Thursday, June 2, 2016

iPhone များအတွက် လုံခြုံမှူ့ပေးနိုင်မည့် App





ဖုန်းများ၏ အရေးပါလာခြင်းနှင့်အတူ ဖုန်းများအတွက် အချက်အလက်များ သိမ်းဆည်းထားနိုင်ခြင်း ၊ ဖုန်းများမှတဆင့် အချက်အလက်များ စီးဆင်းစေခြင်း စသည့် လုပ်ငန်းဆောင်တာများသည်လည်း တိုးတက်မြှင့်မားလာလျှက်ရှိပါသည်။ ထိုအပြင် လုံခြုံရေး လုပ်ငန်းစဉ်များလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် ပတ်သက်လာလျှက်ရှိပါတယ်။ တိုက်ခိုက်သူများသည် သားကောင်များကို အမြဲမပြတ်စောင့်ကြည့်နေလျှက်ရှိပါသည်။ ထို့ကြောင့် မိမိတို့၏ လုံခြုံရေးကို သတိရှိရှိဖြင့် အမြဲမပြတ်ကာကွယ်ရမည် ဖြစ်ပါသည်။ ထို့သို့ ကာကွယ်ရန်အတွက် iPhone App တစ်မျိုးနှင့် မိတ်ဆက်ပေးချင်ပါတယ်။

ယခု App လေးကတော့ သင့် iPhone ကို နှောက်ယှက်နေသည့် အခြေအနေတွေက ကာကွယ်ပေးနိုင်တော့မှာပါ။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ သာရှိသော အဆိုပါ App ကို iPhone တွင် ထည့်သွင်းခြင်းဖြင့် Hacker များ၏ ထိုးဖောက် နှောင့်ယှက်မှူ့များမှ ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။ iPhone တွင် System and Security Info App ကို Installation လုပ်ထားခြင်းဖြင့် တိုက်ခိုက်သူများ၏ ဖောက်ထွင်း နှောက်ယှက်ခြင်းတို့မှ အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ တန်ကြေးရှိ System and Security Info App အသစ်ကို iTunes Store ကနေ System နှင့် Security ပိုင်း ကာကွယ်ပေးနိုင်ရန် Dowload စတင်ဆွဲနိုင်ပါပြီ။ App တီထွင်သူ Sektion Ein Gmbh ၏ Blogpost မှာ ယခုလို ရေးသားထားပါတယ်။ "ကျွန်တော်တို့အနေဖြင့် လူတွေကို အကောင်းဆုံး ကာကွယ်မှုတွေ လုပ်ပေးချင်တာပါ။ ယခု App ကိုသာ အသုံးပြုမယ်ဆိုလျှင် သင့်ရဲ့ Smartphone ကို ဝင်ရောက်ဖျက်ဆီး နှောက်ယှက်သည့်ရန်မှ ကင်းဝေးစေမှာပါ"

Stefan Esser ဦးဆောင်သည့် အဖွဲ့မှ ယခု App ကိုထုတ်လုပ်ခဲ့တာပါ။ Stefan Esser သည် iPhone Security အပိုင်းကို သုတေသန ပြုလုပ်နေသူတစ်ဦးလည်း ဖြစ်သည်။  System and Security Info App သည် တိုက်ခိုက်သူများ နှောက်ယှက်မှုရန်မှ ကာကွယ်ပေးရုံ သာမက တစ်ချိန်တည်းမှာဘဲ Process Running ဖြစ်နေတာတွေကိုပါ အစီစဉ်တကျဖြစ်အောင် စီစဉ်ပေးပါတယ်။ Privacy ဒါမှမဟုတ် Security ပိုင်းအတွက် ထူးခြားသော စွမ်းဆောင်ရည် အပြည့်ပါဝင်ပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ ပေးထားသော Link မှ  System and Security Info App ကို Download ရယူလိုက်ပါ။

 Download System and Security Info App


31-5-2016

ပိုင်လင် (MEHN Team)

No comments:

Post a Comment