Friday, January 29, 2016

တစ်ချက်ကလစ်ရုံနဲ့တင် Reboot, Recovery, Bootloader, Power Off လုပ်နိုင်တဲ့ ဆော့ဝဲ-Quick Boot app


ဖုန်းကလစ်သူများအတွက် Quick Boot app လေးကို
ပြန်လည်တင်ပေးလိုက်ပါတယ်၊ အရင်တင်ပေးထားတဲ့
ဒေါင်းလော့လင့်က အဆင်မပြေဖြစ်နေတော့ 
Play Store ကိုထပ်မံညွှန်ပေးထားပါတယ်။
ဒီကောင်လေးကိုတော့ အသုံးပြုဖူးတဲ့သူတိုင်း
နာမည်လေးကိုမြင်တာနဲ့ ဘာဆိုတာကိုသဘောပေါက်ကြမှာပါ


ဒီဆော့ဝဲလေးကို ဖုန်းမှာ အင်စတောလုပ်ထားပြီး
One Click နဲ့တင် Reboot, Recovery, Bootloader, Power Off
အလွယ်တကူ လုပ်ယူနိုင်မှာဖြစ်ပါတယ်။
အထူးပြောချင်တာလေးကတော့ ဒီဆော့ဝဲလေးကို
မိမိဖုန်းမှာ အသုံးပြု ဖို့ရန်အတွက်ကတော့ ဖုန်းဟာ
Root Access ရှိထားပြီးသား ဖုန်းတစ်လုံးဖြစ်ရပါမယ်၊
ဖုန်းကလစ်သူနဲ့ Service သများအနေဖြင့် လုံးဝဆောင်ထားသင့်တဲ့
စပါယ်ရှယ် ဆော့ဝဲကောင်းဖြစ်ပါကြောင်းခင်ဗျာ...
How to Use
========
ပထမဆုံး App ကို ဒေါင်းလော့ရယူလိုက်ပါ
ဖုန်းမှာ Unknown Source ကိုအမှန်ခြစ်ပေးပြီး
Install ပြုလုပ်လိုက်ပါ ပြီးရင် App ကိုပြီးဖွင့်လိုက်ပါ
Reboot, Recovery, Bootloader, Power Off
ဆိုပြီး options လေးခုပါဝင်ပါတယ်၊ မိမိအတွက်
အသုံးပြုလိုတဲ့ Option ကိုတစ်ချက်နှိပ်ပြီးဝင်လိုက်ရုံပါပဲ
တကယ်လို့ 'Recovery' Option ဆိုရင်လည်း Recovery ဆိုတာကို
တစ်ချက်နှိပ်လိုက်ပါ ဖုန်းက သူ့အလိုလို Reboot ကျသွားပါလိမ့်မယ်။
တစ်ခြား Option တွေလည်းနည်းတူပါပဲ အသုံးပြုလိုတာကို
တစ်ချက်နှိပ်ပေးပြီး အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Recovery mode မှထွက်ခြင်း
=================
တကယ်လို့ မိမိဖုန်းအတွက် 'Recovery Mode' ကို
နှိပ်လိုက်ပြီး Recovery mode သို့ရောက်သွားတဲ့အခါ
ပြန်လည် ထွက်လိုပါက volume up or down ကီးတစ်ခုခုကိုနှိပ်ထားပြီး
‘reboot system now’ ပေါ်လာတဲ့အခါ ပါဝါကီးကိုနှိပ်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ) 

No comments:

Post a Comment