Saturday, July 9, 2016

♪ သင့်စမတ်ဖုန်းနဲ့ တွဲသုံးနိုင်မယ့် အမိုက်စားဖုန်းဆက်စပ်ပစ္စည်းများ ♫


ကိုယ့်ရဲ့ဖုန်းအသစ်လေးကို အလန်းစားဆင်ချင်တဲ့ ဖုန်းခရေဇီစာဖတ်သူတွေအတွက် လုံးဝအကြိုက်တွေ့မယ့် ဖုန်းဆက်စပ်ပစ္စည်းအသစ်လေးတွေကို ဖော်ပြလိုက်ပါတယ်။ ဒီ Accessories လေးတွေဟာ ဈေးလည်း သိပ်မကြီးတာကြောင့်၊လူတိုင်းဝယ်ယူနိုင်မှာဖြစ်ပြီး၊ တော်တော်လည်းအသုံးဝင်တဲ့ ပစ္စည်းလေးတွေဖြစ်ပါ တယ်။ အခု မ၀ယ်ဖြစ်သေးရင်တောင် save လုပ်ထားပြီး၊ နောက်ပြန်ဝယ်လို့ရတာပေါ့။

၁။ VR Headset
ဖုန်း accessories တွေထဲမှာ နံပါတ်တစ်နေရာကနေ ၀ယ်ယူသင့်တာကတော့ VR headset ပါပဲ။ Google Cardboard ကို ကိုယ့်ဘာသာမလုပ်တတ်တဲ့သူတွေပဲဖြစ်ဖြစ်၊ ဖန်ရှင်စုံစုံနဲ့ VR headset တစ်ခုလောက် ၀ယ်ချင်နေရင်ဖြစ်ဖြစ် Coolpad VR headset လေးကို ညွှန်းပါရစေ။ Virtual Reality နည်းပညာဟာ ဒီဘက်ခေတ်မှာ ခေတ်အစားဆုံးနည်းပညာဖြစ်ပြီး၊ မိမိကိုယ်တိုင် ဖုန်းစခရင်မှာမြင်နေရတဲ့နေရာတွေကို တကယ်ရောက်ရှိသွားသလိုခံစားရမယ့်နည်းပညာဖြစ်ပါတယ်။
Cool VR 1X headset ကို Amazon ကနေ မှာယူရရှိနိုင်ပြီး၊ မြန်မာငွေ ၂ သောင်းခန့်သာရှိပါတယ်။
coolpad_vr_1x_story

၂။ Zoom Lens

ဖုန်းမှာ DSLR ကင်မရာတွေလို lens အမိုက်စားတွေ တပ်လို့ရရင်ကောင်းမှာပဲလို့ ကျနော်တို့ အမြဲတွေးကြမှာပါ။ ဒီဖုန်း accessories လေးက သင့်စမတ်ဖုန်းကင်မရာကို 8x zoom ဆွဲလို့ရအောင် ကူညီပေးမှာဖြစ်ပြီး၊ ဈေးနှုန်းလည်းသင့်တော်ပါတယ်။ Zoom Lens ရဲ့ အရည်အသွေးက လုံးဝအကောင်းကြီးမဟုတ်ပေမယ့်၊ ဖုန်းကင်မရာခရေဇီတွေတော့ ကြိုက်နှစ်သက်မှာအမှန်ပါပဲ။ ထောက်တိုင်နဲ့ညှပ်ရတဲ့ lens တွေရှိသလို၊ ဖုန်းကင်မရာထိပ်မှာ ကလစ်ချိတ်ပြီးတွဲသုံးတဲ့ Lens တွေလည်းရှိပါတယ်။
8x Optical Telescope Mobile Lens ကိုလည်း Amazon ကနေ မှာယူနိုင်ပြီး၊ ဈေးနှုန်းကတော့ မြန်မာငွေ တစ်သောင်းခွဲဝန်းကျင်ရှိပါတယ်။
optical_zoom_lens_phone_shopo

၃။ ဆိုလာအားသွင်းစက်

မြန်မာနိုင်ငံကလူတွေအတွက် အပေါဆုံးစွမ်းအင်အရင်းအမြစ်က နေ လို့ပြောလို့ရပါတယ်။ ဆိုလာစွမ်းအင်ဟာ ပြန်လည်ပြည့်ဖြိုးမြဲသန့်ရှင်းစွမ်းအင်ဖြစ်တာကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုလည်း လုံးလုံးမရှိပါဘူး။ ဘယ်သွားသွား ဒီကောင်လေးဆောင်ထားရုံနဲ့ ဖုန်းအားကုန်မှာ ပူစရာမလိုတော့ပါဘူး။
Solar Mobile Charger ကို Amazon India ကနေ မှာယူနိုင်ပြီး၊ ဈေးနှုန်းကလည်း မြန်မာငွေ ၇ ထောင်ခန့် သာရှိပါတယ်။
solar_charger_mobiles_amazon

၎။ ဖုန်းကိုပါအားသွင်းပေးမယ့်စပီကာ

ဒီစပီကာဟာ ဖုန်းကိုပါအားသွင်းပေးနိုင်တဲ့အပြင်၊ ရေစိုလည်းခံပါသေးတယ်။ ဘက်ထရီက 4000mAh ဘက်ထရီပါတာကြောင့် ဖုန်းတစ်လုံးကို ကောင်းကောင်းအားသွင်းပေးနိုင်ပြီး ဈေးနှုန်းကလည်း မြန်မာငွေ ၂ သောင်းခွဲခန့်သာရှိပါတယ်။
zealot_waterproof_speaker_amazon

၅။ Selfie flash light

ဖုန်းရှေ့ကင်မရာနဲ့ Selfie ရိုက်တဲ့အခါ တွေ့ရတတ်တဲ့ပြဿနာတစ်ခုက အလင်းကောင်းကောင်းမရခြင်းပါ။ ဖုန်း ရှေ့ကင်မရာမှာကလည်း ဖလက်ရှ်မီးက ပါလေ့မရှိတာကြောင့်၊ ညဘက်တွေဆို တော်တော်ဒုက္ခရောက်ပါတယ်။ ဒါပေမယ့် ဒီ Selfie flash light လေးရှိရင်တော့ အားလုံးအဆင်ပြေသွားမှာပါ။ ဖုန်းနားကြပ်ပေါက်မှာ ထိုးလိုက်ရုံနဲ့ အလင်းအားကောင်းကောင်းထိုးပေးနိုင်ပြီး၊ ဈေးနှုန်းက နှစ်ထောင်ကျော်သာရှိပါတယ်။
selfie_flash_light_amazon

၆။ စပီကာပါတဲ့ စားပွဲတင်မီးအိမ်

ကိုယ့်အိမ်ယာဘေးနားမှာ ဖုန်း accessory လှလှလေးတစ်ခုလောက်ထားချင်သူတွေ အကြိုက်ပါပဲ။ ဒီ စားပွဲတင်မီးအိမ်လေးမှာ စပီကာပါ ပါဝင်ပြီး၊ ဖုန်းနဲ့ချိတ်ကာ အိပ်ရာဝင်တေးလေးတွေနားထောင်ပြီး၊ ဇိမ်ရှိရှိ အိပ်စက်နိုင်မှာဖြစ်ပါတယ်။ မီးအိမ်ရဲ့ အလင်းရောင်ကိုလည်း ကိုယ့်စိတ်ကြိုက်ချိန်ညှိနိုင်ပြီး၊ AUX အပေါက်ကနေဖြစ်ဖြစ်၊ Bluetooth နဲ့ဖြစ်ဖြစ် ဖုန်းနဲ့ချိတ်ဆက်နိုင်ပါတယ်။
Table Lamp with Speaker ကိုလည်း Amazon India ကနေ ရူပီး ၁၀၅၀ နဲ့ မှာယူနိုင်ပါတယ်။ မြန်မာငွေကတော့ ၂ သောင်းခန့်ပါ။
table_lamp_speaker_amazon

၇။ ဂိမ်းခလုတ်

ဖုန်းနဲ့ ဂိမ်းအားရပါးရဆော့ချင်သူတွေဆိုရင်တော့ ဖုန်းဂိမ်းခလုတ်လေးတစ်ခုလောက် မဖြစ်မနေဆောင်ထား သင့်ပါတယ်။ ခလုတ်ထိန်းချုပ်မှု support ပေးထားတဲ့ဂိမ်းတွေ (ဘောလုံးဂိမ်းလိုမျိုး) ကို ခလုတ်နဲ့ ဆော့ရတာက ဖုန်းစခရင်မှာ ဖိပြီးဆော့နေရတာထက် အများကြီးပိုဆော့လို့ကောင်းပါတယ်။ iPhone ကိုင်သူ ဆိုရင်တော့ Mad Catz C.T.R.L.i ဂိမ်းခလုတ်ရှိပြီး၊ ဈေးကတော့နည်းနည်းမြောက်ပါတယ်။ Android ဖုန်းသမားတွေအတွက်တော့ GameSir G3 တို့ Amkette Evo Gamepad Pro 2 တို့လိုမျိုး ဂိမ်းခလုတ်တွေက ဈေးလည်းတော်တော်သက်သာပြီး၊ ဆော့လို့တော်တော်ကောင်းပါတယ်။
Mad Catz C.T.R.L.i ဂိမ်းခလုတ်က မြန်မာငွေ တစ်သိန်းကျော်ကျော်ရှိပြီး၊ GameSir G3 ဂိမ်းခလုတ်ကတော့ လေးသောင်းလောက်ပဲရှိပါတယ်။

Credit to ==> Digital Times

No comments:

Post a Comment