Saturday, July 23, 2016

♪ iOS 10 မှာ Lightning Port ရေစိုနေရင် သတိပေးမယ့် လုပ်ဆောင်ချက်အသစ် ပါဝင်လာ ♫


သင့် iPhone ရဲ့ Lightning အပေါက်မှာ ရေစိုနေရင် မသုံးဖို့သတိပေးသွားမယ့်လုပ်ဆောင်ချက်အသစ်တစ်ခုကို Apple ဟာ iOS 10 မှာ စမ်းသပ်လျက်ရှိတယ်လို့ သိရပါတယ်။

အကယ်၍ ရေစိုနေတဲ့ Lightning အပေါက်မှာ ဖုန်းဆက်စပ်ပစ္စည်းတစ်ခုခု ထိုးလိုက်ပါက၊ ဖုန်းမျက်နှာပြင်မှာ သတိပေးမက်ဆေ့ပေါ်လာမှာဖြစ်ပြီး၊ Lightning port ခြောက်သွားမှသုံးဖို့ အကြံပြုပေးသွားမှာဖြစ်ပါတယ်။

iOS 10 ရဲ့ နောက်ဆုံး beta ဗားရှင်း 3 မှာ ယခုလုပ်ဆောင်ချက်အသစ်ကို စတင်မြင်တွေ့ခဲ့ရတာဖြစ်ပြီး၊ လက်ရှိမှာ iPhone 6s ၊ iPhone 6s Plus နဲ့ iPhone SE သုံးစွဲသူတွေပဲ ရရှိဦးမှာဖြစ်ပါတယ်လို့ သိရပါတယ်။

Engadget သတင်းဌာနက စတင်တွေ့ရှိခဲ့တဲ့ ယခုလုပ်ဆောင်ချက်ဟာ Lightning အပေါက်မှာ ရေအစိုဓာတ်ကို တွေ့ပြီဆိုတာနဲ့၊ ရေဓာတ်ကြောင့် နောက်ထပ်ပျက်စီးမှုတွေမဖြစ်အောင်၊ Lightning port မှာထိုးထားတဲ့ ဖုန်းဆက်စပ်ပစ္စည်းကို ချက်ချင်းဖြုတ်ခိုင်းသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် Lightning port ကို လုံးဝမသုံးခိုင်းတာမျိုးမဟုတ်ဘဲ၊ အသုံးပြုသူဆန္ဒရှိရင် Ignore လုပ်ကာ ဆက်လက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။

Youtube ဗီဒီယိုမှာဖော်ပြထားချက်အရ၊ iPhone ဟာ ရေစိုနေတဲ့ Lightning port ထဲ ဆက်စပ်ပစ္စည်းတစ်ခုခုထိုးမိရင် ချက်ချင်းသတိပေးနိုင်မှာမဟုတ်ဘဲ၊ ရေအစိုဓာတ်ကို သိရှိဖို့ အချိန်အနည်းငယ်ကြာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ယခု feature ဟာ စမ်းသပ်ဆဲအဆင့်ဖြစ်တာကြောင့်၊ စက်တင်ဘာလထဲ iOS 10 နောက်ဆုံးဗားရှင်းထွက်လာရင်တော့ အများကြီး ပိုကောင်းလာဖွယ်ရှိနေပါတယ်။
Credit to ==> Digital Times

No comments:

Post a Comment