Friday, July 1, 2016

ROOT access နှင့် အသုံးပြုသော Applicition များကိုသတိထားသင့်



Android User တွေအနေနဲ့ ဖုန်းတွေမှာ ROOT ဖေါက်ပြီး အမျိုးမျိုးသော Root access နဲ့အသုံးပြုသော  Apk များကိုသုံးကြပြီး System ပိုင်းတွေကို ပြင်ဆင်တာတွေ ပြုလုပ်တတ်ကြပါတယ်။ များသောအားဖြင့် Apk တော်တော်များများဟာ သုံးရတာအဆင်ပြေပေမဲ့ သတိထားသင့်တဲ့ Apk လေးတွေလည်းရှိပါတယ်။
ဥပမာအနေနဲ့ပြောရရင် အချို့ User တွေသုံးကြတဲ့ အသံပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး သုံးတဲ့ Beat Audio လို Apk မျိုးတွေကို အသုံးပြုတဲ့အခါမှာ သူက System ပိုင်းကိုဝင်ရောက်ပြင်ဆင်တဲ့အတွက်အဆင်မပြေတဲ့ Device တွေမှာဆိုရင် အသံလုံးဝပျောက်သွားပြီး Firmware ပြန်တင်မှအဆင်ပြေတဲ့အခြေအနေ မျိုးထိ ဖြစ်တတ်ပါတယ်။
နောက်တစ်ခုအနေနဲ့ အချို့ User တွေကလိတက်တဲ့ အပိုင်းပါပဲ။ အချို့အသုံးပြုသူတွေအနေနဲ့ တစ်ယောက်နှင့် တစ်ယောက် စနောက်ကြရင်း Version ပိုင်းကိုဝင်ပြင်တဲ့အနေအထားမှာ ဖြစ်တတ်တာပါ။ Root explorer ကိုအသုံးပြုပြီး System ကနေ Version ကိုဝင်ပြင်တာပါ။ ဖုန်းက Version 4.4.4 ပဲဆိုပါစို့ အဲဒါကို Version 5.0 တို့ 6.0 တို့ရေးပြီးပြင်တဲ့အခါ အဆင်မပြေရင် Firmware ကျတတ်ပါတယ်။
ဒါကြောင့် ROOT access နဲ့အသုံးပြုရတဲ့ Apk တွေကိုအသုံးပြုရင် သတိထားသင့်တာလေးကို ကျနော်ကြုံဖူးသလောက်ကို User တွေအတွက် အကြံပြု တင်ပြလိုက်ရပါတယ်။
အဆင်ပြေပါစေ။





No comments:

Post a Comment