" စစ်ပွဲတစ်ရာ တိုက်ပွဲတစ်ရာကိုနိုင်အောင်တိုက်နိုင်တာ သူရဲကောင်း ။
မိမိစိတ်ကို နိုင်အောင်တိုက်နိုင်တာ သူတော်ကောင်း "
••• ဒီမိသားစု ပုံလေးကို Share လုပ်ပေးခြင်းဖြင့် " လောကကို စိတ်ထားဖြင့်အလှဆင်ပေးပါ " •••
တစ်နေ့က ကျနော့် Galaxy Note 10.1" ညမောင်း Taxi တစ်စီးပေါ်ပါသွားပါတယ်
ကားပေါ်ကဆင်းပြီး ကားထွက်သွားတော့မှသတိရတာနဲ့ နီးရာဖုန်းဖြင့်ခေါ်ဆိုသော်လည်း အခြေနေမထူးပါ။ဖုန်းမှာစက်ပိတ်ထားပါသဖြင့်ပဲပြန်ဖြေနေပါတယ်။
ကျနော့်စိတ်ကို ဒုန်းဒုန်းချလိုက်ပါပြီ လုံးဝ(လုံးဝ)ပြန်မရနိုင်တော့ပါ။
ဖုန်းကလည်း မပျောက်ခင်ကတည်းက အားကုန်ကာနီးလေးပါ။ ဒါကြောင့်ချစ်သူဖုန်းနဲ့ msg တော့ပို့ထားလိုက်တယ် လုပ်ငန်းသုံးအရေးကြီးဖုန်းတွေရှိလို့ ရရင်ပြန်ပေးပါ ဒါလောက်ပါပဲ။
ဘာလို့လည်းဆိုတော့ ဖုန်းက တန်ဖိုးကိုမသိတဲ့သူတောင် မြင်ရင်သဘောကျလိုခြင်မိနိုင်တာဆိုတော့ လုံးဝ (လုံးဝ)ပြန်ရဖို့လမ်းမမြင်တော့ဘူးလေ။
" ပစ္စည်းပျောက်လို့စိတ်ညစ်ရင် နှစ်ခါဆုံးရှုံးတယ် " လေ။
ဒါကြောင့် ချစ်ရသူနှင့်အတူ မုန့်တွေလျှောက်စားတယ်။သူများတွေလည်းကျွေးတယ်။ပျော်ပျော်ပဲနေဖြစ်တယ်။
မိတ်ဆွေတွေနဲ့အတူ ဖုန်းပျောက်တာကို ဟာသလုပ်ပြောနေတုန်း ရုတ်တရက်
ချစ်သူရဲ့ဖုန်းကို msg ဝင်လာတယ် ကျနော့်ဖုန်းပါ။အံ့သြစွာနဲ့
ဖုန်းပြန်ခေါ်တော့ တဖက်က ဘယ်ကိုဖုန်းလာပေးရမလည်းတဲ့ ဝမ်းသာစိတ်
အားနာစိတ်တွေနဲ့ သူတို့ရှိရာ သာကေတကို သွားလိုက်ပါတယ်။ဟိုရောက်တော့
သူတို့ကပဲ ကျနော်တို့ကို ဧည့်ခံကျွေးမွေးပါတယ်။
ကျနော်
အရမ်းပျော်ရွှင်သွားတယ် " လူ့အကြောင်း ပေါင်းကြည့်မှသိ " တဲ့ ကျနော်ကတော့
ပေါင်းကြည့်စရာမလိုပဲ မိတ်ဆွေကောင်းရလိုက်တာပါ။ ကျနော်က
မွန်မြတ်တဲ့စိတ်ထားကို အနည်းငယ်မျှသောငွေသားဖြင့် ကန်တော့သောလည်း လက်မခံ
အတင်းပြန်ပေးပါတယ်။မနည်းကြီးတောင်းတောင်းပန်ပန်ပေးတော့ ဒီငွေကို အလှူလုပ်ပါ့မယ်တဲ့ ကျနော်လည်းကုသိုလ်ရတာပေါ့တဲ့။အိမ်ပြန်ရောက်တော့ ဖုန်းဝင်လာတယ် သောကြာနေ့ အလှူလုပ်ပါ့မယ် မလာနိုင်ရင်တောင် သာဓုခေါ်ပေးပါတဲ့ဗျာ
" မွန်မြတ်သော စိတ်နေစိတ်ထားရှိတဲ့ အန်ကယ်ဦးဇော်သန်း
ဇနီးဆရာမဒေါ်သန်းသန်းဝင်း တို့မိသားစုအား လေးစားဂုဏ်ယူစွာဖြင့်
ဓါတ်ပုံနှင့်တကွတင်ပြလိုက်ပါတယ် "
No comments:
Post a Comment