Thursday, January 21, 2016

Samsung Galaxy Alpha ဖုန်းကို TWRP Recovery ထည့်သွင်းနည်း


Samsung Galaxy Alpha ဖုန်းကို TWRP Recovery ထည့်သွင်းချင်တဲ့
ညီအစ်ကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သင့်ဖုန်းမှာ Stock Rom ကိုအသုံးမပြုလိုတော့တဲ့အခါ Custom Rom လေးကို
တင်ပြီးအသုံးပြုချင်တယ်ဆိုရင်တော့ Install Rom SD လုပ်လို့ရအောင်
TWRP Recovery တော့ထည့်သွင်းထားရမှာပဲဖြစ်ပါတယ်။
TWRP တင်ရန်အတွက်လိုအပ်တာတွေကိုရယူပါ

Click Here to Download Odin

Download Here USB Driver
TWRP Recovery ထည့်သွင်းနည်း
=====================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ TWRP Recovery ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 
 

No comments:

Post a Comment