Monday, July 4, 2016

iOS Device ကို တစ်ပါးသူလက်မှပြန်ဝယ်တော့မယ်ဆိုရင် စစ်ဆေးကြည့်ရမယ့်အချက်များ



iOS Device ကို တစ်ပါးသူလက်မှပြန်ဝယ်တော့မယ်ဆိုရင် စစ်ဆေးကြည့်ရမယ့်အချက်တွေတော်တော်များများရှိပါတယ်...အောက်ပါအချက်အလက်များကို ငွေမချေမီ စစ်ဆေးပြီးမှသာ Second hand iOS Device များကိုဝယ်ယူစေလိုပါတယ်... 
..
iCloud Activation Lock
.
~ ပထမဆုံးအရေးကြီးတာကတော့ iCloud Activation Lock Status Checker ကိုသွားရောက်ပြီးတော့ မိမိဝယ်ယူမယ့် Second Hand Devices ရဲ့ IMEI သို့မဟုတ် Serial number ကိုရေးထည့်ပြီး စစ်ဆေးဖို့လိုအပ်ပါမယ်... အဆိုပါ Link ကို Web နဲ့ Desktop Browser တွေကနေပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်.... 
.
*** IMEI number ကို Device ရဲ့ ကျောနောက်ဖက်အောက်ခြေ၊ Box နှင့် Settings App > General > About > IMEI စသည်တို့မှာ ကိုက်ညီမှုရှိ၊မရှိ စစ်ဆေးဖို့လဲ လိုအပ်ပါတယ် ***
..
..
Check Carrier Lock/SIM Lock
.
~ အချို့သောနိုင်ငံများမှာ Contract နဲ့ ၀ယ်ယူထားတဲ့ iPhone များဟာဆိုရင် အဆိုပါဝယ်ယူထားတဲ့ Carrier SIM မှလွဲ၍ အခြားသော နိုင်ငံမှ SIM Card ထည့်သွင်းပြီးအသုံးပြုလို့မရပါဘူး... 
.
*** အလွယ်ကူဆုံး စစ်ဆေးတဲ့နည်းကတော့ SIM Card ကိုထည့်ကြည့်လိုက်ပါ... Status Bar မှာ Network Name တွေ့ပြီး အသုံးပြုလို့ရတယ်ဆိုရင် Unlock ဖြစ်ပြီး "Insert a valid SIM card" ဟူသည့် Alert message တက်လာခဲ့ရင်တော့ Lock အလုံးဖြစ်ပါတယ် ***
..
..
Personal Data
.
~ ပြီးရင် အကြံပေးချင်တာကတော့ ရောင်းမယ့်သူရဲ့ Data တွေ Device ထဲမှာ မရှိနေစေဖို့အတွက်သေချာ၊မသေချာ စစ်ဆေးပါ... 
Settings App > General > Reset > Erase All Content and Settings ကိုနှိပ်ပြီး ခနလောက်စောင့်ပေးလိုက်ပါ.. 
..
..
Check the Casing
.
~ Device ရဲ့ Casing မှာ အနာအဆာရှိမရှိစစ်ဆေးပါ . . . ဘာကြောင့်လဲဆိုတော့ သင်ဝယ်ရမယ့်ဈေးနဲ့ Device မှာ ထိခိုက်မှုတခုခုရှိနေခဲ့ရင် နစ်နာစေပါလိမ့်မယ်...
..
..
Accessories 
.
~ Lighting Cable, Wall-plug နဲ့ Ear-piece တွေရဲ့သန့်ရှင်းမှု နဲ့ ကောင်းမွန်စွာအလုပ် လုပ်၊မလုပ် စစ်ဆေးပါ...
.
*** Portable charging device တခုခုယူဆောင်သွားကာ Lightning Cable အလုပ်လုပ်၊မလုပ်ကိုအလွယ်စစ်ဆေးနိုင်ပေမယ့် Wall-plug ကိုတော့ Plug မရှိရင် စစ်ဆေးဖို့လွယ်ကူမှာမဟုတ်ပါဘူး... 
Wall-plug ကတော်ရုံနဲ့တော့မပျက်စီးနိုင်ပါဘူး.. 
Ear-piece ကိုစစ်ဆေးမယ်ဆို၇င် Device ဟာ Reset လုပ်ထားမှာဖြစ်တဲ့အတွက် Music App မှာသီချင်းရှိနေနိုင်မှာမဟုတ်ပါဘူး... အလွယ်ဆုံးနည်းကတော့ SoundCloud သို့မဟုတ် YouTube ကို Safari App မှဝင်ရောက်ကာ တခုခုဖွင့်ကာ စမ်းနိုင်ပါတယ်... 
Mic ကိုစစ်ဆေးဖို့နည်းလမ်းကတော့ မိမိအသိ၊ သူငယ်ချင်းများဆီကို ဖုန်းခေါ်ခြင်းဖြင့် စမ်းသပ်နိုင်တဲ့အပြင် Siri နဲ့လဲစမ်းနိုင်ပါတယ် ***
..
..
Battery Life
.
~ Battery သက်တမ်းကိုတချက်စစ်ကြည့်ပါ .. Device ကို Sim card ထည့်ပြီး Activate လုပ်ကာ Cellular Data (3G/LTE/4G) ဖွင့်၊ Location Service ဖွင့်ပြီး ၅မိနစ် ၁၀မိနစ်ခန့်သုံးကာ စစ်ဆေးကြည့်ပါ... ပုံမှန်ထက်ပိုမိုလွန်ကဲစွာ Battery စားနေရင် ၀ယ်ယူဖို့ ပြန်လည်သုံးသပ်သင့်ပါတယ်... 
.
*** Battery မကောင်းတော့လို့ လဲမယ်ဆိုရင်လဲ ယနေ့အခါမှာတော့ ဆိုင်တော်တော်များများ Model အလိုက်ဈေးများနဲ့ ရှေးယခင်ကလို မရှားပါးတော့ပါဘူး ***
..
..
Liquid Damage 
.
~ Water Damage ရှိမရှိစစ်ဆေးဖို့ကလဲ အရေးကြီးပါတယ်... Liquid Contact Indicators (LCI) လို့ခေါ်တဲ့ ရေထိ၊ရေ၀င်ထားမှုကိုပြသပေးနိုင်တဲ့ Sticker type small indicator ဟာ iOS Devices တွေမှာ ပါဝင်ပါတယ်... ပုံမှန် LCI ဟာ အဖြူရောင်သာဖြစ်ပြီး Liquid Damage ထိထားတဲ့ Device ဆိုရင် အဆိုပါ LCI ဟာ အနီရောင်သို့ပြောင်းနေမှာဖြစ်ပါတယ်.. Liquid Damage ဖြစ်ထားတဲ့ Device တွေဟာ ဘယ်လောက်ကြာကြာ ရေထိ၊ ရေ၀င်ထားလဲပေါ်မူတည်ပြီး ပျက်စီးမှုကိုဖြစ်ပေါ်စေပါတယ်...
.
Liquid Damage ဖြစ်ထားတယ်ဆိုရင် LCD (Screen) fault, Home Button Failure, Power Button Failure, Volume button Failure, Mute Button Failure, Power docks and pins damage, Short Circuit, Battery Failure, IC Power flow, Main Board component damage, Camera and Wifi chip damage တို့အပြင် အခြားသောအရာများလဲ ထိခိုက်စေနိုင်မယ်လို့ Apple မှ ရှင်းပြထားတာတွေ့ရပါတယ်... 
.
*** Liquid Damage ဖြစ်ထားတဲ့ Device ကို Apple Service မှာ ပြန်လည်ပြုပြင်တဲ့အခါမှာတော့ ကျသင့်ငွေကို Customer ဖက်မှပေးချေရမှာဖြစ်ပါတယ်... AppleCare Protection Plan (APP) ရှိနေသည့်တိုင် Liquid Damage ဖြစ်ထားတယ်ဆိုရင်တော့ တာဝန်ယူမှာမဟုတ်ပါဘူး.. ပြုပြင်ပြီးတဲ့ Device များကိုတော့ LCI အသစ်ပြန်လည်တပ်ပေးလိုက်မှာဖြစ်ပြီး Apple Service မဟုတ်တဲ့ ပြင်ပမှ Phone Repair & Service များမှာတော့ LCI အသစ်ကိုပြန်လည်တပ်ပေးခြင်းရှိ၊မရှိသေချာစွာမသိပါ ***
.
အောက်မှာတော့ Apple iOS Device များမှာပါဝင်တဲ့ Liquid Contact Indicator ရဲ့ တည်နေရာပြပုံကိုကြည့်ရှုနိုင်ပါတယ်.. 
.
အထက်ပါအချက်များကို သေချာစွာစစ်ဆေးပြီး အဆင်ပြေတယ်ဆိုရင်တော့ အေးအေးဆေးဆေး ၀ယ်ယူနိုင်ပါပြီ....
ref - 
IOS Banker .MM

No comments:

Post a Comment