ဘက်ထရီ ကြာရှည်ခံဖို့ ဆိုတဲ့ ကိစ္စက လက်ရှိ အချိန် ကာလတွေမှာ ပိုလို့တောင် အရေးပါတဲ့ ကိစ္စတစ်ခုလို ဖြစ်လာပါတယ်။
မိုဘိုင်းဖုန်းနဲ့ (၁) စက္ကန့်တောင် ခွဲခွာမရ ဖြစ်လာနေတဲ့ လူ့အသိုင်းအ၀ိုင်းမှာ ဖုန်းဘက်ထရီက အရေးကြီးလာပါပြီ။ ဒီတစ်ပတ်မှာတော့ Android ဖုန်း ပိုင်ရှင်တွေအတွက် ဘက်ထရီ သက်တမ်းကြာရှည်ခံဖို့ရာ လုပ်ဆောင်နိုင်မယ့် အချက်လေးတွေကို တင်ပြပေးမှာပါ။
01// Black wallpaper
သင့်ရဲ့ ဖုန်းက AMOLED screen ဆိုရင်တော့ အနက်ရောင် နောက်ခံကို သုံးလိုက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ black wallpaper က ဘက်ထရီ သက်တမ်းကို ချွေတာနိုင်ပါတယ်။ AMOLED screen ဆိုတာ color pixels တွေကိုပဲ တောက်ပစေတာ ဖြစ်တဲ့အတွက် အနက်ရောက် pixel ကိုသာ အသုံးပြု လိုက်မယ်ဆိုရင် အလင်းပေးဖို့ ဘက်ထရီအား အသုံးပြုမှု လျော့ နည်းသွားမှာ ဖြစ်တာကြောင့် ဘက်ထရီသက်တမ်း ပိုထွက်လာပါလိမ့်မယ်။
02// Doze
Doze လို့ခေါ်တဲ့ feature ကတော့ Android 6.0 Marshmallow နဲ့အတူ ပါရှိ လာတာဖြစ်ပြီး ဘက်ထရီသက်တမ်းအတွက် ဆိုရင်တော့ ထည့်သွင်း စဉ်းစား ရမယ့် အချက်၊ အသုံးပြုရမယ့် အခက်ပါ။ အသိအမှတ်ပြုရမယ့် ဒီ Doze က ဖုန်းကို ပီစီတွေမှာလိုပဲ hibernation mode ကို ၀င်ရောက်လာနိုင်မှာ ဖြစ်တဲ့ အတွက် အချိန်ကြာမြင့်စွာ ဖုန်းကို အသုံးမပြုဘဲ ထားချိန်တွေမှာ ဘက်ထရီ က ၃ ရာခိုင်နှုန်း ဒါမှမဟုတ် ၄ ရာခိုင်နှုန်းလောက်ပဲ အားကုန်မှာ ဖြစ်ပါ တယ်။
03// Greenify
Greenify ကတော့ ဖုန်း အသုံးမပြုတဲ့ အချိန်ဆိုရင် app တွေကို hibernation mode ပြုလုပ်ထားနိုင်မှာမို့ background မှာ app တွေ run နေမှာ မဟုတ်တဲ့အတွက် ဘက်ထရီ စွမ်းအားကို မြှင့်တင်ပေးပြီးသား ဖြစ်နေမှာပါ။
04// Auto-brightness မသုံးပါနဲ့
Auto-brightness ကို မသုံးပါနဲ့လို့ အကြံပေးပါရစေ။ ဒီလုပ်ဆောင်ချက်က အသုံးဝင်သယောင်တော့ ရှိပါတယ်။ ဒါပေမယ့် auto-brightness က ပုံမှန် လိုအပ်တာထက် ပိုမို တောက်ပနေတတ်လို့ manual သုံးတာ ပိုအဆင်ပြေ ပါလိမ့်မယ်။ လိုအပ်တဲ့ အချိန်မှာ ကိုယ့်ဘာသာ အလင်းအမှောင် ညှိသင့် ပါတယ်။ ဒါကတော့ ဘက်ထရီ သက်တမ်းအတွက် မလိုအပ်တဲ့ သုံးစွဲမှု တစ်ခု ကို လျှော့ချတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ screen ဆိုတာ ဘက်ထရီ သုံးစွဲမှု အများဆုံး အရာတွေထဲက တစ်ခုမို့ပါ။
05// Screen timeout အချိန်တိုတိုပဲ ထားပါ
Display screen timeout ကို အချိန်အနည်းငယ်သာ ထားခြင်းဖြင့် ဘက်ထရီ သက်သာစေပါတယ်။ ၁၅ စက္ကန့်လောက် ထားရမယ့် နေရာမှာ ၁ မိနစ်လောက် ထားမိတယ်ဆိုရင် ဘက်ထရီ ၄ ဆ ပိုကုန်မယ်ဆိုတာ စဉ်းစား ရုံနဲ့ ဘက်ထရီ ဘယ်လောက်စားမလဲ မြင်မှာပါ။ လေ့လာချက် တစ်ခုအရ စမတ်ဖုန်းတွေကို သုံးစွဲသူတွေဟာ တစ်နေ့ကို အကြိမ် ၁၅၀ လောက် ဖုန်းကို ဖွင့်တတ်ကြတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် screen timeout ထားရှိမှုက လည်း အရေးပါတာကို သိထားသင့်ပါတယ်။
06// Smart feature တွေ ပိတ်ထားပါ
Air gestures နဲ့ smart scrolling လိုမျိုး feature တွေကို ပိတ်ထားသင့်ပါ တယ်။ အထူးသဖြင့် Samsung ဖုန်းကိုင်တဲ့ အခါမျိုးမှာပါ။ နေ့စဉ်အမြဲ ဒီ feature တွေကို မသုံးဘဲ ဖွင့်ထားရင်တော့ ဘက်ထရီကို အလဟဿ သက်သက် ဖြုန်းတီးရာ ရောက်စေမှာ ဖြစ်ပါတယ်။
07// အသံ နှင့် vibration ပိတ်ခြင်း
Vibrate တကယ် မလိုအပ်ဘူး ဆိုရင် ပိတ်ထားသင့်ပါတယ်။ ဒါ့အပြင် ကီးဘုတ် ရိုက်တဲ့အခါ၊ icon တွေကို နှိပ်တဲ့အခါ ထွက်တဲ့ အသံတွေကိုလည်း ပိတ်ထားမယ်ဆိုရင် ဘက်ထရီစား ပိုသက်သာစေပါလိမ့်မယ်။
08// Lock screen notifications
Lock screen notifications တွေ အသုံးပြုခြင်းကလည်း ဘက်ထရီ သက်သာစေပါတယ်။ အထူးသဖြင့် AMOLED screen နဲ့ ဖုန်းတွေမှာ ပို အဆင်ပြေပါတယ်။ အချိန်တိုအတွင်းမှာ notification တွေကို ဖုန်း screen တစ်ခုလုံး ဖွင့်စရာမလိုဘဲ မြင်တွေ့နိုင်လို့ပါပဲ။ Android KitKat ကို သုံးနေတဲ့ သူတွေအနေနဲ့ကတော့ widget နဲ့ notification တွေကို ROM က support လုပ်တယ်ဆိုရင် lock screen widget တွေကို စမ်းသုံးကြည့်သင့်ပါတယ်။
09// မူရင်း ဘက်ထရီ အစစ်တွေကိုသာ အသုံးပြုပါ
နဂိုမူလ ပါဝင်ထားတဲ့ ဘက်ထရီတွေ ဒါမှမဟုတ် အာမခံချက်ရှိတဲ့ အမှန် တကယ် ကောင်းမွန်တဲ့ ဘက်ထရီတွေကိုသာ အသုံးပြုသင့်ပါတယ်။
ဘက်ထရီ ၀ယ်ယူရာမှာ ငွေကို နှမြောပြီး ချွေတာလိုက်တာနဲ့ စမတ်ဖုန်းကို များစွာ ထိခိုက်စေမှာ ဖြစ်တဲ့အပြင် ဘက်ထရီ စွမ်းဆောင်ရည်ကိုလည်း ညံ့စေမှာ ဖြစ်တဲ့အတွက် သတိထားရမှာ ဖြစ်ပါတယ်။


10// Do not Disturb ဒါမှမဟုတ် ‘sleep’ schedule ကို set လုပ်ထားပါ
ဖုန်းတွေမှာ ပါဝင်တဲ့ sleep ဒါမှမဟုတ် Do not Disturb setting တွေကို အသုံးပြုခြင်းအားဖြင့် ဖုန်းရဲ့ ဘက်ထရီ သုံးစွဲမှုကို သိသိသာသာ ချွေတာ နိုင်မှာ ဖြစ်ပါတယ်။ ဖုန်း အသုံးမပြုတော့တဲ့ ညဘက် ဒါမှမဟုတ် လိုင်းမမိ တော့တဲ့ အချိန်မျိုးတွေမှာ ဒီလို airplane mode ၊ blocking mode တွေ ပြောင်းထားမယ်ဆိုရင် ဖုန်းရဲ့ ဘက်ထရီစွမ်းအားကို ပိုကြာမြင့်စွာ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ IFTTT လို app တွေက သင့်ရဲ့ ဘက်ထရီ သက်တမ်းကို ကောင်းကောင်း ချွေတာပေးနိုင်မှာဖြစ်လို့ သုံးသင့်တဲ့ app တစ်ခုအနေနဲ့ ညွှန်းချင်ပါတယ်။
11// အင်တာနက်ကို အချိန်ပြည့် အမြဲတမ်း ဖွင့်မထားပါနဲ့
အင်တာနက်ကို အမြဲ ဖွင့်မထားသင့်ပါဘူး။ ဒါ့အပြင် မလိုအပ်တဲ့ အချိန်မှာ location data ၊ GPS ၊ Bluetooth ၊ NFC ၊ Wi-Fi နဲ့ အင်တာနက် စတာ တွေကို ပိတ်ထားသင့်ပါတယ်။ ဒါကလည်း ဘက်ထရီ သက်သာစေတဲ့ နည်း လမ်းများထဲက အချက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်ထဲမှာ မဖြစ် မနေ ဖုန်းနဲ့ အင်တာနက်ကို WiFi ကနေ ချိတ်ဆက် သုံးရမယ်ဆိုရင်တော့ WiFi ကို ‘Always on during sleep’ လို့ ပြောင်းထားပေးခြင်းအားဖြင့် သင့် ဖုန်းကို မသုံးတဲ့ ကြားချိန်တွေမှာ WiFi ချိတ်ဆက်မှုက အလုပ်လုပ်မှာ မဟုတ်ဘဲ ပြန်သုံးတဲ့ အချိန်မှသာ အလိုအလျောက် ပြန်လည် ချိတ်ဆက် မှာဖြစ်လို့ ဘက်ထရီအတွက် အကောင်းဆုံး ချွေတာမှုတစ်ခု ဖြစ်စေပါတယ်။
12// Widgets တွေ တကယ် မသုံးရင် ဖယ်ရှားပါ
Widgets တွေကို တကယ် မသုံးဖြစ်ဘူး ဆိုရင်တော့ ဖယ်ရှားသင့်ပါတယ်။ အင်တာနက်နဲ့ ချိတ်ဆက်သုံးရတဲ့ weather widget တို့လို widget တွေက မလိုအပ်ရင် ပိုလို့တောင် ဖယ်ရှားရပါမယ်။ ကိုယ်အမှန်တကယ် သုံးမယ့် widget တွေကိုပဲ ရွေးချယ် ထားသင့်ပါတယ်။
13// ဖုန်းထဲက ဘက်ထရီ သက်သာစေမယ့် feature တွေကို သုံးပါ
Android ရဲ့ OEM UI တွေဖြစ်တဲ့ TouchWiz လို ROM တွေနဲ့ CyanogenMod လို custom ROM အားလုံးမှာ ဘက်ထရီ သုံးစွဲမှုအတွက် ပိုမိုကောင်းမွန်စေဖို့ရာ ကူညီပေးနိုင်မယ့် settings တွေ ရှိပါတယ်။ HTC မှာဆို Extreme Power Saving Mode ၊ Samsung မှာဆို Ultra Power Saving Mode နဲ့ Sony မှာဆို STAMINA mode တို့ ပါဝင်ပါတယ်။ ဒီလို အမျိုးမျိုးသော options တွေကိုလည်း ဘက်ထရီသက်တမ်းအတွက် အထောက်အပံ့အဖြစ် အသုံးပြုသင့်ပါတယ်။
14// Battery saving mode
ဖုန်းမှာ တခြား Battery saving feature တွေ မပါရှိဘူးဆိုရင်တောင်မှ basic battery saver mode ကတော့သုံးလို့ ရပါတယ်။ Android Lollipop မှာ default ပါရှိထားပြီး Android M ရဲ့ အမိုက်စား Doze feature ကတော့ ဖုန်းက sleep ဖြစ်နေချိန်မှာ ဘက်ထရီ သုံးစွဲမှုကို အနိမ့်ဆုံးအထိ လျှော့ချ ပေးမှာ ဖြစ်ပါတယ်။
15// Auto-sync ထောင်ချောက်ထဲကို မ၀င်ပါနဲ့
ဘက်ထရီ ချွေတာချင်တယ် ဆိုရင်တော့ Google အကောင့်တွေအတွက် auto-sync ကို ပိတ်ထားသင့်ပါတယ်။ Google အကောင့် တစ်ခုချင်းစီတိုင်း မလိုအပ်ဘူးဆိုရင် Settings ထဲကိုဝင် Google account ကတဆင့်auto-sync ကို ပိတ်ထားရပါမယ်။ ဆက်တိုက် update လုပ်နေစရာ မလိုပါဘူး။
16// Manual update သာ ပြုလုပ်ပါ
ဘက်ထရီ သက်တမ်း ကြာရှည်ခံဖို့အတွက် ဆိုရင်တော့ app တွေကို အလိုလျောက် update လုပ်လို့ မဖြစ်အောင် စီစဉ်ထားပါ။ လိုအပ်မှသာ စိတ်ကြိုက် app တွေကို manual update ပြုလုပ်ခြင်းအားဖြင့် ဘက်ထရီ ချွေတာမှုအတွက် အကောင်းဆုံး ဖြစ်စေပါမယ်။
17// အရမ်းမိုက်တဲ့ Google voice ကို မသုံးနဲ့
Google voice searching ဆိုရင် အရမ်းမိုက်တဲ့ feature တစ်ခုပါ။ ဘက်ထ ရီ သက်သာချင်တယ် ဆိုရင်တော့ သူ့ကို မသုံးတာ ကောင်းပါတယ်။ ဘက်ထရီ အရမ်းစားလို့ပါ။
18// ဖုန်းလိုင်း ပြောင်းသုံးပါ
ဖုန်းအော်ပရေတာတွေရဲ့ ဒေတာ ထုတ်လွှတ်ပုံ ၊ အသုံးပြုတဲ့ frequency band တွေကအစ မတူပါဘူး။ ဘက်ထရီ သက်တမ်းကလည်း ဒီလို အချက်တွေအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဒါ့ကြောင့် ဖုန်းလိုင်းနဲ့ ဟန်းဆက် ရွေးချယ် ၀ယ်ယူရာမှာလည်း အရေးကြီးတဲ့ အချက်တစ်ခု အနေနဲ့ စဉ်းစားရမှာ ဖြစ်ပါတယ်။
19// ဖုန်းသုံးစွဲမှု အကျင့်ပုံစံကို ထိန်းသိမ်းမယ်ဆိုရင်
ဖုန်းကို တကယ်ပဲ ၁၀ မိနစ် တစ်ခါလောက် check လုပ်ပေးဖို့ လိုအပ်ပါ သလား။ တကယ် မလိုအပ်ဘူး ဆိုရင်တော့ ဖုန်းကို အရမ်း မလိုအပ်ဘဲ screen ခဏခဏ ဖွင့်မသုံးစွဲဘူး ဆိုရင်လည်း ဘက်ထရီ သက်တမ်းအတွက် ကောင်းတဲ့အချက် ဖြစ်ပါတယ်။
Credit: Itizen Weekly

No comments:

Post a Comment