Saturday, June 8, 2013
အခုရက်ပိုင်းအတွင်းမလေးရှားရောက်မြန်မာများဖြစ်စဉ်သတင်းအတိုစလေးများဖတ်ရန်
အော်ပရာစီ မှာ အဖမ်းခံရတဲ့ မြန်မာတွေကို မြန်မာအစိုးရ အနေနဲ့ မလေးအစိုးရကို ဘယ်လို ညှိုနှိုင်းမှု လုပ်မလုပ်တော့ မသိဘူး။ ဘာကြောင့် အိုဗာစတေး ဖြစ်သလဲဆိုတာ လူတွေကြောင့် မဟုတ်ဘဲ 
 များသောအားဖြင့် အေးဂျင့်လူလိမ်ပွဲစားတွေကြောင့် ဖြစ်ပါတယ်။
အေးဂျင့်ခဏထား ။ မသိသော အဘများအတွက် သိသမျှလေး မျှဝေပါရစေ..........................
 .........
အော်ပရာစီ ဖမ်းထားသူများကို စာအုပ်အမှန်သမား ၊ UN အမှန်သမား ခွဲထုတ်ပါတယ်။ ပြီး ဘာအထောက်အထားမှ မရှိသူများကို ထောင် ၄ လသို့မဟုတ် ၆ လချမှတ်ပါတယ် ။ ထောင်မှ ထွက်ရင် အပြင်ရှိ ဆွေမျိုးသားချင်းများက လာရွေးပြီး လေယာဉ်လက်မှတ် ၀ယ်ပေးရပါတယ်။ အပြင်မှ ရွေးသူမရှိသူများ ထိုင်းဘက်ကို အဗွမ်းခံရပါတယ် ။ ဗွမ်းတယ်ဆိုတာ ပစ်လိုက်တာပါ။ အဲလိုပစ်တဲ့အခါ ထပ်ခွဲပါသေးတယ်။ ထိုင်းငါးဖမ်း စက်လှေများကို ၀ယ်မယ့်သူရှိရင် ရောင်းစားပါသေးတယ် ။ ဒီအချိန်မှာ ပါတ်သက်သူဆွေမျိုးသားချင်းများ ရှိပါက ငွေထုပ်ပိုက်ပြီး ထပ်ရွေးလို့ရပါသေးတယ် ။ ၀ယ်သူမရှိသူများ ၊ေ၇ွးသူမရှိသူများ ပစ်သတ်တာ ခံနိုင်ရပါကြောင်း မာဆတ် ၊ ကာရာအိုကေ ၊ ဖဲဝိုင်း များမှ မထသော ကိုသာဂိ သိစေရန် ရည်ရွယ်အသိပေးပါသည်။
*********************************************************
အခု အချိန်မှာ ပြန်လိုသော မြန်မာနိုင်ငံသားများ လေယာဉ်လက်မှတ် ၀ယ်ပြီး ပြန်ဆိုလျင် အုန်းအုန်းကျွတ်ပြန်ကြမှာပါ။ အခုပြန်ဖို့ဆိုရင် တရားမ၀င် အောက်လမ်းများလည်း ပိတ်ထားပါသည်။ အထက်လမ်းမှ ဘိုးတော်အပေါင်းအား ပေးကမ်းရမည့်ငွေမှာ လေယာဉ်လက်မှတ် အပါအ၀င် RM 1400 နှင့် 1500 ရှိသည့်အတွက် အသေခံပြီး နေရမလို ဖြစ်နေကြပါသည်။ ထို့ကြောင့် မြန်မာပြည်ဘက်ခြမ်းမှ မလေးရောက်သူများအတွက် လေယာဉ်လက်မှတ်ဖိုး သာကုန်ကျစေပြီး ပြန်လာခိုင်းဖို့ အစီအစဉ် နှင့် အဖမ်းခံရသူများအတွက် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို ကြံဆောင်သင့်ပါပြီ ။ ( ကျွန်မကြောက်လို့ မဟုတ်ပါ။ ကိုယ့်စာအုပ်ကိုယ်ကိုင်ပြီး အလုပ်လုပ်နေသူဖြစ်ပါသည်။ မောင်နှမအရင်း ၊ ၀မ်းကွဲများလည်း တယောက်မှ မလေးမှာ မရှိပါ။ အားလုံးရဲ့ကိုယ်စား တင်ပြနေခြင်းဖြစ်ပါသည်။ )
Credit to Khin Nyein Chan Oo (FB)  
------------------------------------------------------
"မလေးရှားနေသူများသိစေချင်ပါတယ်""
- ဒီကနေ့ officer တစ်ယောက်ရဲ့အဆိုအရ ဇွန် ၇- ၂၁ နှစ်ပတ်အတွင်း အော်ပရာစီ ရှိပါမယ်
- နိုင်ငံရေးခိုလုံခွင့် လျှောက်ထားသူများ သတိထား ပြီးသွားလာပြီးကဒ်ကိုကိုယ်နှင့်မကွာဆောင် ထားပါ ပါ ၊ သို့သော် အော်ပရာစီ တိုင်း၌ ယူအန်ဖက်က အိုပီအိုင် အရာရှိတစ်ယောက် အမြဲရှိပါမယ်၊
...
- အိုသမားများ ဖမ်းဆီးခံရတိုင်းသိတ်ကြောက်နေစရာမလိုပါ ယခင်နှစ်များအတွင်း နယ်စပ်ကို Buang သော်ညား လည်း ၂၀၁၂ ကစပြီး နယ်စပ်ကို Buang ရန်ကားစိစဉ်ထောက်ပံ့သော NGO များ မရှိတော့ပါ၊ (ယခင် Buang ခံရသူများကို ရဲမှ မည်သည့်အခါမျှ ကားစိစဉ်ပေးထားခြင်းမရှိခဲ့ ပါ ရဲတပ်ဖွဲ့မှပိုင်ဆိုင်သောကားများလည်းမဟုတ်ပါ)
- သင်သည် မြန်မာပြည်မှ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး တစ်ခုခုဖြင့်ဖမ်းဆီး ခံရမည်ကို စီုးရိမ်ကြောင်း ပြောပြနိုင်လျှင်သင့်ကို အတင်းအကြပ် ဖြင့် သင့်အား ပြန်မပို့ပါ
(ပြန်ပို့မည်ဆိုသော် မြန်မာသံရုံး၊ မလေး လဝက မှသင့်သဘောတူညီချက်ပါရှိပြီး သင်၏ ခရီးစရိတ် ကိုသင်ကိုယ်တိုင်စိုက်ထုတ်နိုင်လျှင် ပြန်လို ကပြန်လို့ရပါသည်၊ မြန်သံရုံးမှ ထိုကိစ အဝဝ အတွက် ရင်းဂစ် ၉၀၀ တောင်းယူနေကြောင်းလဲကြားသိရပါတယ်)
တရားဝင်အလုပ်လုပ်ကိုင်သူများ မြန်မာပြည်မှာဖြစ်နေတဲ့ဘာသာရေးပြသနာဟာမလေးရှားနိုင်ငံသားတွေစိတ်ဝင်စားမူ့လုံးဝမရှိသော ကြောင့် မလေးများ၏ ရန်မူခြင်းကိုခံရမည်မဟုတ်ပါ
မလေးရှားအတွင်း မြန်မာပြည်မှ ဗမာ ၁.၅ သိန်းဝင်းကျင် ချင်း တစ်သိန်းခန့်၊ မွန် ၅ သောင်းခန့်၊ ရိုဟင်ဂျာ ၇ သောင်းခန့်၊ ရခိုင် ၂ သောင်းခန့် ကရင် ၁ သောင်း တို့သည် ကိုယ့်အလုပ်ကိုလုပ် ကိုင်လိုကြသောကြောင့်တစ်ဦးနှင့်တစ်ဦး မည်သူမျှ ခိုက်ရန်ဖြစ်ပွားခြင်းကို မလုပ်လိုကြပါ (လူဦးရေစရင်း အနီးစပ်ဆုံးဖြင့်ခန့်မှန်းချက်သာ)
thutatuam
ရွှေမြန်မာမီဒီယာဂရု
No comments:
Post a Comment