Thursday, June 6, 2013

     ပညာ

 
  • ပညာ ဆိုသည်မှာ ဗဟုသုတများစွာကို သိနားလည်ခြင်း ဆိုတဲ့အတိုင်း ပတ်ဝန်းကျင်မှ အရာအားလုံးကို လေ့လာသင်ယူပါ။
  • သို့ပေမယ့် မိမိကိုယ် အဆိပ်အတောက်ဖြစ်စေမယ့် ပတ်ဝန်းကျင်ကို ပျက်စီးစေမယ့် ပညာရပ်မျိုးကို ရှောင်ကြဉ်ပါ။
  • နိုင်ငံခြားဘာသာစကားများကို လေ့လာပါ။
  • နိုင်ငံခြားတွင် တစ်ကြိမ်တစ်ခါလောက် ပညာသင်နိုင်ရန် (သို့) အလုပ်လုပ်နိုင်ရန် ကြိုးစားပါ။(ဘာလို့အဲလိုပြောလဲ ဆိုတော့ မတူညီတဲ့လူမှုဆက်ဆံရေးနဲ့ မတူညီတဲ့ပညာရေးတွေကို သင်တွေ့ရှိမှာဖြစ်ပြီး ကွဲပြားခြားနားတဲ့ အတွေးအမြင်သစ်တွေကို ရရှိလာမှာဖြစ်လို့ပါ။)
  • မိမိ ဝါသနာပါသော ပညာရပ်များကို လေ့လာဆည်းပူးပါ။
  • အရာရာမှာ စူးစမ်းဆင်ခြင်လိုစိတ်ထားပါ။
  • မိမိ ပညာ၊ အတွေ့အကြုံ၊ အတွေးအခေါ်များကို အခြားသူများကို မျှဝေပါ။ သူတို့ထံမှ ပြန်လည်သင်ယူပါ။
  • ခေတ် နှင့် စနစ်ကို အပြစ်မတင်ပါနှင့်။ မိမိသည်သာ အဓိက ဖြစ်ကြောင်း သတိပြုပါ။ 
ကိုထွန်း  

ဒီနေရာမှ မျှဝေပါသည်

No comments:

Post a Comment