Friday, July 1, 2016

♪ တယ်လီနော၏ “စိတ်ကြိုက်” အစီအစဉ်သစ် ဖြင့် Facebook နှင့် Viber ကိုအခမဲ့ အသုံးပြုနိုင်ပြီ ♫


Telenor_logo

တယ်လီနောမြန်မာလီမိတက် (တယ်လီနော)အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကျယ်ပြန့်သော ဈေးကွက် အနှံ့အပြားတွင်ရှိသည့် သုံးစွဲသူများအတွက် အသက်သာဆုံးအသံနှင့် ဒေတာများကို ၀န်ဆောင်မှုပေးမည့် ရည်ရွယ်ချက် ကို ပိုမိုထိရောက်စေရန် ဈေးနူန်းအစီအစဉ် အသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပါသည်။

တယ်လီနောသုံးစွဲသူများအနေဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက် မှ စတင်ကာ “စိတ်ကြိုက်” ဟုအမည်ပေးထားသော အစီအစဉ်သစ်ကို စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုအစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးအင်တာနက်ကွန်ရက်ပေါ် တွင် Facebook နှင့် Viber ကို အခမဲ့ သုံးစွဲနိုင်မည်ဖြစ်သည်။

“စိတ်ကြိုက်” အစီအစဉ်ကို သုံးစွဲသူများအနေဖြင့် အခြားဝန်ဆောင်မှုများအတွက် (ည ၇ နာရီမှ မနက် ၇ နာရီ) အတွင်း ဖုန်းပြောဆိုမှုအတွက် တစ်မိနစ် ၂၀ ကျပ် နှင့် ဒေတာ(အင်တာနက်သုံးစွဲမှု)အတွက် 1MB/ ၆ ကျပ်နူန်းဖြင့် လည်းကောင်း၊ (မနက် ၇ နာရီမှ ည ၇ နာရီ) အတွင်း တစ်မိနစ် ၂၅ ကျပ် နှင့် 1MB/ ကျပ်နူန်းဖြင့် လည်းကောင်း သုံးစွဲနိုင်မည်ဖြစ်သည်။

“စိတ်ကြိုက်” အစီအစဉ်ကို ရယူလိုပါက ၃၆၅ သို့ SK ON ဟု ပေးပို့၍ ဖြစ်စေ၊ 3653# ကိုခေါ်ဆို၍ ဖြစ်စေ တယ်လီနော call center ၀၉၇၉၀၀၉၇၉၀၀ (တယ်လီနောအသုံးပြုသူများအနေဖြင့် ၉၇၉ သို့လည်းကောင်း) ခေါ်ဆိုရယူနိုင်ပါသည်။  စိတ်ကြိုက် အစီအစဉ်ဝန်ဆောင်မှုကို ပထမဆုံးအသုံးပြုရန် ခေါ်ဆိုရယူသည့်နေ့မှ စတင်ပြီး Facebook နှင့် Viber ကို  (၇) ရက် အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။  (၇) ရက် ပြည့်ပြီးနောက်ပိုင်းတွင် သုံးစွဲသူ၏ ငွေဖြည့်မှု အနေအထားပေါ် မူတည် ပြီး အစီအစဉ်ကိုဆက်လက် ရရှိသွားမည်ဖြစ်သည်။

စိတ်ကြိုက်အစီအစဉ် ကိုရယူပါက အသံနှင့် အခြားဒေတာသုံးစွဲမှုများအတွက် ကျသင့်မည့် နူန်းထားများ

အသံ ဒေတာ (အင်တာနက်)
ည ၇နာရီမှ  မနက် ၇ နာရီထိ ၂၀ကျပ်/မိနစ် ၆ကျပ်/MB
မနက် ၇နာရီမှ ည ၇ နာရီထိ ၂၅ကျပ်/မိနစ် ၈ကျပ်/MB

စိတ်ကြိုက်အစီအစဉ်မှ Facebook နှင့် Viber ကို  (၇) ရက် အခမဲ့ သုံးစွဲခွင့်
၇ ရက် ပြီးနောက် ၃၀၀၀ ကျပ် အထိထပ်မံငွေဖြည့်ပါက ၅ ရက်ကြာအခမဲ့
၃၀၀၀ မှ ၉၉၉၉ ကျပ် အထိထပ်မံငွေဖြည့်ပါက ၁၀ ရက်ကြာအခမဲ့
၁၀၀၀၀ ကျပ် အထိထပ်မံငွေဖြည့်ပါက ၃၀ ရက်ကြာအခမဲ့

မန်မာပြည်မှာနေထိုင်သူတွေက Facebook ကို နှစ်သက် သဘောကျကြပါတယ်။
“တယ်လီနောသုံးစွဲသူတွေအနေနဲ့  တယ်လီနောကအသံနဲ့ ဒေတာ(အင်တာနက်) ၀န်ဆောင်မှုတွေကို ဆန်းသစ်တဲ့ အစီ အစဉ်တွေနဲ့ ဆက်လက် ၀န်ဆောင်  မှုပေးမယ်ဆိုတာ မျှော်လင့်လို့ရပါတယ်။  ဒီစိတ်ကြိုက် အစီအစဉ်သစ်ကလည်း Facebook နဲ့ Viber လိုလူမှုကွန်ရက်တွေကိုအသုံးပြုဖို့သဘောကျသူတွေအတွက်  ဒီအစီအစဉ်တွေကိုအခမဲ့ သုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီးမိတ်ဆက်တာဖြစ်ပါတယ်။ နိုင်ငံတစ်ဝှန်းက သုံးစွဲသူတွေလည်းဒီအစီအစဉ်ကိုသဘောကျမယ်လို့ ယုံကြည် ပါတယ်။  တယ်လီနောသုံးစွဲသူ ၁၆ သန်းထဲက ၆၀ ရာခိုင်နူန်းထက်ပိုတဲ့ လူတွေဟာဒေတာကိုသုံးစွဲကြပါတယ်” ဟု တယ်လီနော မြန်မာ၏ Chief Marketing Officer Mr Joslin Myrthong က ပြောသည်။

“အသံနဲ့အခြား ဒေတာအစီအစဉ်တွေကို နှစ်သက်တဲ့ သုံးစွဲသူတွေအနေနဲ့ကတော့ သုံးစွဲသူတွေကြိုက်နှစ်သက်တဲ့ ဈေးနူန်း အသက်သာဆုံးဖြစ်တဲ့ စူပါပွား အစီအစဉ်ကို ဆက်လက်သုံးစွဲနိုင်ပါတယ်။ ဒီအဓိက အစီအစဉ်တွေဖြစ်တဲ့ “စိတ်ကြိုက်” နဲ့ “စူပါပွား” အစီအစဉ်တွေကို သုံးစွဲသူတွေက သူတို့နှစ်သက်ရာ အစီအစဉ်ပေါ်မှာမူတည်ပြီး အသုံးပြုနိုင်ကြမယ်လို့  ယုံကြည် ပါတယ်” ဟု Myrthong က ဆက်လက်ပြောသည်။

သုံးစွဲသူအကြိုက်အဆင်ပြေစွာရွေးချယ်နိုင်ခြင်း
သုံးစွဲသူများအနေဖြင့် စိတ်ကြိုက်အစီအစဉ် သို့မဟုတ် လက်ရှိရှိနေသော စူပါပွားအစီအစဉ်ကို နှစ်သက်ရာ ရွေးချယ် သုံးစွဲနိုင်သည်။ စူပါပွား အစီအစဉ်သည်  SMART အင်တာနက်ကို ၆ ကျပ်/1MB နှင့် တယ်လီနော အချင်းချင်းဖုန်းခေါ်ဆိုခ ၁၈ကျပ်/မိနစ်  တို့ဖြစ်ပြီး တယ်လီနော မဟုတ်သည့် အခြား နံပါတ်များကို ခေါ်ဆိုခမှာ ၂၃ကျပ်/မိနစ် ဖြစ်သည်။

စာတို (SMS) ၀န်ဆောင်မှု၊ IDD နှင့် Roaming ၊ လက်ကျန်ငွေလွှဲပြောင်းခြင်း၊ ကြိုသုံး နှင့် MyTune စသည် အခြား ၀န်ဆောင်မှုများသည် ဈေးနူန်းပြောင်းလဲမှုမရှိပဲ မူလအတိုင်းဖြစ်သည်။ တယ်လီနော My Internet အစီအစဉ်သည် ၅ကျပ်/MB နူန်းထားဖြင့် လည်း အခြေခံဈေးနူန်းအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံးအင်တာနက်ကွန်ရက်ပေါ်တွင် ကွန်ရက်ချဲ့ထွင်ခြင်းများ၊ အရည်အသွေး တိုးမြှင့်နေခြင်း ဆက် လက် ဆောင်ရွက်လျက်ရှိခြင်း
တယ်လီနော အနေဖြင့်လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ကွန်ရက် ဖြန့်ကျက် ထားပြီး ဖြစ်ပြီး တာဝါတိုင်ပေါင်း ၅,၇၀၀ ကျော်ဖြင့် ၀န်ဆောင်မှုပေးလျက်ရှိသည်။
“ကွန်ရက်တိုးချဲ့တာအပြင် လက်ရှိရောက်နေပြီးသားနေရာတွေမှာလည်း ကွန်ရက်အရည်အသွေးကို ပိုမိုတိုးတက် ကောင်း မွန်လာစေဖို့ အဓိကထား ဆက်လက်ဆောင်ရွက်နေပါတယ်။ တယ်လီနော အနေနဲ့လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အင်တာနက်ကွန်ရက်အဖြစ် ရပ်တည်နေပြီးတော့ နေရာအနှံ့မှာရှိတဲ့ ကွန်ရက်အရည်အသွေးကို ကောင်း သည် ထက် ကောင်းအောင် ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု Myrthong က ဆက်လက်ပြောသည်။

စိတ်ကြိုက် အစီအစဉ်နှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက www.telenor.com.mm တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။
Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment