Sunday, January 17, 2016

♪ Android ဖုန်းတချို့မှာ Zapya နဲ့ video / photo တွေကူးပြီးရင် Gallery application / Videos application တို့ကနေပြန်ကြည့်ရင် မပေါ်လို့စိတ်ညစ်နေသူများအတွက် အလွယ်ကူဆုံးဖြေရှင်းနည်း ♫


zapya-for-android

Android ဖုန်းတချို့မှာ Zapya နဲ့ video file တို့ photo တို့ကိုကူးယူပြီး zapya ထဲကနေပြန်ကြည့် လို့ရပေမဲ့ Gallery apk တို့ Videos apk တို့မှာ မပေါ်လို့စိတ်ညစ်နေသူများအတွက် အလွယ်ကူဆုံးဖြေရျင်းနည်းလေးကို အကြံပြုပေးလိုက်ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုရင်တော့ ဒါပာာ zapya apk နဲ့ internal memory များများပါဝင်တဲ့အချို့ဖုန်းများရဲ့ zapya storage location မှာ အဆင်မပြေမှု့ပဲဖြစ်ပါတယ်။ ဒါကိုဘယ်လိုလုပ်ရမလဲဆိုရင် zapya apk ထဲက setting ဆိုတဲ့နေရာ ကနေတစ်ဆင့် location storage ကို ပြောင်းပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။

samsung တို့ sony တို့ အချို့ model များမှာ zapya apk ကိုစတင်အသုံးပြုရန် install လုပ်လိုက်ပြီဆိုတာနဲ့ zapya နဲ့ ဖုန်းအချင်းချင်း vodeo / photo တို့ကို ကူးယူမယ်ဆိုရင် zapya ရဲ့ ဖိုင်သိမ်းဆည်းခြင်းလုပ်ဆောင်မှု့ပာာ SD Card ထဲမှာသွားရောက်လုပ်ဆောင်ပါတယ်။ အဲဒီလို SD Card ထဲမှာသွားရောက် သိမ်းဆည်းပေးပေမဲ့ SD Card ထဲက Zapya Folder ထဲမှာသွားရောက်ပြီးသိမ်းဆည်းတာ မပပာုတ်ပါဘူး။ အဲဒါကြောင့်လဲ Gallery apk တို့ Videos apk တို့မှာသွားရောက်အလုပ်လုပ်နိုင်ရန် support မပေးနိုင်တာဖြစ်ပါတယ်။

ဘယ်နေရာမှာ သွားရောက်ပြီး ဖိုင်တွေကိုသိမ်းဆည်းပေးလဲဆိုရင်တော့ Filemanager ထဲကိုဝင်လိုက်ပါ။ SD Card location ထဲက com.dewmobile.kuaiya Folder ထဲက data folder ထဲမှာ zapya folder ထဲမှာ သွားရောက်သိမ်းဆည်းပေးထားလို့ ဖြစ်ပါတယ်။ အဲဒီလိုကျတော့ ကျတော်ပြောခဲ့တဲ့လမ်းကြောင်း ထဲကိုသွားပြီး ကူးထားတာတွေကိုပြန်လည်ကူးယူပြီး SD Card ထဲမှာ Folder တစ်ခုအနေနဲ့ဆောက်ပြီး ထားလိုက်ရင်တော့ Gallery apk တို့ Videos apk တို့မှာအဆင်ပြေပြေအသုံးပြုနိုင်ပါပြီ။

နောက်ထပ်နည်းလမ်းတစ်ခုအနေနဲ့လဲပြုလုပ်နိုင်ပါသေးတယ်။ ကျတော်တို့ Zapya apk ထဲက setting ထဲမှာရှိတဲ့ Storage location ကို Internal လို့ရွေးပေးလိုက်ရင်တော့ Gallery apk တို့ Videos apk တို့ထဲမှာ အဆင်ပြေပြေမြင်ရပါပြီ။ သူကတော့ SD Card ထဲမှာလို com.dewmobile.kuaiya ဆိုတဲ့ Folder ထဲမှာသွားရောက်သိမ်းဆည်းမှာမပာုတ်ပဲ Internal Storage ထဲက Zapya Folder ထဲမှာပဲတိုက်ရိုက်သိမ်းဆည်းပေးတာဖြစ်တာကြောင့် Gallery apk တို့ Videos apk တို့မှာတစ်ခါထဲ သွားပြီး အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ Internal Storage ထဲမှာသိမ်းဆည်းတာကို ဖုန်းအသုံးပြုသူတော်တော်များများက ကြိုက်နှစ်သက်မှု့မရှိပါဘူး။ ဒါပေမဲ့ဒီနည်းလမ်းလေးကတော့ အဆင်ပြေဆုံးဖြစ်ပါတယ်။ ကူးယူတဲ့ဖိုင်တွေများလာရင်တော့ SD Card ထဲကိုပြန်လည်ကူးပြောင်းပြီး သိမ်းဆည်းထားရမှာပေါ့နော် ��

Android User များအတွက် Zapya နဲ့ပတ်သတ်ပြီးကျတော်ပြောပြခဲ့သလို File Transfer ပြုလုပ်ခြင်းနဲ့ပတ်သတ်ပြီး စိတ်ညစ်နေရရင်ဖြေရှင်းနိုင်ရန် အကြံပြုပေးထားခြင်းဖြစ်တာကြောင့် အခြားအဆင်ပြေစွာသုံးစွဲနိုင်တဲ့ နည်းလမ်းများရှိခဲ့ရင်တော့ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ် ခင်ဗျာ။


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )
 
 
 

2 comments: