Sunday, January 31, 2016

iPhone 7 နဲ့ iOS 10


iPhone-7-iOS-10-concept
လတ်တလောမှာ လူစိတ်ဝင်စားမှု အရမ်းများနေတဲ့ iPhone 7 ဟာ ဒီဇိုင်းအသစ်အဆန်းများ feature အသစ်အဆန်းများနဲ့ ထွက်ပေါ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲ့ဒီအတွက်လည်း iPhone 7 ကိုခန့်မှန်းကာဓါတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေအမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။
iPhone 7 မှာ သတ္တုဘောင်ကွတ် လုံးဝပါဝင်တော့မှာမဟုတ်သလို Home Button လည်း မြင်တွေ့ရမှာမဟုတ်ပါဘူး။ iPhone 7 မှာ အသုံးပြုမဲ့ iOS 10 ရဲ့  feature အချို့ကလည်း  Screen  Display ကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့ အနေအထားတစ်ခုအထိ မြင်တွေ့ရနိုင်ပါတယ်။ iPhone-tricks.com ဝက်ဘ်ဆိုဒ်တစ်ခုရဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ခြင်းအားဖြင့် Touch ID နဲ့  Home Button တို့ကို  Screen မျက်နှာပြင်မှာ ပေါင်းစပ် ဖန်တီးထားပြီး နိုဝင်ဘာလတုန်းက ကြားသိခဲ့ရတဲ့ သတ္တုဘောင် မပါဝင်တဲ့ iPhone 7 ရဲ့  ခန့်မှန်းအယူအဆများနဲ့တူညီနေပါတယ်။
iPhone 7 မှာတော့ iPhone 6s တုန်းက ထည့်သွင်းပေးထားတဲ့ 3D touch ကို ပိုပြီး အသုံးပြုထားတာတွေ့ရနိုင်ပါတယ်။ Application icon တစ်ခုချင်းစီကို Home screen မှာတင်  အကြီးချဲ့ နိုင်ပြီး  Home Screen ကို  မိမိစိတ်ကြိုက် စီမံပြုလုပ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ Home button နဲ့  touch ID ပါ။ Home button ဟာ အရင်ကလို ခလုတ်ပုံစံမျိုးမဟုတ်တော့ပဲ Screen Display နဲ့ တစ်ပြေးညီ ဖန်တီးထားပါတယ်။ ဒါ့အပြင် Home Button မှာတင် မိမိလတ်တလေ အသုံးပြုပြီးထားတဲ့ application များကို ဖော်ပြပေးမှာဖြစ်ပါတယ်။ 
 Screen display ကို လက်နှစ်ချက်နဲ့ အသာ တို့လိုက်တဲ့ Screen ပွင့်လာခြင်း ၊ ပိတ်သွားခြင်းများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါတွေအားလုံးကတော့ Iphone Trick ရဲ့ ခန့်မှန်းချက်များ ဖန်တီးထားတဲ့ iPhone 7 နဲ့  iOS 10 တို့ရဲ့  စိတ်ကူးပုံဖော်မှုများဖြစ်ပါတယ်။
Ref : Hacks
Aung Ko Htet (MMA)











No comments:

Post a Comment