S4 SGH-I337M ဖုန်းအတွက် ဗားရှင်း Android 5.0.1 Root လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းအတွက်လည်း အသင့်ထွက်ရှိထားတဲ့
သူ့ရဲ့ Auto Root ဖိုင်ဖြင့် Odin နေအလွယ်တကူ Flash ပေးပြီး Root လုပ်ယူနိုင်ပါတယ်။
CF-Auto-Root ဖြင့် Root လုပ်နည်း
======================
USB Debugging Mode ကို ဖွင့်ထားလိုက်ပါ
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ Root Access ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
No comments:
Post a Comment