Friday, July 8, 2016

Facebook ပေါ်က ဗီဒီယိုတွေကို ဒေါင်းလုဒ်လုပ်ထားနိုင်မယ့် ခလုတ်တစ်ခုကို အိန္ဒိယမှာ Facebook စမ်းသပ်နေ


မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ရက်ဆိုက်တစ်ခုဖြစ်တဲ့ Facebook ဟာ News Feed မှာ တက်လာသမျှ ဗီဒီယိုတွေကို အင်တာနက်မရှိချိန်မှာ ပြန်လည်ကြည့်နိုင်ဖို့အတွက် Download ခလုတ်တစ်ခုကို မကြာခင်ထုတ်ပေးတော့ဖွယ်ရှိပါတယ်။
Facebook ပေါ်မှာ ဗီဒီယိုတွေတင်တာ/ကြည့်တာ၊ Live လွှင့်တာတွေ ခေတ်စားလာတာကြောင့်၊ အင်တာနက်ကွန်နက်ရှင်သိပ်မကောင်းတဲ့ဒေသက user တွေလည်း မကြည့်လိုက်ရမရှိလေအောင်၊ Offline video download လုပ်နိုင်ဖို့ Facebook က ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဂျူလိုင်လ ၁၁ ရက်နေ့ကစတင်ပြီး၊ အိန္ဒိယက Facebook သုံးစွဲသူအနည်းငယ်မှာ ဗီဒီယိုကြည့်တဲ့အခါ Download ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် Piracy ( တရားမ၀င်ဗီဒီယိုခိုးကူးမှု ) ရန်က လွတ်အောင်အတွက်၊ အဆိုပါဗီဒီယိုတွေကို download လုပ်ပြီးတဲ့အခါ၊ Facebook app ထဲမှာပဲ သိမ်းပေးထားမှာဖြစ်ပြီး၊ ဖုန်းမမ်မိုရီထဲမှာရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။
ဗီဒီယို Publisher တွေအနေနဲ့ သူတို့ဗီဒီယိုကို ‘Download’ မရအောင်လည်း Page ရဲ့ Content Distribution settings ထဲကနေ သွားပိတ်ထားနိုင်တယ်လို့လည်း သိရပါတယ်။
facebook-video-download-opt-out
Facebook ဟာ ယခုလုပ်ဆောင်ချက်ကို တရားဝင်မကြေငြာသေးဘဲ မြှပ်ထားပေမယ့်၊ Tech Cruch သတင်းဌာနက Facebook ကို ဆက်သွယ်မေးမြန်းခဲ့ရမှာ
“လူတော်တော်များများဟာ ဗီဒီယိုကြည့်ရာမှာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း မိုဘိုင်းဒေတာနဲ့ ကွန်နက်ရှင်အကန့်အသတ်ရှိတဲ့ အိန္ဒိယလို ဈေးကွက်တွေကနေ တုံ့ပြန်မှုတွေ ကျနော်တို့ ကြားနေရပါတယ်။ ဒါကြောင့် အွန်လိုင်းတက်နေတုန်း၊ လိုင်းကောင်းချိန်မှာ Facebook app ထဲကို ဗီဒီယို download လုပ်နိုင်ဖို့ ကျနော်တို့ ကြိုးစားစမ်းသပ်လျက်ရှိပါတယ်။ ဒီလိုဆို ဗီဒီယိုတွေကို online ဖြစ်ဖြစ်၊ offline ပဲဖြစ်ဖြစ် အချိန်မရွေးကြည့်နိုင်မှာပါ။ မိုဘိုင်းဒေတာဖိုးအပိုလည်း ထပ်မကုန်တော့ဘူးပေါ့” လို့ Facebook က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိထားရပါတယ်။
Ref: Tech Crunch
Ref: http://digitaltimes.com.mm/

No comments:

Post a Comment