Galaxy S3 Neo GT-I9301I ဖုန်းဗားရှင်း 4.4.2 Root လုပ်နည်းကို
ပြန်လည်တင်ပေးလိုက်ပါတယ်၊ အလိုရှိတဲ့သူတွေအတွက် အသင့်
လေ့လာလို့ရအောင်ပေါ့ ဒီဖုန်းအတွက်လည်း Auto Root ဖိုင်ဖြင့်
odin ကနေပဲ Flash ပေးပြီး Root လုပ်ပေးရမှာပါ။
CF-Auto-Root ဖြင့် Root လုပ်နည်း
======================
USB Debugging Mode ကို ဖွင့်ထားလိုက်ပါ
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ Root Access ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
No comments:
Post a Comment