Saturday, January 30, 2016

♪ Android Phone အချို့နဲ့ System update error ♫


iStock_000030704750Small-590x230
Android Phone တစ်ချို့မှာ User တွေအနေနဲ့ version upgrade လုပ်ချင်လို့ system ထဲမှာပါတဲ့ online update ကနေ upgrade လုပ်ကြတဲ့အခါမှာ user တော်တော်များများအနေနဲ့ Download လုပ်တာလုပ်လို့ ရပြီး install လုပ်ကြတဲ့အခါမှာ ဘာလို့မရတာလဲလို့မေးလာကြတာတွေများလာပါတယ်။

အချို့ user တွေတော်တော်များများ ကတော့ဒီ error လေးကိုသိရှိပြီးသားဖြစ်ကောင်းဖြစ်ပါမယ်။ ဒါပေမဲ့ မေးလာတဲ့ user တွေအတွက် ကျတော်တင်ပြပေးလိုက်ပါတယ်။ အဲလိုဖြစ်ရတဲ့အကြောင်းအရင်း ကတော့ဖုန်းမှာ ROOT ပြုလုပ်ထားလို့ပဲဖြစ်ပါတယ်။ ဒီအခြေအနေကိုမသိတဲ့ user တော်တော်များများက ဖုန်းကနေ update ပြုလုပ်ရန်ပေးထားတာကို Download လုပ်လိုက်ကြရော ပြီးမှ install လုပ်တဲ့အခြေအနေမှာ ကိုယ့်ဖုန်းမှာ Root permission ရှိနေတော့ install လုပ်ခွင့်မရကြတဲ့အခါ Download ရယူထားတဲ့ internet အသုံးပြုခတွေ ဆုံးရှူံးကြရပါတယ်။ ဒါကြောင့် ဖုန်းကနေ system update ပေးတဲ့အခါ update ပြုလုပ်ချင်တယ်ဆိုရင်တော့အရင်ဆုံး ကိုယ့်ဖုန်း ROOT ပြုလုပ်ထားလား ဆိုတာကိုအရင်စစ်ဆေးကြပါလို့ အကြံပြုချင်ပါတယ်။

အဲလို ROOT ပြုလုပ်ထားတဲ့အတွက်ကြောင့် ဖုန်းကို upgrade လုပ်လို့မရတော့ဘူးလား လို့ မေးလာကြပါသေးတယ်။

အဲလို ROOT ပြုလုပ်ထားတယ်ဆိုရင်တော့ ဖုန်းကို upgrade ပြုလုပ်လိုပါက online ကနေ version အသစ် Firmware ဖိုင်ကို Download ရယူပြီး Firmware နဲ့ကိုက်ညီရာ Tool နဲ့ upgrade ပြုလုပ်နိုင်ပါတယ်။ ဥပမာ – Samsung ဆိုရင် Odin tool / Sony ဆိုရင် Flashtool ဒီသဘောမျိုးပါ။

Remark >>> မသိသေးသူများအတွက် အကြံပြုပေးထားခြင်းဖြစ်ပါတယ်။

အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )
 
 
 

No comments:

Post a Comment