Thursday, July 7, 2016

♪ iOS device တွေမှာ Apple ID account ဟာဘာလို့ အရေးကြီးတာလဲ ??? ♫


iOS device တွေကိုအသုံးပြုကြတဲ့ user တိုင်းမှာ Apple ID တစ်ခုတော့ ရှိထားသင့်ပါတယ်။ Apple ID ဟာ iOS device တွေအတွက်မရှိမဖြစ် တဲ့အရာတစ်ခုဖြစ်ပါတယ်။ Apple ID ရှိမှသာ ipa များကိုအလွယ်တကူ download ရယူနိုင်မှာဖြစ်ပါတယ်။ Apple ID မရှိဘူးဆိုရင်တော့ ဘာကိုမှ  download ရယူနိုင်မှာမဟုတ်ပါဘူး။

ဒါ့အပြင် Apple ID စာ Game center နဲ့ချိတ်ဆက်ပြီး game ဆော့ကစားရာမှာ မိမိတို့ရဲ့ game တွေကို save လုပ်နိုင်ပါတယ်။ COC လို game အမျိုးအစားတွေအတွက် Android တွေမှာ Gmail နဲ့ချိတ်သလို iOS မှာတော့Apple ID နဲ့ချိတ်ဆက်ထားရပါတယ်။ ဒါ့အပြင် Apple ID အရေးပါဆုံးနေရာကတော့ iCloud setting မှာပါပဲ။ iCloud setting မှာ မိမိတို့ရဲ့အရေးကြီးလှတဲ့ အချက်အလက်များကို save ရန် Apple ID တစ်ခုရှိနေဖို့လိုအပ်ပါတယ်။ ဒါမှသာ iCloud မှာ Sign-in ပြုလုပ်ပြီး အရေးကြီးအချက်အလကိများကို save နိုင်မှာဖြစ်ပါတယ်။

iCloud setting မှာအရေးကြီးတဲ့အချက်ကတော့ Apple ID ရဲ့ password ကိုမမေ့ဖို့ပါပဲ။ နောက်ဆုံး iOS device တစ်ခုဟာ Firmware ကျသွားလို့ iCloud setting မှာ Sign-out မလုပ်ထားဘူးဆိုရင် Firmware တင်ပြီးလို့ Activate ပြန်လုပ်တဲ့အခါမှာ iCloud setting မှာ Sign-in လုပ်ထားတဲ့မိမိရဲ့ Apple ID ကိုပြန်တောင်းမှာဖြစ်ပါတယ်။ Sign-in မ၀င်နိုင်ရင် ဖုန်းအသုံးပြုလို့ အဆင်ပြေမှာမဟုတ်တော့ပါဘူး။

ဒါကြောင့် iOS user တွေအနေနဲ့ ကိုယ်အသုံးပြုနေတဲ့ Apple ID ရဲ့ password ကိုလုံးဝမမေ့စေရန် ကိုယ်မှတ်မိလွယ်တဲ့ နံပါတ်များကိုထားရှိကြပါလို့ အကြံပြုပေးလိုက်ရပါတယ်။
Warmly Welcome
Ko Htoo ( MMAS )

No comments:

Post a Comment