Friday, July 8, 2016

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫


မေး - ကျွန်တော့်ဖုန်းက iPhone 6 Plus ပါ။ ၀ယ်ထားတာတော့
၁ နှစ်လောက်ရှိပါပြီ။ ဖုန်းပြောရင် ကိုယ်ပြောတဲ့အသံကို ဟိုဘက်က မကြားတကြားဖြစ်နေတယ်။ သိရင်ကူညီပေးပါခင်ဗျာ။
ဖြေ - ဖုန်းမှာ ကိုယ်ပြောတာကို သူများမကြားဘူးဆိုရင်တော့ Mic ပျက်တာပါ။ ရေ၀င်တာတို့၊ ပြုတ်ကျထားတာတို့ဆိုရင် ဖြစ်တတ်ပါတယ်။ ကိုယ်ပြောတာကို ဟိုဘက်က ကြားလိုက် မကြားလိုက်ဖြစ်နေတယ်ဆို Mic ဖြစ်ဖို့များပါတယ်။ နီးစပ်ရာဖုန်းဆိုင်မှာ ပြကြည့်တာ ကောင်းပါတယ်။

မေး - Samsung Note 3 ပါ။ ရေထဲပြုတ်ကြသွားလို့ဗျ။ ဆန်အိုးထဲထည့်ပြီး သုံးနေတာပါ။ ဆိုင်သွားမပြဘဲ ဆက်သုံးနေရင် Error ရှိလာနိုင်သလား ခင်ဗျာ။
ဖြေ - ရေ၀င်တဲ့ဖုန်းတွေ၊ ဖုန်းအသုံးပြုသူတွေအနေနဲ့ ဖုန်းရေ၀င်သွားရင် ဆန်အိုးထဲထည့်ထားမယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဆန်အိုးထဲထည့်ထားတာ ရေကိုတော့ စုပ်ပါတယ်။ ဖုန်းရဲ့အတွင်းပိုင်းရှိ ရေတွေကို မစုပ်ယူနိုင်ပါဘူး။ ရေ၀င်တဲ့ဖုန်းဆိုရင် Service ဆိုင်ပို့တာ အဆင်ပြေပါတယ်ဗျာ။

မေး - ကျွန်တော့်ဖုန်းကတော့ Sony ဖုန်းပါ။ ဖုန်းပြောပြီးရင် ဖုန်းပြန်ချလို့မရ ဖြစ်နေတယ်။ Sensor အလုပ်မလုပ်ဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။ သိရင်ပြောပြပေးပါ။
ဖြေ - ဖုန်းပြောပြီးလို့ ဖုန်းပြန်ချမရတဲ့ Error ကတော့ Sony ဖုန်းအမျိုးအစားမှ မဟုတ်ပါဘူး။ Huawei, Samsung အခြားဖုန်းအမျိုးအစားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အစ်ကို့ဖုန်းက အရင် Service လုပ်ဖူးလားဗျာ။ ဥပမာ Touch လဲထားတာတို့လိုဆိုရင် ဖြစ်ဖြစ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ Touch ကို အသစ်လဲတဲ့အခါကျရင် Touch အပြား ကော်ကပ်ပေးရပါတယ်။ ကပ်ထားတဲ့ကော်တွေ မမြဲရင်တော့ Touch က မမြဲတော့ဘဲ Sensor အလုပ်မလုပ်တော့ဘူးဗျာ။ နီးစပ်ရာဖုန်းဆိုင် သွားပြသင့်ပါတယ်။ ကော်ပြန်ကပ်လိုက်ရင် အဆင်ပြေသွားမှာပါ။

မေး - ဖုန်းက Honor 3C ပါ။ အရင်တုန်းက ဆော့တဲ့ဂိမ်းတွေ၊ အခုပြန်ဆော့တော့ Unfortunately ပဲပြပြီး ဆက်ဆော့လို့ မရတော့ဘူး။ အရင်တုန်းက ဆော့ရပြီး အခုဆော့တော့ ဘာလို့မရတာလဲ မသိဘူးဗျ။
ဖြေ - ဖုန်းက သုံးတာကြာလို့ စက်ဟန်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ အစ်ကိုအရင်ဆုံး Setting ထဲဝင်ပြီး Manage App ထဲက Unfortunately ပြတဲ့ Game App ကို Clear Data လုပ်ကြည့်ပါ။ မရရင်တော့ Uninstall ပြုလုပ်ပြီး နောက်တစ်ခါ Install လုပ်ပြီး ဆော့ကြည့်ပါ။ နောက်ဆုံးမရရင်တော့ ဖုန်းကို Software ပြန်ရေးကြည့်ရပါမယ်ဗျာ။

မေး - ဖုန်းက အင်တာနက်သုံးနေရင်း နာရီဝက်၊ တစ်နာရီလောက်ကြာတော့ System Has Stopped ပြပြီး စက်ဟန်းသွားတယ် အစ်ကို။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ဗျာ။ အဲ့လိုမျိုး Error မျိုးက ဖုန်းက အင်တာနက်သုံးတာများပြီး System Error တတ်တက်ပါတယ်ဗျာ။ အဲ့ဒါမျိုးဖြစ်တယ်ဆိုရင် ဖုန်းကို အရင်ဆုံး Reset ချကြည့်လိုက်ပါ။ Reset ချလို့မရရင်တော့ ဖုန်းကို Software ပြန်ရေးရပါမယ်ဗျာ။

မေး - ကျွန်တော်ကိုင်တဲ့ဖုန်းလေးက iPhone 5S ဂျပန်လုံးလေးဖြစ်ပါတယ်။ iPhone 5S ကို OS Update လုပ်ချင်လို့ပါ။ လုပ်ရင်လဲ အဆင်ပြေမလား မသိဘူး။ OS ကို Update လုပ်ရင် ဘာတွေဖြစ်နိုင်မလဲဆိုတာလည်း သိချင်ပါတယ်။
ဖြေ - iPhone ဂျပန်လုံးကို Update လုပ်မယ်ဆိုရင် ကိုယ့်ဖုန်းက ဘယ်လိုအမျိုးအစားလဲဆိုတာ အရင်သိသင့်ပါတယ်။ Lock အလုံးဆိုရင် Update လုပ်လို့မရပါဘူး။ ဂျပန်အလုံးက Lock တွေဖြစ်တာများပါတယ်။ Lock အလုံးတွေဟာ OS Update လုပ်ရင် Network လိုင်း ပျောက်သွားတတ်ပါတယ်။ Network လိုင်းပျောက်သွားရင်တော့ Network Lock ဖြည့်ဖို့ ထပ်မံလိုအပ်မှာဖြစ်တဲ့အတွက်ကြောင့် အဆင်မပြေနိုင်ပါဘူးခင်ဗျာ။

မေး - Sony Z1 မှာ ကင်မရာရိုက်လိုက်တဲ့အခါ SD Card ထဲကို မ၀င်ပဲနဲ့ Internal ထဲကို ရောက်နေပါတယ်။ SD Card ထဲကို တစ်ခါတည်းဝင်အောင် ဘယ်လိုများလုပ်လို့ရမလဲခင်ဗျာ။
ဖြေ - Sony Z1 မှာဆိုရင်တော့ ကင်မရာရိုက်တဲ့အခါမှ SD Card နဲ့ Internal Storage ဆိုပြီး ၂ ခုပါပါတယ်။ ပြောင်းချင်တယ်ဆိုရင်တော့ ကင်မရာထဲကိုဝင်ပြီးနောက် Camera Setting ထဲကိုဝင်လိုက်ပါ။ Data Storage ထဲမှနေပြီး SD Card ကို ပြောင်းလိုက်ရုံပါပဲ။ အဲ့ဒါဆို Internal ထဲကိုမ၀င်ပဲ SD Card ထဲကို တစ်ခါတည်းတန်းဝင်သွားပါလိမ့်မယ်။

ဤကဏ္ဍကို Today Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

No comments:

Post a Comment