Wednesday, June 12, 2013

ဆရာဝန်သက်တန့် ချိုပြောသော-မလေးရှားရောက်နေသောမြန်မာများအတွက်အားပေးလက်ဆောင်စကားပါ


 နောက်ဆုံးသိလိုက်ရတာ ၃ ခုရှိတယ်

- ကိုယ့်အားကိုယ်ကိုး

- ကိုယ့်ဦးနှောက်နဲ့ကိုယ် တွေးတောပြီးယုံ

- ကိုယ်ဘာလုပ်သင့်သလဲကိုယ့်ဘာသာဆုံးဖြတ်

တခုခုဆို အားကိုးရမယ့်သူမပေါ်လာခိုက် ကိုယ်သာလျှင်ကိုယ့် ပဲ့ကိုင်ရှင်ပါ


သမ္မတကြီး
ဒေါ်စု
၈၈ကျောင်းသားများ
အလှူရှင်များ စတာတွေထက်

ပြန်လာဖို့ OK တယ်ဆိုပြန်လာလိုက်ပါ ဒီမှာအလုပ်မရှားပါဘူး သိပ်ပြီးတော့လည်းမချမ်းသာနိုက်ပါဘူး ဒါပေမဲ့ စိတ်ချမ်းသာမယ် ကျီးလန့်စာစားမရှိဘူး စိတ်ထဲလုံခြုံနေမယ်

ပြန်လာဖို့ မ OK ဘူးဆိုရင် တတ်နိုက်သမျှ SILENT နေပါ
ထောင်ထောင် ထောင်ထောင် မလုပ်ပါနဲ့ မျက်စိဖွင့်နားစွင့်ပြီးလုံခြုံတဲ့နေရာမှာနေပါ . . ညနက်သန်းခေါင်မထွက်နဲ့ အရက်သေစာမသောက်နဲ့ ငွေကိုသာကျစ်ကျစိပါအောင်စုပါ တစ်ချိန် ငါ့အိပ်မက်တွေအောင်မြင်ရမယ်ဆိုတဲ့စိတ်ကို မွေးပါ တခုခုဆို အကူအညီတောင်းရမယ့်ဖုန်းနံပါတ်တွေကူးထားပါ ။

ငါတို့တစ်နိုင်ငံလုံးမင်းတို့နောက်မှာရှိပါတယ် ဘာကြောင့်လည်းဆိုတော့ မင်းလည်းမြန်မာ ငါတို့လည်းမြန်မာဖြစ်နေလို့ပဲ ။

သက်တန့်ချို

No comments:

Post a Comment