Friday, July 10, 2015

ဖုန်းအားကုန်ခါနီး ဖုန်းပြောရင် ဘာဖြစ်တတ်လဲ



မန္တလေးမြို့တွင် မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းတက်ရောက်လိုသူများအတွက် ၂၀၁၅ သြဂုတ်လ ၃ ရက်နေ့တွင် မန္တလေးမြို့မှာ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း (Mobile Software/Hardware System Repairing Course) တန်းခွဲသစ်များဖွင့်လှစ်ပါမည်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၉ ၇၉ ၇၂၄၈၄၈၈ ၊ ၀၉ ၉၁၀ ၃၃၁၃၄ တို့သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။


iphone battery
ဖုန်းအားကုန်ခါနီး ဖုန်းပြောရင် ဘာမှ မဖြစ်တတ်ပါဘူး။ အချို့က ဖုန်းအားကုန်ခါနီး ပြောရင် ရောင်ခြည်ထွက်မှုများပြီး ဦးနှောက်ထိခိုက်တယ်တွေရော၊ ကင်ဆာဖြစ်တယ်တွေကော၊ ပေါက်ကွဲတယ်တွေရော အစရှိသဖြင့် အမျိုးမျိုး ပြောကြ ပါတယ်။ တစ်ခုမှ မဖြစ်ပါဘူး။ တကယ်တန်းက ဒီလိုပါ။ 
ဖုန်းရဲ့ ရေဒီယိုလိုင်း အား လူမှ ဆုပ်ယူမှု Specific Absorption Rate (SAR) ဟာ ဖုန်းတိုင်းမှာ ကန့်သတ်ချက် ရှိပြီသားပါ။ ဖုန်းအားကုန်ခါနီးပြောလည်း SAR က သတ်မှတ်ထားတာထက် ပိုမသွားပါဘူး။ ကျန်းမာရေးနဲ့ နည်းပညာ အဖွဲ့အစည်းများက SAR ကို လူ့ကျန်းမာရေးမထိခိုက်အောင် အနိမ့်ဆုံးသတ်မှတ်ထားပြီး ဖုန်းတွေကလည်း လိုက်နာထုတ်ပါတယ်။ ဒီတော့ ဖုန်းအားကုန်ခါနီးလည်း ပြဿနာ မရှိပါ။ အကယ်၍သာ ဖုန်းဟာ တာဝါတိုင်တဲ့ ဝေးတဲ့ နေရာ သို့မဟုတ် ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်မှသာ SAR မြင့်တာပါ။ ဒါပေမယ့် ယင်း မြင့်တဲ့ SAR ကလည်း သတ်မှတ်ထားတာကို မကျော်ပါ။ တစ်ခုပဲ ရှိတာက တာဝါတိုင် ရှာတဲ့အလုပ်ကို ဆက်သွယ်ရေး ပစ္စည်းက ပိုလုပ်တာကြောင့် ဖုန်းအား ပိုကုန်မြန်တာကိုတော့ ဧရိယာပြင်ပနဲ့ တာဝါတိုင်ဝေးဝေးမှာ သုံးဖူးသူတိုင်း သိပါလိမ့်မယ်။ 
ဒါကြောင့်မို့ ဖုန်းအားကုန်ခါနီးမှာ ပြောရင် ဦးနှောက်ကို ထူးထူးခြားခြား ထိခိုက်သွားတာမျိုး မရှိပါ။ 
.
အောင်ခမ်း (MMAS)

No comments:

Post a Comment