Monday, June 3, 2013

တို့ အားလုံးရဲ့ အဖေ

 

             သင်ဟာ လူ့လောကကို မရောက်ခင်ကတည်းက သင့်အတွက် စိတ်ကူးတွေနဲ့ မျှော်မှန်းပြီး ပျော်ရွှင်နေခဲ့သူဟာ သင့်ဖေဖေပါ။သင်ရောက်လာတဲ့အခါ အရိပ်တကြည့်ကြည့်နဲ့ သင့်ဘေးမှာ အချိန်ပြည့်မနေပေးနိုင်ခဲ့ပေမယ့် ချစ်မဝဖြစ်ခဲ့ရသူဟာ သင့်ဖေဖေပါ။

         တခါတလေ အလုပ်မှာ အဆင်မပြေဖြစ်လာခဲ့ပေမယ့် သင့်မျက်နှာလေး မြင်ရင် စိတ်ပင်ပန်းမှုတွေ ပျောက်သွားတတ်သူဟာ သင့်ဖေဖေပါ။စားဝတ်နေရေးအတွက် မနားမနေရုန်းကန်နေရတဲ့ သင့်ဖေဖေဟာ သင့်အပေါ်မှာ မေမေ့လောက် သင့်ကို မချစ်ပါဘူးလို့ တခါတလေ သင် တွေးကောင်းတွေးမိခဲ့ပါလိမ့်မယ်။


         တကယ်တော့ ဖေဖေဟာ သားသမီးအတွက် ယုယုယယ ချစ်စကားလေးတွေ အမူအရာလေးတွေနဲ့ သက်သေမပြနိုင်ခဲ့ပေမဲ့ တချိန်လုံးတွေးနေခဲ့တာ သင့်အကြောင်းတွေပါပဲ။သင့်ကိုငယ်ငယ်က ဖေဖေဟာ ဆူပူကြိမ်းမောင်း ရိုက်ဖူးခဲ့မယ်ဆိုရင်လည်း ဒါတွေဟာ သင် လိမ်မာရေးခြားရှိစေဖို့ စာရိတ္တကောင်းမွန်ဖို့အတွက်ပါ။


            တကယ်တော့ အဖေရဲ့ဘဝဟာ မိသားစုတစ်ခုလုံးအတွက်စတေးထားခဲ့သူပါ။သင့်ရဲ့အဖေ အသက်အရွယ်ကြီးလာခဲ့လို့ အိုမင်မစွမ်းဖြစ်လာခဲ့တဲ့အခါ သူအလိုရှိရာကို ဖြည့်ဆည်းပေးဖို့ ဝန်မလေးပါနဲ့။
သင့်ကို လူ့လောကအလယ်မှာ ဝံ့ဝံ့ထည်ထည် ရပ်တည်နိုင်အောင် ထောက်ပံ့မှုပေးခဲ့တဲ့ သူ့ကျေးဇူးကို မမေ့ပါနဲ့။


သင့်အဖေ ဘဝကူးကောင်းအောင် ထောက်ပံ့မှုပေးရမှာ သင့်တာဝန်တစ်ရပ်ပါပဲ။


( မှတ်ချက် ။ ။ ဖေဖေပီသသူ အားလုံးအတွက် ရင်နှင့်ရင်း၍ရေးပါသည်။ )


ဒီနေရာမှ ကူးယူမျှဝေပါသည်။

No comments:

Post a Comment