Monday, July 4, 2016

Facebook နှင့် Viber အခမဲ့ အသုံးပြုနိုင်မည့် တယ်လီနော၏ “စိတ်ကြိုက်” အစီအစဉ်သစ် စတင်




တယ်လီနော မြန်မာလီမိတက် (တယ်လီနော) မှ သုံးစွဲသူများအတွက် အသက်သာဆုံး အသံနှင့် ဒေတာများကို ၀န်ဆောင်မှုပေးမည့် ရည်ရွယ် ချက်ကို ပိုမိုထိရောက်စေရန် ဈေးနှုန်း အစီအစဉ် အသစ်တစ်ခုကို စတင် မိတ်ဆက်လိုက်သည်။

တယ်လီနော သုံးစွဲသူများအနေဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက် မှ စတင် ကာ “စိတ်ကြိုက်” ဟု အမည်ပေးထားသော အစီအစဉ်သစ်ကို စတင် အသုံးပြု နိုင်မည်ဖြစ်ပြီး အဆိုပါ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး အင်တာ နက် ကွန်ရက်ပေါ်တွင် Facebook နှင့် Viber ကို အခမဲ့ သုံးစွဲနိုင်မည်ဖြစ် သည်ဟု ဆိုသည်။


“စိတ်ကြိုက်” အစီအစဉ်ကို သုံးစွဲသူများ အနေဖြင့် အခြား ၀န်ဆောင်မှုများ အတွက် (ည ၇ နာရီမှ မနက် ၇ နာရီ) အတွင်း ဖုန်းပြောဆိုမှုအတွက် တစ် မိနစ် ၂၀ ကျပ်နှင့် ဒေတာ (အင်တာနက်သုံးစွဲမှု) အတွက် 1MB/ ၆ ကျပ်နှုန်း ဖြင့် လည်းကောင်း၊ (မနက် ၇ နာရီမှ ည ၇ နာရီ) အတွင်း တစ်မိနစ် ၂၅ ကျပ် နှင့် 1MB/ ၈ ကျပ်နူန်းဖြင့် လည်းကောင်း သုံးစွဲနိုင်မည်ဖြစ်သည်။


“စိတ်ကြိုက်” အစီအစဉ်ကို ရယူလိုပါက ၃၆၅ သို့ SK ON ဟု ပေးပို့၍ ဖြစ်စေ၊ *365*3# သို့ ခေါ်ဆို၍ဖြစ်စေ တယ်လီနော Call Center ၀၉၇၉၀၀၉၇၉၀၀ (တယ်လီနောအသုံးပြုသူများအနေဖြင့် ၉၇၉ သို့လည်းကောင်း) ခေါ်ဆိုရယူ နိုင်ပြီး စိတ်ကြိုက် အစီအစဉ် ၀န်ဆောင်မှုကို ပထမဆုံး အသုံးပြုရန် ခေါ်ဆို ရယူသည့်နေ့မှ စတင်ပြီး Facebook နှင့် Viber ကို (၇) ရက် အခမဲ့ အသုံးပြု နိုင်မည်ဖြစ်ကြောင်း (၇) ရက် ပြည့်ပြီး နောက်ပိုင်းတွင် သုံးစွဲသူ၏ ငွေဖြည့်မှု အနေအထားပေါ် မူတည်ပြီး အစီအစဉ်ကို ဆက်လက် ရရှိသွားမည်ဖြစ် ကြောင်း သိရသည်။


စိတ်ကြိုက်အစီအစဉ်မှ Facebook နှင့် Viber ကို (၇) ရက် အခမဲ့ သုံးစွဲခွင့် အတွက် ကျသင့်မည့် နူန်းထားများမှာ ၇ ရက် ပြီးနောက် ၃၀၀၀ ကျပ် အထိ ထပ်မံ ငွေဖြည့်ပါက ၅ ရက်ကြာ အခမဲ့၊ ၃၀၀၀ မှ ၉၉၉၉ ကျပ် အထိ ထပ်မံ ငွေဖြည့်ပါက ၁၀ ရက်ကြာ အခမဲ့ နှင့် ၁၀၀၀၀ ကျပ်အထိ ထပ်မံ ငွေဖြည့် ပါက ၃၀ ရက်ကြာ အခမဲ့ သုံးစွဲခွင့်များ ရရှိမည်ဖြစ်သည်။


“တယ်လီနော သုံးစွဲသူတွေအနေနဲ့ တယ်လီနောက အသံနဲ့ ဒေတာ (အင်တာ နက်) ၀န်ဆောင်မှုတွေကို ဆန်းသစ်တဲ့ အစီအစဉ်တွေနဲ့ ဆက်လက် ၀န် ဆောင်မှု ပေးမယ်ဆိုတာ မျှော်လင့်လို့ ရပါတယ်။ ဒီစိတ်ကြိုက် အစီအစဉ်သစ် ကလည်း Facebook နဲ့ Viber လို လူမှုကွန်ရက်တွေကို အသုံးပြုဖို့ သဘော ကျ သူတွေအတွက် ဒီအစီအစဉ်တွေကို အခမဲ့ သုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး မိတ်ဆက်တာ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေလည်း ဒီအစီအစဉ် ကို သဘောကျမယ်လို့ ယုံကြည်ပါတယ်။ တယ်လီနော သုံးစွဲသူ ၁၆ သန်းထဲ က ၆၀ ရာခိုင်နူန်းထက်ပိုတဲ့ လူတွေဟာ ဒေတာကို သုံးစွဲကြပါတယ်” ဟု တယ်လီနော မြန်မာ၏ Chief Marketing Officer Mr Joslin Myrthong က ပြောသည်။


တယ်လီနော၏ စာတို (SMS) ၀န်ဆောင်မှု၊ IDD နှင့် Roaming ၊ လက်ကျန် ငွေ လွှဲပြောင်းခြင်း၊ ကြိုသုံးနှင့် MyTune စသည့် အခြား ၀န်ဆောင်မှုများ သည် ဈေးနူန်း ပြောင်းလဲမှု မရှိဘဲ မူလအတိုင်းဖြစ်ပြီး တယ်လီနော My Internet အစီအစဉ်သည် ၅ကျပ်/MB နူန်းထားဖြင့် အခြေခံ ဈေးနူန်းအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ၅,၇၀၀ ကျော်ဖြင့် ၀န်ဆောင်မှုပေးလျက်ရှိသည့် တယ်လီနောမှ သတင်းထုတ်ပြန်ထားသည်။
စိတ်ကြိုက် အစီအစဉ်ကို ပိုမို အသေးစိတ် သိရှိလိုပါက www.telenor.com.mm/ တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ 


Itizen Weekly

No comments:

Post a Comment