Friday, January 22, 2016

“Unfortunately WhatsApp Has Stopped” ကိုဖြေရှင်းနည်း

 

 


ဟိုတစ်နေ့က ဘော်ဒါတစ်ယောက် စကားစပ်မိရင်းပြောဖြစ်တဲ့
စကားချပ်လေးကို သတိရမိတာနဲ့ ဒါလေးကိုပြန်တင်ပေးလိုက်ပါတယ်။

သူက ဒီ WhatsApp ကိုအသုံးပြုနေတာကြပါပြီ အခုကျမှ
“Unfortunately WhatsApp Has Stopped” ဆိုပြီး တက်လာလို့
ဒုက္ခရောက်နေတာ တစ်ချက်လောက် ကြည့်ပေးပါဦးဆိုပြီး သူ့ဖုန်းကို
ပေးလာပါတယ်၊ ချက်ချင်းပဲ ကျနော် လုပ်ပေးလိုက်ပါတယ်၊


ဒါလည်းကျနော်က WhatsApp ကြီးကို ၂၀၁၂ ခုကတည်းက အခုချိန်အထိ
အသုံးပြုနေဆဲ အသုံးပြုလို့ကောင်းနေဆဲမို့ ဒီ App နဲ့ပတ်သက်လို့ Error များကို
ဖြေရှင်းတတ်နေတာပဲ ဖြစ်ပါတယ်။

ပြသနာကိုဖြေရှင်းနည်းကို မပြောခင် WhatsApp ဆိုတာကိုနည်းနည်းပြောကြည့်ရအောင်ပါ
သူ့ရဲ့ သမိုင်းကြောင်းကိုတော့ ထားလိုက်ပါ Social app တစ်ခုအနေဖြင့်ပြောရရင်တော့
WhatsApp ဆိုတာ cross-platform အပေါ်မှာ ရေးဆွဲထားတာမို့
mobile messaging app မျိုးဖြစ်ပါတယ်။

 SMS အတွက် အခကြေးငွေ ပေးစရာမလိုပဲ လိုင်းလေးအသင့်အတင့်ရှိနေရုံဖြင့်
Croup Chats, Message, Photos, Videos, Audio, Voice Call & Share locations
စတာတွေကို အဆင်ပြေဆုံး App တစ်ခုအဖြစ် အခိုင်အမာရပ်တည်နေတဲ့
Socail Media app တစ်မျိုးဖြစ်ပါတယ်။

WhatsApp ရဲ့တာထွက် Android သီးသန့်ဖြင့် ထွက်ရှိလာခဲ့ပေမယ့်လည်း
ဒီနေ့အရောက်မှာတော့ သူ့ရဲ့ စွမ်းဆောင်နိုင်မှုဟာ iPhone, BlackBerry,
Android, Windows Phone and Nokia များအတွက်
ဗားရှင်းအစုံထွက်ရှိထားပြီးလည်းဖြစ်ပါတယ်။

WhatsApp ကိုတော့ Viber ထက်အကြိုက်တွေ့မိပါသေးတယ်
Viber ကလိုင်းဆွဲအား တော်ရုံကောင်းပါမှ တစ်ဖက်နဲ့တစ်ဖက်
စကားပြော Video call အဆင်ပြေတာပါ၊

ဒီ App ကတော့ Video call မရပေမယ့် Message & Voice call အတွက်ကတော့
လိုင်းအသင့်အတင့်ရှိနေရုံဖြင့် အဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။

ဒီ App ကိုတော့ ချစ်သူစုံတွဲများအနေဖြင့် ဆောင်ထားသင့်တဲ့ဆော့ဝဲ
ဖြစ်မယ်လို့ထင်ပါတယ်၊ ဖုန်းမှာ install ပြုလုပ်ရတာလည်းမခက်ပါ။

တကယ်လို့သင့်ဖုန်းမှာ အသုံးပြုနေရင်းကတေ ဒီ App နဲ့ပတ်သက်လို့
“Unfortunately WhatsApp Has Stopped” ဆိုပြီးပြသနာတက်လာခဲ့ရင်တော့
အောက်ပါနည်းလမ်းအတိုင်း အလွယ်တကူဖြေရှင်းပေးနိုင်ပါတယ်။

www.whatsapp.com

OR

Download Here WhatsApp From Store
“Unfortunately WhatsApp Has Stopped” ကိုဖြေရှင်းနည်း
================================
“Unfortunately, the app has stopped” error ကိုဖြေရှင်းနိုင်မယ့်
နည်းလမ်းတစ်ခုကတော့ Clear Cache ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

အခက်ကြီးတော့မဟုတ်ပါ တစ်ခါလောက်လုပ်ဖူးသွားရင်တော့ ဒီလိုပြသနာ
ကြုံလာတိုင်း ဒီနည်းလမ်းအတိုင်းအလွယ်တကူဖြေရှင်းပေးနိုင်မှာပဲဖြစ်ပါတယ်။

၁။ Settings > Applications > Manage Applications ကိုသွားလိုက်ပါ။
၂။ All ဆိုတာကိုဆက်နှိပ်သွားလိုက်ပါ။
၃။ အဆင်မပြေဖြစ်နေတဲ့ WhatsApp ကိုတစ်ချက်နှိပ်လိုက်ပါ။
၎။ “Clear Data and Clear Cache” ကိုတစ်ခုချင်းစီကိုနှိပ်ပေးလိုက်ပါ။
၅။ ပြီးရင် ဖုန်းကို Restart ချပေးလိုက်ပါ။
၆။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ WhatsApp နဲ့ပတ်သက်ပြီး
ဘာပြသနာ ပြစ်ချက်မှ မရှိနေတော့ပါ အသင့်သုံးဖြစ်နေပါပြီ။


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 
 

No comments:

Post a Comment