Friday, January 29, 2016

♪ Windows 10 ၏ Cortana က အီးမေးများမှ ကတိပေးထားမှုများကို သတိပေးမည် ♫


cortanaemailreminder-100639568-large
Windows 10 တွင် ထည့်သွင်းပေးထားသော Microsoft ၏ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana က အသုံးပြုသူ၏ အီးမေးများမှ ကတိပေးထားမှုများကို စစ်ဆေးနိုင်ပြီး သတိပေးနိုင်တော့မည်ဖြစ် သည်။ နောက်ဆုံးထုတ် Windows 10 Insider Build တွင် အဆိုပါ စွမ်းဆောင်ချက်ကို ထည့်သွင်း ထားပါသည်။

ဥပမာအားဖြင့် အသုံးပြုသူက ညနေရုံးဆင်းလျှင် အစီရင်ခံစာ ပေးပို့မည်ဟု အီးမေးတွင် ရေးသားထားလျှင် Cortana က ညနေရောက်လျှင် သတိပေးမည်ဖြစ်သည်။ The Verge ၏ ညွှန်ပြချက်အရ ယခုစွမ်းဆောင်ချက်သည် အလိုအလျှောက် အလုပ်လုပ်သည်ဆိုသော်လည်း အသုံးပြုသူက Cortana ၏ Menu တွင် Reminder သတ်မှတ်ရန် ခလုတ်တစ်ခုနှိပ်ရမည်ဖြစ်သည်။

Microsoft က အီးမေး ဒေတာများကို မသိမ်းဆည်းဟု ကတိပေးထားပါသည်။ အီးမေး အသိပေးမှုအပြင် Cortana က ကလင်ဒါ ချိန်းဆိုမှုများအတွက်လည်း ပိုမိုစွမ်းဆောင်နိုင်လာပြီဖြစ်သည်။ အစည်းအဝေး ချိန်းဆိုမှုများ လက်ခံရရှိလျှင် Cortana က သတိပေးမည်ဖြစ်သည်။

Email Reminders ကို Windows 10 Insider အဖွဲ့ဝင်ထားသူများက အမေရိကန်တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ကလင်ဒါ အသိပေးမှုများကို အမေရိကန်နှင့် ဗြိတိန်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ စွမ်းဆောင်ချက်အသစ်များကို မကြာမီတွင် Windows 10 အားလုံးတွင် ထည့်သွင်းပေးမည်ဖြစ်ပြီး iOS နှင့် Android အတွက်လည်း တီထွင်နေပါသည်။

Credit to ==> Myanmar Digital Life Journal
 
 
 

No comments:

Post a Comment