Saturday, April 9, 2016

♪ ဘယ်သူအရေးအကြီးဆုံးလဲ ♫


ဝီကီပီးဒီးယား(Wikipedia) ကပြောသည်။ “ငါကအားလုံးကိုသိတယ်”

ဂူးဂဲလ်(Google) ကလည်းအားကျမခံပြန်ပြောသည်။ “ဟက်.. ငါ့မှာအားလုံးရှိတယ်ကွ မင်းဘာလိုချင်လဲ”

ဖေ့စ်ဘွတ်(Facebook) ကလည်းငြိမ်မနေပေ။ “ငါကတော့ လူတိုင်းကိုသိတယ်ကွ၊ လူတိုင်းဟာငါ့သူငယ်ချင်းပဲ”

အင်တာနက်(Internet) ကခပ်ကြွားကြွားနှင့် “ငါမရှိရင်မင်းတို့သုံးယောက်လုံး ဘာဖြစ်သွားမယ်ဆိုတာ တွေးမိလား”

ငြိမ်နေသည့် လျှပ်စစ်မီး(Electricity) ကတော့ ခပ်အေးအေးပင်ပြောလိုက်သည်။ “ဆက်ပြောပါဦး၊ ငါမရှိရင် မင်းတို့အားလုံး ဘယ်လိုဆက်လက်ရပ်တည်မယ့်အကြောင်းလေး”

Ref: UniJokes
Credit to ==> Digital Times

No comments:

Post a Comment