Saturday, July 2, 2016

♪ Nougat လို့ တရားဝင်နာမည်ပေးလိုက်ပြီဖြစ်တဲ့ Android N ♫


နောက်အသစ်ထွက်မယ့် Android OS စနစ်အသစ် 7.0 ရဲ့ နာမည်ကို Android Nougat လို့ Google က တရားဝင်နာမည် ပေးလိုက်ပြီဖြစ်ပါတယ်။ Android 1.5 ကစပြီး ဗားရှင်းတစ်ခုစီကို အင်္ဂလိပ် အက္ခရာအစဉ်အလိုက်ပေးထားပြီး၊ အချိုမုန့်နာမည်တွေပဲပေးလေ့ရှိတဲ့ Google ရဲ့ ထုံးစံအတိုင်း ‘Nougat’ ဆိုတာကလည်း သကြား (သို့) ပျားရည်၊ မြေပဲ၊ ကြက်ဥအကာတို့နဲ့ ပြုလုပ်ထားတဲ့ မုန့်ချိုခဲနာမည်ဖြစ်ပါတယ်။
ပရိတ်သတ်တော်တော်များများလိုချင်တဲ့ ‘Nutella’ နာမည်လောက် သိပ်ခေါ်မကောင်းသလို၊ အနည်းငယ်စိမ်းတဲ့ဝေါဟာရဖြစ်ပေမယ့်၊ Google ကတော့ တရားဝင်နာမည်ပေးလိုက်ပြီဖြစ်ပါတယ်။
Android 7.0 Nougat ကို တရားဝင်နာမည်ပေးလိုက်တဲ့အထိမ်းအမှတ်အဖြစ် Google ရုံးချုပ်မှာ Android ရုပ်တုတစ်ခုကိုလည်း စတင်ချထားခဲ့ပါတယ်။
CmNfw_qUcAAN0N4
Google ဟာ Android N ရဲ့ နာမည်ကို ကူညီစဉ်းစားပြီး ပေးဖို့အတွက် user တွေကို တောင်းဆိုခဲ့ပေမယ့်၊ ယခု Nougat ဆိုတဲ့နာမည်က ပရိတ်သတ်ရွေးချယ်မှုအများဆုံးနာမည်လားဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။
Android N စနစ်ဟာ လက်ရှိမှာ developer တွေရဲ့ လက်ထဲမှာပဲရှိသေးပြီး၊ ယခုဆောင်းရာသီကျမှ ထွက်ရှိမှာဖြစ်ပါတယ်။ Nougat မှာ ပါဝင်လာတဲ့ feature အသစ်တစ်ချို့ကတော့ စခရင်ခွဲပြီး multi-tasking လုပ်နိုင်ခြင်း၊ app တစ်ခုကနေတစ်ခုပြောင်းရာမှာ ပိုမိုမြန်ဆန်ခြင်း နဲ့ Marshmallow စနစ်မှာ စတင်ပါဝင်ခဲ့တဲ့ ပါဝါခြွေတာစနစ် Doze က ဖုန်းစခရင်ပိတ်နေချိန်မှာတောင် အလုပ်လုပ်ပေးခြင်းစတာတွေအပြင်၊ မိုဘိုင်းအင်တာနက်ဒေတာကို ခြွေတာပေးမယ့် ‘Data Saver’ တို့ ပါဝင်လာတယ်လို့ သိရပါတယ်။

Credit to ==> Digital Times

No comments:

Post a Comment