Wednesday, July 6, 2016

♪ Apple ပစ္စည်းများနဲ့ အခြားအီလက်ထရောနစ် ပစ္စည်းအဟောင်းများ လဲလှယ်နိုင်မဲ့ အစီအစဉ် Apple ပြုလုပ် ♫


သင့်မှာရှိနေတဲ့ Apple ပစ္စည်းအဟောင်းတွေကို Apple က အသစ်တွေနဲ့ ပြန်လဲပေးမယ်ဆိုရင် သင်ယုံမလား? မယုံမရှိပါနဲ့။ အခုဆိုရင် Apple က ပတ်ဝန်းကျင်ထိန်းသိန်းမှုကို အားပေးတဲ့အနေနဲ့ Apple ကုမ္ပဏီမှ အသုံးပြုသူတို့ လက်ထဲမှာ ရှိနေတဲ့ Apple ပစ္စည်း အဟောင်းတွေနဲ့ အခြား အီလက်ထရောနစ်ပစ္စည်း အဟောင်းတွေကို Apple Store သို့မဟုတ် အွန်လိုင်းမှ လဲလှယ်နိုင်မဲ့ အစီအစဉ်ဖြစ်ပါတယ်။ မိမိ လဲလှယ်လိုတဲ့ Apple ပစ္စည်းများကို http://www.apple.com/recycling/ မှာ သွားရောက် Submit လုပ်နိုင်ပြီး မိမိ Products ရဲ့ မော်ဒယ်အမျိုးအစားများကိုရွေးချယ်ကာဖော်ပြရမှာဖြစ်ပါတယ်။
အကယ်၍ သင်လဲလှယ်လိုတဲ့ Apple ပစ္စည်းများဟာ Apple ရဲ့ သတ်မှတ်စံချိန် စံညွှန်းနဲ့ ကိုက်ညီမှု ရှိခဲ့ရင်တော့ အသစ်တစ်လုံးနဲ့ ပြန်လည် လဲလှယ်ခွင့် ရရှိနိုင်တဲ့ Gift Card ကို Email ဖြင့်ပို့ပေးမှာဖြစ်ပါတယ်။ ထို Gift Card နဲ့ Apple Store များမှာ မိမိရဲ့ Apple ပစ္စည်းနဲ့ ကိုက်ညီတဲ့ နောက်ထပ် အသစ်တစ်လုံးကို သွားရောက်လဲလှယ်နိုင်မှာဖြစ်ပါတယ်။
Apple ကုမ္ပဏီမှ လဲလှယ်ခွင့်ပြုထားတဲ့ ပစ္စည်းတွေကတော့ iPad, iPhone နှင့် အခြား စမတ်ဖုန်းများ၊ Mac Desktop, Mac Notebook နှင့် အခြား PC များ၊ iPad နှင့် အခြား အီလက်ထရောနစ် ပစ္စည်းများကို လဲလှယ်နိုင်ပါတယ်။ ဒါပေမဲ့ Apple ရဲ့ သတ်မှတ်စံချိန် စံညွှန်းနဲ့ ကိုက်ညီမှ လဲလှယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အီလက်ထရောနစ် ပစ္စည်းများနဲ့ Apple ရဲ့ ပစ္စည်းများကို အသစ်အတိုင်း ပြန်လည်ရရှိလိုတယ်ဆိုရင်တော့ အခုပဲ http://www.apple.com/recycling/ မှာသွားရောက် Submit လုပ်လိုက်ပါ။

Ref: Apple
Aung Ko Htet (MMA)
#aungkohtet_mma

No comments:

Post a Comment