Galaxy S6 Edge SC-04G DoCoMo ဖုန်း ဗားရှင်း Android 5.0.2 ကို Root လုပ်နည်းကို
တောင်းဆိုထားတဲ့ညီအစ်ကိုတွေအတွက် တင်ပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် CF-auto Root ဖိုင်ထွက်လာတော့ ပိုအဆင်ပြေသွားတာပေါ့
Odin ကနေ အလွယ်တကူ Flash ပေးပြီး Root ဖောက်ယူနိုင်ပြီဖြစ်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ သင့်ဖုန်းမှာ bootloader ကိုတော့ Unlock လုပ်ထားပြီးသား
ဖြစ်နေရပါမယ် အဲဒါမှ Cf-Root Tool ဖြင့် Root လုပ်နိုင်မှာပဲဖြစ်ပါတယ်။
Root ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
Click Here to Download Odin
Samsung USB Driver for Windows
Download Here Galaxy S6 Edge SC-04G Rooting File
CF-Auto-Root ဖြင့် Root လုပ်နည်း
====================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ Root Access ရရှိနေပါပြီ။
တကယ်လို့ Root ပြုလုပ်ရာတွင် အဆင်မပြေဖြစ်နေခဲ့ပါက
Odin ဗားရှင်းကိုပြောင်းပြီးပြုလုပ်ကြည့်လိုက်ပါ ဒီဖုန်းအတွက်
Odin 3.07 ကပိုအဆင်ပြေပါတယ် အဆင်မပြေခဲ့ရင်တော့
Odin 3.09 or the Odin 3.10 ကို ပြောင်းပြီး လုပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
No comments:
Post a Comment